ထိန်းသိမ်းခံ လူငယ်ကို စစ်တွေ ထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်

ထိန်းသိမ်းခံ လူငယ်ကို စစ်တွေ ထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စက်တင်္ဘာလ ၂၆ ရက်နေ့က ပြစ်မူ တစုံတရာ မရှိဘဲ ဖမ်းဆီး ခံခဲ့ရ သော မောင်ထွန်းတင်(ခ) ၀ိုင်းချေအားယခု အခါ စစ်တွေထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်ထား ကြောင်း သတင်း ရရှိသည်။

Sittwe-Prison" ဟုတ်ပါတယ်။ အခု သူက ရဲစခန်းကနေ စစ်တွေထောင်ထဲမှာ ဖမ်းဆီး ချုပ်နှောင်ထားပါတယ်။ လွန်ခဲ့တဲ့ စက်တင်္ဘာလ ၂၇ ရက်နေ့က တည်းက ရဲအချုပ်ကနေ စစ်တွေထောင်ထဲကို ပြောင်းရွှေ့ ချုပ်နှောင်ထားပါ တယ်" ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

မောင်ထွန်းတင် (ခ) ၀ုိင်းချေအား စက်တင်္ဘာလ ၂၆ ရက်နေ့ ညဉ့် ၁၂ နာရီ အချိန်က သူ၏နေအိမ်မှ ရဲက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

" ညဉ့် ၁၂ နာရီ အချိန်ခန့်မှာပါ။ စစ်တွေမြို့ လမ်းမတော်တောင် ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးစောရွှေရယ်။ အမှတ်(၂) ရဲစခန်းက နယ်မြေတာ ၀န်ခံ ဒုရဲအုပ် အေးခင်မောင်နဲ့ အဖွဲ့ဝင် ၆ ဦးပါတဲ့ အဖွဲ့က လမ်းမတော် တောင် ရပ်ကွက်က ဦးအောင်ဇံဝေလမ်းလို့ ခေါ်တဲ့ အမှတ်(၅)လမ်းက ဦးမောင်ဦးသိန်း နေအိမ်ကို ၀င်ရောက် ရှာဖွေမူ ပြုလုပ်ပါတယ်။ ရှာဖွေမူ ပြုလုပ်တာမှာ တစုံတရာ မတွေ့ရှိရဘဲ သားဖြစ်သူ မောင်ထွန်းတင်ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပါတယ်။"

ဖမ်းဆီးခံရစဉ်အတွင်း မောင်ထွန်းတင်မှာ နေမကောင်းဖြစ်နေသဖြင့် ထိတ်လန့်ကာ သတိ မေ့မြော့ သွားခဲ့ ကြောင်း၊ မိနစ်အနည်းငယ် အတွင်း သတိ ပြန်လည်လာခဲ့ကြောင်း၊ သတိပြန်လည်လာပြီးနောက်ပိုင်း အမှတ်(၂)ရဲစခန်းသို့ ခေါ်ယူသွားကာ ချုပ်နှောင် ထားခဲ့ကြောင်း၊ ရဲစခန်းတွင်ချုပ်နှောင်ထားစဉ် မိသားစုတစုံတဦး နှင့်မျှ တွေ့ဆုံခွင့် မရခဲ့ကြောင်း သိရသည်။

" စက်တင်္ဘာလ ၂၇ ရက်နေ့မှာ လမ်းမတော် တောင်ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးစောရွှေကမောင်ထွန်းတင် တို့ အိမ်သို့လာပြီး ခင်ဗျားတို့ရဲ့ မောင်ကို ခြေချုပ်မှုဖြင့် အမှုဖွင်ကာ တရာရုံးတင် ထားတယ်။ (စီဘီချုပ်) တရားရုံးတွင် တွေ့နိုင်တယ်လို့ သူရဲ့ အစ်မ ဖြစ်သူ ဒေါ်အေးသိန်းခိုင်အား လာရောက် အကြောင်းခဲ့ပါတယ်။ သူရဲ့ အစ်မဖြစ်သူ ဒေါ်အေးသိန်းခိုင်မှ တရားရုံးတွင် သွားရောက် တွေ့ဆုံ ခဲ့ပါတယ်။ အဲဒီနေ့ ညနေ (၄)နာရီ မှာဘဲ တရားရုံးကနေ ထောင်ချုပ်ကို ပြောင်းရွှေ့ ချုပ်နှောင်ထားလိုက်ပါတယ်" ဟု သူက ဆက်ပြောသည်။

တရားစွဲဆိုခံရသူ မောင်ထွန်းတင်(ခ) ၀ိုင်းချေမှာ အသက်-၂၈ နှစ် ရှိပြီး ပြစ်မှုတစုံတရာ မရှိဘဲ ထိမ်းသိမ်း ခံထားရခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" သူ့ကို ဖမ်းဆီးရခြင်းရဲ့ အဓိက အကြောင်းအရင်းက ဆရာတော်ဦးဥတ္တမနေ့ ချီတက်ပွဲမှာ သံဃာတော်တွေ စီတန်း လှည့်လည်စဉ် ကူညီ ခဲ့တဲ့ အတွက် သူ့ကို ရဲ တပ်ဖွဲ့က မှတ်တမ်း တင်ထားခဲ့တယ်လို့ သိရပါတယ်။ စက်တင်္ဘာ ၂၇ ရက်နေ့ ရွှေဝါရောင် (၄)နှစ် ပြည့် လှုပ်ရှားမှု ပေါ်ပေါက်အောင်လည်း ကူညီ ပေးနိုင်တယ်လို့ ရဲက ထင်မြင် ယူဆတဲ့ အတွက် အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးပြီး ရပ်ကွက် အုပ်ချုပ်ရေးမှုကို ဖိအား ပေးကာ ခြေချုပ်မှုဖြင့်တရားစွဲဆိုခိုင်းတယ်လို့ သိရပါတယ်" ဟု ပြောသည်။

မောင်ထွန်းတင်အား စက်တင်္ဘာလ ၂၉ ရက်နေ့က ရုံးထုတ်ခဲ့ပြီး မနက်ဖြန် အောက်တိုဘာလ ၄ ရက်နေ့ တွင်လည်း ဆက်လက် ရုံးထုတ် စစ်ဆေးမည်ဟု သိရသည်။

Most read this week