နောက်ကျန် ရခိုင်- ကရင် ရဲဘော်သုံးဦး အိန္ဒိယ ထောင်ထဲမှ လွတ်မြောက်လာ

နောက်ကျန် ရခိုင်- ကရင် ရဲဘော်သုံးဦး အိန္ဒိယ ထောင်ထဲမှ လွတ်မြောက်လာ
by -
မောင်အေး

အိန္ဒိယနိုင်ငံ ကာလကတ္တား အကျဉ်းထောင်မှ လွတ် မြေက်လာသည့် ရခိုင်ကရင် ရဲဘော် ၃၄ ဦးထဲမှ မလွတ်ဘဲကျန်ရှိလိုက်သည့် ရဲဘော် ၃ သုံးဦး ယမန်နေ့က အပြီးအပိုင် လွတ်မြောက်လာပြီ ဖြစ်သည်။

ယခု လွတ်မြောက်လာသည့် ရဲဘော်သုံးဦးမှာ ရခိုင်အမျိုးသား လူလူ၊ ဟေးလီနှင့် ကရင် အမျိုးသား မောင်နိုင်တို့ ဖြစ်သည်။

34-Arakan-and-Karens-Freedom-Fighters-releaseသူတို့ ၃ ဦး လွတ်မြောက်လာသည့် ကိစ္စနှင့်ပတ်သတ်ပြီး အဖွဲ့ ခေါင်းဆောင် ကိုဓညလင်းက ယခုကဲ့သို့ ပြောသည်။

" သူတို့ မနေ့က နံနက်ပိုင်းက လွတ်တယ်။ သူတို့ကို ကာလကတ္တားကနေ အမူစစ်ဖို့ ပို့ပလေယားကို ဒီလ ၉ ရက်နေ့က ပို့လိုက်တယ်။ ပို့ပလေးယား ၁၄ ရက်နေ့က ရောက်သွားတယ်။ သူတို့ တရားရုံးကို သွားတယ်။ အဲဒီမှာ တခါတည်းလွတ် လိုက်တာ။ အမှန်က သူတို့ရုံးချိန်းက ၁၈ ရက်နေ့မှ ဆိုတော့ လွတ်ရမှာ အဲဒီနေ့မှ လွတ်ရမှာ အခု တော့ စောစောစီးစီး လွတ်ပေး လိုက်တယ်။"

ယခုလွတ်မြောက်လာသည့် ၃ ဦးမှာ ပို့ပလေးယားကျွန်းတွင် အကျဉ်ချုပ်နှင့်နေရစဉ် အိန္ဒိယ ရဲတပ်သား တဦးနှင့် စကားများခဲ့သဖြင့် တရားစွဲဆိုခံခဲ့ရသည့် အတွက် ယခုကဲ့သို့ ထောင်မှ မလွှတ်ဘဲ ကြန့်ကြာ နောက်ကျ နေခဲ့ရခြင်း ဖြစ်ကြောင်း ကိုဓည လင်းက ဆက်ပြောသည်။

"ကျွန်တော်တို့ ပို့ပလေးယားမှာ ရှိနေတုန်းက သူတို့နဲ့ အစောင့်ပုလိပ်တဦးနဲ့ စကားများကြတယ်။ ရန် ဖြစ်တဲ့အဆင့်တော့ မဟုတ်ပါဘူး။ စကားများကြတဲ့အဆင့်ပါ။ ဒါကို ပုလိပ်က အမြင်ကပ် ပုဒ်မနဲ့ တရားစွဲ တာမျိုးပါ။ ဥပမာ တာဝန်ချိန်မှာ နှောင့်ချက်တဲ့ အမူ၊ ၀တ္တရားနှောင့်ချက်မှုနဲ့ တရားစွဲခံရတဲ့ အတွက် သူတို့ နောက်ကျ ကျန်ခဲ့တာပါ။"

အခုအခါ သူတို့သုံးဦးမှာ ပို့ပလေးယားကျွန်းတွင်ရှိနေပြီး မကြာမီရက်ပိုင်းအတွင်း နယူးဒေလီသို့ ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

" သူတို့ကို ဒီနယူးဒေလီကို ပို့မှာပါ။ ကျွန်တော်တို့နဲ့ အတူ နေထိုင်မှာပါ။ ဒီမှာ နေထိုင်ရေးကတော့ ကျပ်တည်း ပါတယ်။ ဒါပေမဲ့ နေကြရမှာပါ။ အခုတော့ UNHCR ကတော့ အကူအညီ ပေးထားပါ တယ်။ ဒီနှစ် ဒီဇင်ဘာလအထိ ကူညီးပေးဖို့ဆိုပြီးသူတို့ပြောထားတယ်။ ဒီနှစ်ကုန်ရင်တော့ နောက်နှစ် အ တွက် မသေချာသေးဘူး သူတို့မှာ ဘတ်ဂျက် မရှိသေးဘူးလို့ပြောတယ်။ အခုတော့ UNHCR အကူအညီနဲ့ နေကြပါတယ်။"

သူတို့ အထဲမှ ၃၁ ယောက်ကို ယခုနှစ် မေလ ၁၉ ရက်နေ့က ကာလကတ္တားအကျဉ်းထောင်မှ လွတ်ပေးခဲ့သည်။ ယခုခါ သူတို့မှာ ဒေလီမြို့တွင် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံးမှ အကူအညီနှင့် နေထိုင်လျှက်ရှိသည်။

၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလက အိန္ဒိယ ထောက်လှမ်းရေးမှ အန်ဒမင်ကျွန်း ရှိ လန်းဖေါ့ ကျွန်းတွင် စစ်အခြေစိုက် စခန်း တခု တည်ဆောက်ရန် ခေါ် ယူပြီး ကျွန်းပေါ် အရောက်တွင် ရခိုင်ပြည် တပ်မတော်မှ ဗိုလ်ရာဇာအပါ အဝင် ခေါင်းဆောင် ၆ ဦးကို အိန္ဒိယ စစ်တပ်မှ သတ်ဖြတ်ခဲ့ပြီး ကျန် ရဲဘော် ၃၄ ဦးကို အိန္ဒိယ အစိုးရမှ နှစ်ပေါင်း ၁၀ ကျော်အကြာ ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။

အဆိုပါ ရဲဘော်များမှာ ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ KNLA မှ ကရင်ရဲဘော်များနှင့် ရခိုင်ပြည် အမျိုးသားညီညွတ်ရေးပါတီ NUPA လက်အောက်ခံ Arakan Army မှ ရဲဘော်များ ဖြစ်ကြသည်။

Most read this week