မောင်တောတွင် ကောလဟလ သတင်းများကြောင့် မတည်ငြိမ်မူဖြစ်

မောင်တောတွင် ကောလဟလ သတင်းများကြောင့် မတည်ငြိမ်မူဖြစ်
by -
နိရဥ္စရာ

မြန်မာ နောက်ဘက်နယ်စပ် မောင်တောမြို့တွင် ကော လဟလသတင်းများပျံ့နှံ့နေသဖြင့် မတည် ငြိမ်မူများ ဖြစ်ကာ မြို့ခံများ အကြား စိုးရိမ်နေ ကြကြောင်း သိရသည်။

Maungdaw-gate
" မနေ့က ညဉ့် ၁၂ နာရီမှာ မွတ်ဆလင်တွေက စုရုံးပြီး မြို့ကို ဖြိုမယ်ဆိုတဲ့ သတင်းတွေ ထွက်လာ ပါတယ်။ ကညင်တန်းမှာ စုနေကြပြီ ဆိုပြီး သတင်းတွေ ထွက်လာတဲ့အတွက် ကျွန်မတို့ တရွာလုံး အိပ်ရာကထပြီး အခြေအနေကို စောင့်ကြည့်နေခဲ့ကြပါတယ်။ ကာဗျူး ထုတ်တယ်လို့ ကြားရတယ်" ဟု မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

တခြား အောင်ဗလ ရပ်ကွက်မှ အမျိုးသမီးတစ်ဦးကလည်း အဆိုပါ သတင်းကြောင့် သူတို့ရွာတွင်တအိမ် တယောက်ကျ အစည်းအဝေး ခေါ်ယူခဲ့ကြောင်းကို ယခုလို ပြော သည်။

" ဒီသတင်းတွေကြောင့့် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒီကနေ့မှာ အစည်း အဝေး ခေါ်ပြီး ပြောတယ်။ ဒီိနေ့ ညနေကစပြီး တစ်အိမ် တစ်ယောက်ကျ ကင်းစောင့်ရမယ်လို့ ပြောပါတယ်" ဟု ပြောသည်။

မောင်တောမြို့ ၀ိမလရပ်ကွက် တဘက်ကမ်း ရခိုင် ပြားသားရွာကို မွတ်ဆလင်များ မနေ့ ညဉ့်က ၀င် ရောက်တိုက်ခိုက်ကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ကြောင်း လူငယ် တစ်ဦးက ပြောသည်။

" ကျွန်တော်တို့ ကြားတာက ပြားသားရွာကို မွတ်ဆလင်တွေ ဖြိုတယ်ဆိုပြီး ကြား တယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ သတင်းတွေက အမျိုးမျိုး ပြန့်နေပါတယ်" ဟုသူက ဆိုသည်။

ယခုကဲ့သို့ သတင်းများ ထွက်ပေါ်နေသဖြင့် မောင်တောတွင် ဆိုင်ခန်း တစ်ချို့လည်း ပိတ်ထားကြောင်း၊ သို့သော်လည်း အထက်တန်းကျောင်းမှာ ဖွင့်ထားကြောင်း မြို့ခံ မျက်မြင်များက ပြောသည်။

ထိုကဲ့သို့ သတင်းများ ထွက်ပေါ်နေသဖြင့့် မောင်တောမြို့ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကို မေးမြန်းရာ ဘာမှ မဟုတ်ကြောင်း၊ မောင်တောမှာ အေးအေးဆေးဆေး ရှိကြောင်း၊ ကာဗျူး ထုတ်ထား သည်မှာလည်း မဟုတ်မှန်ကြောင်း ပြောဆိုသည်။

သို့သော်လည်း မောင်တောမြို့ခံများမှာ ကောလဟလ သတင်းများ ပျံ့နှံ့နေသဖြင့် စိုးရိမ်ပူပန်မူများတိုးပွား နေကြောင်း သိရသည်။

Most read this week