ရခိုင်တွင် စစ်တပ်၊ သစ်တောနှင့် ရဲများက တရားမဝင် ငွေကောက်ခံနေ

ရခိုင်တွင် စစ်တပ်၊ သစ်တောနှင့် ရဲများက တရားမဝင် ငွေကောက်ခံနေ
by -
ခိုင်သိန်း

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေတွင် တာဝန်ကျနေသော စစ်တပ်၊ သစ်တောနှင့် ရဲ များက အဆိုပါဒေသရှိ လက်လုပ်လက် ၀ါးခုတ်သမားများနှင့် လွှဆွဲ သမားများထံမှ ငွေကောက်ခံနေ သည်ဟု သိရသည်။

" ၀ါးခုတ်သမားတွေနဲ့ လွှတိုက်သမားတွေဆီက စစ်တပ်၊ သစ်တောနဲ့ ရဲက ကောက်ယူနေတာ ဖြစ်ပါတယ်။ နေရာ သုံးခုက ကောက်ခံနေပါတယ်။ ဒီလို ကောက်ခံနေတဲ့အတွက် ကျွန်တော်တို့ ၀ါးခုတ်၊ လွှတိုက်သမား တွေမှာ သူတို့ကို လုပ် ကျွေးနေသလို ဖြစ်နေကြပါတယ်။ ဒါပေမယ့် ဒီအလုပ် ကို မလုပ်ရင် တခြား အလုပ် မရှိတဲ့ အတွက် ထမင်းငတ်မှာကို ကြောက်ပြီး လုပ်နေကြရပါတယ်" ဟု ရီဇိုးချောင်း ကျေးရွာသားတဦးက နိရဥ္စရာသို့ ပြောသည်။

ငွေကောက်ခံနေသူများမှာ ၅၃၈ မှ တပ်ရင်းဗိုလ်ကြီး လင်းထိန်၊ ကျောက်တန်း စခန်းမှူး ဦးသန်းဖေနှင့် သစ်တောအုပ် စိန်လုံးတို့က ကောက်ယူနေခြင်း ဖြစ်သည်။

" စစ်တပ်က ဗိုလ်ကြီး လင်းထိန်က ၀ါးတစ်ရာကို ၂၀၀ ကျပ်၊ လွှတစ်ဆိုင်းကို ကျပ် ၃၀၀၀၀ စီ ကောက်ယူ နေသလို စခန်းမှူးနဲ့ သစ်တောအုပ်ကလည်း ၀ါးတစ်ရာကို ၂၀၀ ကျပ်စီ၊ လွှတစ်ဆိုင်းကို ၃၀၀၀၀ စီကောက်ယူလိုက် တော့ ၀ါးတစ်ရာမှာ ငွေ ၆၀၀ စီနဲ့ လွှတစ်ဆိုင်းကို ၉၀၀၀၀ ထိ ပေးနေကြရပါတယ်" ဟု သူက ဆက်ပြောသည်။

ကျောက်တန်းနယ်မြေ အတွင်းရှိ လိုင်ဂွင်၊ ရေဘုတ်၊ ပဲသဒူနှင့် ရီဇိုးချောင်းကျေးရွာများမှ ကျေးရွာသားများ မှာ တောကို အမှီပြုပြီး လုပ်ကိုင် စားသောက်နေကြသူများ ဖြစ်ကြသည်။

ရခိုင်ပြည်နယ်တွင် ၀ါး ၁၀၀ လျှင် ကျပ်ငွေ ၁၆၀၀၀၊ သစ်တတန်လျှင် ကျပ်ငွေ ၉၀၀၀၀ ထိ ပေါက်စျေးရှိကြောင်း သိရသည်။

Most read this week