သံတွဲတွင် ကားတိမ်းမှောက်၍ လူ ၈ ဦး သေဆုံး

သံတွဲတွင် ကားတိမ်းမှောက်၍ လူ ၈ ဦး သေဆုံး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် သံတွဲတွင် ယနေ့ မော်တော်ကား တစ်စီး မတော်တဆ တိမ်းမှောက်၍ လူ ၈ ဦး သေဆုံး သွားကြောင်း သတင်း ရရှိသည်။

thandwe_signboard

သေဆုံးသွားသူများထဲတွင် ကလေး ၂ ဦး၊ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား တစ်ဦး ဖြစ်ကြောင်း သံတွဲရဲက အတည်ပြု ပြောကြားသည်။

မ ၅ ဦး၊ ကျား ၁ ဦး၊ ကလေး ၂ ဦး စုစုပေါင်း ၈ ဦးဆုံးသွားပါတယ်။ ဒဏ်ရာ ရပြီး သံတွဲ ဆေးရုံကို ရောက်တာက ၃ ဦးဖြစ်ပါတယ်။ ဖြစ်တာက သံတွဲ-တောင်ကုတ်လမ်း ရွှေလှေအထက် နပင်းဆိုတဲ့ နေရာမှာ ဖြစ်ပါတယ်” ဟု တာဝန်ရှိရဲအရာရှိက ပြောသည်။

ယနေ့  (ဇွန်လ ၁ ရက်) နေ့ ညနေ ၃ နာရီတွင် သံတွဲမှ တောင်ကုတ်သို့ ထွက်ခွာလာစဉ် အဆိုပါ လိုင်းကား နပင်း ကျေးရွာ အနီးတွင် တိမ်းမှောက်သွား ခြင်း ဖြစ်သည်။

“ ဘာကြောင့် တိမ်းမှောက်တယ်ဆိုတာ မသိရသေးဘူးဗျ။ ကျွန်တော်တို့ဆီက အထက်အရာရှိတွေ အဲဒီနေရာကို လိုက်သွားတုန်းဘဲ ရှိတယ်။ ပြန်ရောက်မှဘဲ သိရမှာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ဆေးစာရေးပေးနေတုန်း ဖြစ်၍ သေဆုံးသူများ အမည်နှင့် နေရပ်လိပ်စာကိုလည်း မသိရှိရသေးကြောင်း သူက ပြောသည်။ တစ်ချို့ ဒဏ်ရာ ရသူများအား ရွှေလှေ ဆေးရုံတွင် တင်ထားရကြောင်း သိရသည်။

ယခု ကားမတော် တဆဖြစ်ပြီး လူ ၈ ဦး သေဆုံးမူမှာ သံတွဲ-တောင်ကုတ်လမ်းတွင် အဆိုးရွားဆုံး ကား မတော်တဆမူ ဖြစ်ကြောင်း သိရသည်။

Most read this week