အိန္ဒိယ အခြေပြု ANC ဥက္ကဌ ဘင်္ဂလာဒေချ့်တွင် ညီညွှတ်ရေး စကားဝိုင်း ပြုလုပ်

အိန္ဒိယ အခြေပြု ANC ဥက္ကဌ ဘင်္ဂလာဒေချ့်တွင် ညီညွှတ်ရေး စကားဝိုင်း ပြုလုပ်
by -
နိရဥ္စရာ

အိန္ဒိယနိုင်ငံတွင် အခြေပြုသော ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)မှ ဥက္ကဌ ဖြစ်သူ အသျှင် အာရိယဝံသသည် ဘင်္ဂလာဒေချ့်နိုင်ငံသို့ ရောက်ရှိလာပြီး နိုင်ငံရေးသမားများ၊ ပြည်သူများနှင့် တွေ့ဆုံကာ အမျိုးသား ညီညွှတ်ရေး ဆွေးနွေပွဲ စကားဝိုင်း တစ်ခုကို ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။

ANC-Propagandaအမျိုးသား ညီညွှတ်ရေး စကားဝိုင်းဟု ခေါင်းစဉ် တပ်ထားသော ဆွေးနွေးပွဲကို ဘင်္ဂလား ဒေ့ချ်နိုင်ငံ ကော့စ်ဘဇားမြို့ တောကျောင်း၌ ဖေဖေါ်ဝါရီ ၈ ရက်နေ့က ကျင်းပပြုလုပ်ရာ လူပေါင်း ၅၀ ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

ANC ဥက္ကဌ ဆရာတော် အသျှင် အရိယဝံသ က အမျိုးသား ညီညွှတ်ရေး စကားဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ် ချက်ကို နိရဥ္စ ရာသို့ ယခုလို ပြောသည်။

"အမျိုးသားညီညွတ်ရေး စကားဝိုင်းကို ဘာကြောင့် ပြုလုပ်ရသလဲဆိုတော့ ရခိုင်လူမျိုးအတွက် အမျိုးသားညီ ညွတ်ရေးဟာ ဒီကနေ့ နောက်ဆုံးဖြစ်ပေါ်နေတဲ့ အခြေအနေ အရရော၊ အရင်အချိန်ကပါ အစဉ်သဖြင့် တောင်းဆိုနေတဲ့ မရှိမဖြစ်လိုအပ် တဲ့ အရာတခုဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့စကားဝိုင်းကို အမျိုးသား ညီညွှတ်ရေး စကားဝိုင်းလို့ နာမည်တပ်ကာ ပြုလုပ်ရခြင်းဖြစ်ပါတယ်" ဟု ပြောသည်။

အခမ်းအနားတွင် သာဘာပတိအဖြစ် ဟာရ်ဘင်း ဆရာတော်ကြီး ဦးရာဇိန္ဒ၊ ဆရာတော် ဦးအရိယဝံသ တို့မှထမ်းဆောင် ခဲ့ပြီး အခမ်းအနားမှူး အဖြစ် ဦးပေါ်လင်းမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ယခု စကားဝိုင်းမှ အမျိုးသားရေး အတွက် တစ်စုံတစ်ရာ အကျိုး ဖြစ်ထွန်းနိုင်မည်ဟု မျှော်လင့့်ကြောင်း လည်း အသျှင် အရိယံံဝသက ပြောသည်။

" ဆွေးနွေးပွဲသို့ တက်ရောက်လာတဲ့ ရဟန်း သင်္ဃာတွေနဲ့ အဖွဲ့အစည်း အသီးသီးက လူပုဂ္ဂိုလ်များအကြား မှာ အချင်းချင်း အမြင်ချင်း ဖလှယ်ခြင်းအားဖြင့် တစ်ဦးနဲ့ တစ်ဦး အကြားမှာ နားလည်မှု၊ ယုံကြည်မူတွေကို တည်ဆောက်နိုင်တဲ့့ အပြင် ရှေ့လုပ်ငန်းတွေ အတွက် လမ်းစတွေ၊ ညီညတ်ရေး အတွက် မျှော်မှန်း ချက်တွေ၊ အတွေးအခေါ် တွေကအစ ရရှိပါတယ်။ ဒီစကားစကားဝိုင်းက ပြောဆို ဆွေးနွေးကြတာဟာ ANC ရဲ့ ရှေးလုပ်ငန်း လမ်းစဉ် အတွက် အကျိုးသက်ရောက်မှု အများကြီး ဖြစ်တယ်လို့ ပြောချက်ပါတယ်။"

စကားဝိုင်းအတွင်း တက်ရောက်လာသော နိုင်ငံရေးပါတီမှ တာဝန်ရှိသူများနှင့် လူပုဂ္ဂိုလ် အသီးသီးတို့မှ လည်း အမျိုးသား ညီညွတ်ရေး ကိုရှေ့ရှု့သော အမြင်များဖြင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးခဲ့ကြသည်ဟု သိရသည်။

ရခိုင်ပြည်အမျိုးသား ကောင်စီ (အေအန်စီ) မှာ ယခုအခါ အသျှင် အရိယဝံသ ဦးဆောင်သော အေအအန်စီနှင် ဦးသီဟ ဦးဆောင်သော အေအန်စီဟု နှစ်ခု ကွဲနေသဖြင့့် နိုင်ငံရေး အရ ဘေးကျပ် နံကျပ် ဖြစ်ကာ နိုင်ငံရေး အရ ရှေ့သို့ မတက်လှမ်းနိုင်သည့့် အပြင် လူထု ထောက်ခံမူကိုလည်း မရရှိဘဲ ဖြစ်နေကြောင်း သိရသည်။

အေအန်စီ နှစ်ခု ဖြစ်နေသဖြင့် ရှေ့တွင် အေအန်စီကို တစ်ခုတည်း ဖြစ်အောင် ပေါင်းစည်းရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ အသျှင်အရိယဝံသက ခုလို ဆက်ပြောသည်။

" အေအန်စီ တခုတည်း ဖြစ်ဖို့အတွက် ကြိုးစားနေပါတယ်။ ပေါင်းစည်းမှု ရအောင်အတွက်လည်း ဆောင် ရွက်နေပါတယ်။ ဦးပဥ္ဖင်း အခု ဘင်္ဂလားဒေ့ချ် ကပြီးရင် ထိုင်းကိုသွားမှာပါ။ မကြာခင် ပေါင်းစည်းမှုဖြစ် လာလိမ့်မယ် လို့ ယုံကြည်ထားပါတယ်" ဟု ဆက်လက် မိန့် ကြားသည်။

အခမ်းအနားကို နေ့လည် ၂နာရီမှ စတင်ကာ ညနေ၆နာရီထိ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ နိုင်ငံရေး ပါတီများ ဖြစ်ကြသော ရခိုင်ပြည် အမျိုးသား ညီညွတ်ရေး ပါတီ၊ ရခိုင်ပြည် လွတ်လပ်ရေး အင်အားစု၊ ရခိုင်အမျိုးသမီး အစည်းအရုံး၊ အေအန်စီ၊ သာသနဦးသျှေင်အဖွဲ့များမှ ရဟန်းတော်များနှင့် ကိုယ် စားလှယ်များနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ယခု ANC မှပြုလုပ်သော အမျိုးသားညီညွတ်ရေးစကားဝိုင်း အပေါ် AASYC မှ အတွင်းရေးမှူး (၂) ကိုကံမြင့် ကို မေးကြည့့်ရာ သူ့ အမြင်ကို နိရဥ္စရာသို့ ယခုလိုပြောသည်။

"ကျနော့်အမြင်တော့ ANC ကစကားဝိုင်းလုပ်နည်း လုပ်ဟန်ထက် ဘယ်သူတွေနဲ့ အကွဲအပြဲ ဖြစ်နေတယ်။ ဘယ်သူတွေနဲ့ ဆွေးနွေးသင့်တယ်ဆိုတဲ့ အပေါ်မှာအဓိကထားပြီး အမျိုးသားညီညွတ်ရေး အတွက်လုပ် သင့်ပါ တယ်။ ပြီးရင် ကွဲပြဲနေတဲ့ ပါတီက ခေါင်းဆောင်တွေကို ဖြစ်အောင်ခေါ်ရပါမယ်။ သူတို့မပါတဲ့ လူထုစကားဝိုင်း ဟာ အမျိုးသားညီညွတ်ရေး ကိုဦးတည်တယ်လို့ မမြင်ဘူး။ ခုလုပ်တဲ့ စကားဝိုင်းက Propaganda တခုအဆင့် လောက် လုပ်တယ်လို့ပဲမြင်ပါတယ်" ဟုပြောသည်။

ဆွေးနွေးမှု စကားဝိုင်းအတွင်း တစုံတရာဆုံးဖြတ်ချက်များ မချမှတ်နိုင်ခဲ့သော်လည်း ANC နှစ်ခုပေါင်းစည်း ရေးအတွက် အမျိုးသား ညီညွတ်ရေး ကော်မတီ တစ်ရပ် ဖွဲ့ကာ ပြည်သူများပါ တက်ရောက်နိုင်သော ကျယ် ပြန့်သော ညီလာခံတစ်ခု ခေါ်၍ ဆောင်ရွက်သွားရန် အကြမ်းအားဖြင့် တက်ရောက်လာသူများမှ သဘောတူ ခဲ့ကြသည် ဟုသိရသည်။

Most read this week