ကျောက်ဖြူ နဂါးကျောင်းမြေကို သိိမ်းက ဆန္ဒပြမည်

ကျောက်ဖြူ နဂါးကျောင်းမြေကို သိိမ်းက ဆန္ဒပြမည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ယမန်နေ့က ပြုလုပ်သော အစည်းအဝေး တစ်ခုတွင် နဂါးကျောင်းမြေကို အာဏာပိုင််များ သိမ်းပါက ၀ိုင်းဝန်း ကန့်ကွက် ဆန္ဒပြရန် သဘောတူညီမူ ရရှိခဲ့ကြသည်ဟု သတင်း ရရှိသည်။

Monastery-in-Kyauk-Pru

ဧပြီလ ၂၅ ရက်နေ့ ညနေ ၄ နာရီမှ ၆ နာရီကျော်ထိ ကျောက်ဖြူမြို့ နဂါးကျောင်းတွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ဒေသခံ လူကြီးများက ထိုသို့ သဘောတူခဲ့ကြောင်း တက်ရောက်ခဲ့သူ လူကြီး တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

" အမှတ် (၂) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနက ကျောက်ဖြူမြို့ပေါ်ရှိတဲ့ အများပြည်သူတွေ အသုံးပြုနေတဲ့ နဂါးကျောင်းရှေ့က ကွင်းပြင်ကို တိုင်းတာပြီး အခု တိုင်တွေ စိုက်ထားပါတယ်။ လျှပ်စစ် ဓါတ်အားခွဲ စက်ရုံများ တည်ဆောက်မယ်လို့ သိရပါတယ်။ အခုလို အများပြည်သူတွေ အသုံးပြုနေတဲ့ လူနေရပ်ကွက်ထဲက ကွင်းပြင် တစ်ခုကို သိမ်းယူပြီး ဓါတ်အားခွဲ စက်ရုံတွေ တည်ဆောက်မယ့် အစီအအစဉ်နဲ့ ပတ်သက်ပြီး မနေ့က မြို့ခံ လူကြီးတွေ အစည်းအဝေး လုပ်ခဲ့ပါတယ်။ ဒီကွင်းပြင်ကို ခုလို အစိုးရက သိမ်းပြီး ဓါတ်အားခွဲ စက်ရုံတည် ဆောက်မှာကို ဘယ်သူမှ မလိုလားပါဘူး။ အားနဲ့ သိမ်းပြီး လုပ်လာမယ်ဆိုရင်တော့ ၀ိုင်းဝန်း ဆန္ဒပြကြဖို့ အစည်းအဝေးမှာ သဘောတူညီမူ ရရှိခဲ့ပါတယ်" ဟု ပြောသည်။

အစည်းအဝေးသို့ နဂါးကျောင်း ဆရာတော်ကြီး အပါအဝင် မြို့ခံ လူကြီး ၂၀ ကျော်တက်ရောက်ခဲ့ကြပြီး အဆိုပါ ကွင်းပြင်၍ ဓါတ်အားခွဲ စက်ရုံ တည် ဆောက်ရန်မှာ မသင့်တော်ကြောင်း တက်ရောက်သူများက တညီ တညွှတ်တည်း ဆုံးဖြတ်ခဲ့ကြသည်ဟု သူက ဆိုသည်။

" ဒီကွင််းပြင်ဟာ နဂါးကျောင်းမှာ ပြုလုပ်တဲ့ ကထိန်ပွဲတွေကို နှစ်စဉ် ပြုလုပ်နေတဲ့ ကွင်းပြင် ဖြစ်သလို ရပ်ကွက်သူ ရပ်ကွက်သားတွေ ပျော်ပွဲ ရွှင်ပွဲ လုပ်နေတဲ့ ကွင်းဖြစ်ပါတယ်။ ပီးရင် လူနေရပ်ကွက်နဲ့ အရမ်းနီးပြီး ဒီကွင်းပြင်မှာ ဓါတ်အားခွဲ စက်ရုံ တည်ဆောက်ရင် အရာရှိ ရက်ကွပ်က အိမ်ပေါင်း ၈၀ ကို ထိခိုက်နိုင်ပါတယ်။ မတော်တဆ ထရန်စဖိုမာတွေ ပေါက်ကွဲရင်လည်း မြို့ကို ထိခိုက်နိုင်တဲ့ အတွက် ဒီဓါတ်အားခွဲ စက်ရုံကို မြို့ထဲမှာ မတည်ဆောက်သင့်ဘူး။ မြိုပြင်မှာဘဲ တည်ဆောက်သင့်တယ် လိို့ တက်ရောက်သူတွေက တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

ယခုကဲ့သို့ နဂါးဘုန်းတော်ကြီးကျောင်းရှေ့ ကွင်းပြင်တွင် ဓါတ်အားခွဲ စက်ရုံ တည်ဆောက်ရန် စီစဉ်နေ ကြောင်းကို ကျောက်ဖြူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်ထံသို့လည်း မြို့လူထုကအကြောင်း ကြားထားပြီး ဦးဘရှင်မှလည်း ဓါတ်အားခွဲ စက်ရုံ တည်ဆောက်မည်ကို သဘော မတူ ကြောင်း ထုတ်ဖေါ် ပြောကြားသည်ဟု သိရသည်။

နဂါးကျောင်းရှေ့ရှိ ကွင်းပြင်ကို လျှပ်စစ် စွမ်းအား အမှတ် (၂) ဒုဝန်ကြီး လွန်ခဲ့သော အပတ်က ရောက်ရှိစဉ် ခရိုင်၊ မြို့နယ် အဆင့် တာဝန်ရှိသူများ လာရောက် စစ်ဆေးခဲ့ပြီး မြို့လူထုက သဘောမတူသော်လည်း အဆိုပါ နေရာ၌ ဓါတ်အားခွဲ စက်ရုံ တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု ဆိုသည်။

ကျောက်ဖြူမြို့ပေါ်နှင့် အနီးတဝိုက်တွင် တည်ရှိသော အများ ပြည်သူပိုင် မြေကွက်လပ်များကို ကျောက်ဖြူတွင် တာဝန်ကျလာသော အာဏာပိုင်များ အဆက်ဆက်က နာမည် အမျိုးမျိုးဖေါက်ကာ ရောင်းစားသွားပြီး ကျန်ရှိနေသးသော ကွင်းပြင် တချို့ကိုလည်း ယခုကဲ့သိုု့ သိမ်းယူရန် စီစဉ်လာသဖြင့် မြိို့ခံများက မကျေနပ် မနပ် ဖြစ်နေကြကြောင်း သိရသည်။

Most read this week