စစ်တွေ- ရန်ကုန်ကားလမ်း တိုးချဲ့မှုကြောင့် ရှေ့ဟောင်း ရခိုင်မြို့ရိုးများ ပျက်စီးနေ

စစ်တွေ- ရန်ကုန်ကားလမ်း တိုးချဲ့မှုကြောင့် ရှေ့ဟောင်း ရခိုင်မြို့ရိုးများ ပျက်စီးနေ
by -
နိရဥ္စရာ

ရန်ကုန်-စစ်တွေ ကားလမ်းတိုးချဲ့ရာတွင် ရခိုင်ရှေ့ဟောင်း မြို့ရိုးများကို မြေတူးစက်ကြီးများဖြင့် တူးယူပြီး လမ်းကို ဆည် ဖို့နေသဖြင့် ရခိုင်ရှေ့ဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးနေရကြောင်း သိရှိရသည်။

၂၀၁၀ ခုနှစ်က စစ်တွေ- အမ်း ရထားလမ်း ဖေါက်လုပ်စဉ် ရှေးဟောင်းဘုရားကို ဖြိုတူးနေစဉ်။
ယခုကဲ့သို့ ရှေ့ဟောင်းမြို့ရိုးများ ဖျက်စီးခံနေရသည့် နေရာမှာ မြောက်ဦး စစ်တွေ လမ်းပိုင်းရှိ မြောက်ဦးမြို့ အရှေ့တောင်ဘက် ပေါင်းတုတ်ရပ် အနီးတွင် ဖြစ်သည်။

စစ်တွေ-ရန်ကုန် ကားလမ်း တိုးချဲ့ရာ၍ မြေများကို တူးယူနေခြင်း ဖြစ်ပြီး လုပ်ကိုင်နေသည့် ကုမ္ပဏီမှာ "သိန်းကျော်" ကုမ္ပဏီဖြစ်ကြောင်း သိရသည်။

" အခုဖြစ်နေတဲ့နေရာက လေသာတောင်ခံတပ်အနီးက မြေသား မြို့ရို့တံတိုင်းတွေပါ။ အဲဒီနေရာကို ရှေ့ ဟောင်းသုတေသန ဌာကနည်း ရှေ့ဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ထားတဲ့နေရာထဲမှာ ပါတယ်။ အဲဒါကို မြေသားမြို့ရိုးတွေကို စက်ကြီးတွေနဲ့တူးပြီး လမ်းကိုဖို့နေတာပါ။ အခုက မြို့ရိုးတွေ ပျက်သွားပြီး ပရမ်းပတာ ဖြစ်နေပါတယ်။ တကယ်လို့ ဒီလမ်းဆုံးအောင်အထိ မြေတွေ တူးမယ်ဆိုရင် မြို့ရိုးတွေ ပျောက်ကွယ်သွားနိုင်တဲ့ အနေအထားမှာရှိပါတယ်။"ဟု ရှေ့ဟောင်း ယဉ်ကျေးမှု သုတေသတနဌာနမှူး (ငြိမ်း) ဦးကျော်ထွန်းအောင်က ပြောသည်။

ယခုပျက်စီးသွားသည့် မြို့ရို့တံတိုင်းများမှာ မြောက်ဦးခေတ် မြို့ရိုးတံတိုင်းများ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

"အတွင်းပိုင်းက မြို့ရိုးတွေကို အုတ်တွေ၊ ကျောက်တွေနဲ့လုပ်ထားပြီး အပြင်ဘက် မြို့ရိုးတွေကို မြေသားတွေနဲ့ လုပ်ထားဖြစ်တယ်။ တောင်တလုံးနဲ့ တလုံးဆက်ပြီး မြေသားတွေနဲ့ လုပ်ထားတဲ့ မြို့ရိုးတွေပါ။ ဂျပန်နဲ့ အိန္ဒိယ ဘက်မှာတော့ မြေသားတံတိုင်းတွေ အများအပြားတွေ့ရတယ်။ ဒီလိုရှေ့ဟောင်း တံတိုင်းတွေ ဆုံးရှုံးသွားရင် ကျွန်တော်တို့အတွက် ဆုံးရှုံးမှုပါဘဲ။"ဟု သူက ဆက်ပြောသည်။

မြောက်ဦးမြို့ လက်ဆေးကန်အနီးရှိ လေသာတောင်ခံတပ်နှင့် မြတောင်ခံတပ်ရှိ မြို့ရိုး တံတိုင်းများကိုလည်း မြေတူး စက်များဖြင့် ဖြိုတူးနေသည်ဟု သိရသည်။

" ကျွန်တော်တို့က ဒီနေရာဟာ သမိုင်းဝင်နေရာတွေ ဖြစ်တဲ့ အတွက် တစ်ခြားနေရာက မြေတွေကိုဘဲ တူးစေလိုပါတယ်။ အခုလို တူးနေတာကို သက်ဆိုင်ရာနဲ့ မီဒီယာတွေကို အသိပေးရန် အတွက် တူးဖေါ်နေတဲ့ ဓါတ်ပုံတွေကို ပို့ပေးလိုက်ပြီ ဖြစ်ပါတယ်" ဟု ဦးကျော်ထွန်းအောင်က ပြောသည်။ သိန်းကျော် ကုမ္ပဏီအား ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပါ။

၂၀၁၀ ခုနှစ် နိုဝင်ဘာလကလည်း စစ်တွေ အမ်းရထားလမ်းဖောက်လုပ်ရာတွင် မြောက်ဦးမြို့ရှိ ရှေ့ဟောင်း အမွေအနှစ်များဖြစ်သည့် ပြည်စိုးကြီးဘုရား၊ မင်းလှခံတပ်၊ မင်းသမီးတံတိုင်း၊ ရဲလှကုန်း၊ သံဇင်တံဘုးရားများ အပါအဝင် ရှေးဟောင်း သမိုင်းဝင် နေရာ အများအပြားဖြတ်သန်း ဖေါက်လုပ်ခဲ့သဖြင့် ပျက်စီး ဆုံးရှံုးမူများ ရှိခဲ့သည်။

Most read this week