တားဆီးခံရသော်လည်း စစ်တွေတွင် ဆန္ဒပြပွဲ ဆက်လုပ်မည်ဟု ရဟန်းတော်များ ပြောဆို

တားဆီးခံရသော်လည်း စစ်တွေတွင် ဆန္ဒပြပွဲ ဆက်လုပ်မည်ဟု ရဟန်းတော်များ ပြောဆို
by -
မောင်အေး

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စက်တင်္ဘာလ ၂၇ ရက်နေ့က ရဟန်းတော်များက ပြုလုပ်ရန်စီစဉ်ထား သော ဆန္ဒပြပွဲမှာ အာဏာပိုင်များ၏ နှောင့်ယှက် တားမြစ်မူကြောင့် အထ မမြောက် ခဲ့သော်လည်း အခွင့်သာသည်နှင့် ဆက်လက်ပြုလုပ်သွားမည်ဟု ရဟန်းတော်များက နိရဥ္စရာသို့ မိန့်ကြားသည်။

sittway-monksရွှေဝါရောင်နှစ်ပတ်လည်နေ့များထဲမှ တစ်နေ့ ဖြစ်သော စက်တင်္ဘာလ ၂၇ ရက်နေ့က စစ်တွေတွင် ရဟန်းတော်များမှ ဆန္ဒပြရန်စီစဉ်ခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲ အစီအစဉ်ကို အာဏာပိုင်များက ကြိုတင် သတင်း ရရှိသွားပြီး လက်ဦးမူ ရယူကာ ဆန္ဒပြပွဲ မဖြစ်ပေါ်ရအောင် လုံခြံရေး တင်းကျပ်ခဲ့သဖြင့် ဆန္ဒပြပွဲကို ပြုလုပ်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

" သူတို့က နေရာတိုင်းမှာ လုံခြံုရေးကို တင်းကျပ်ထားတယ်။ ဘုန်းကြီးကျောင်းတွေ အနီးကလမ်းဆုံ တွေမှာ ရဟန်းတော်တွေ အပြင်ကို ထွက်လို့ မရအောင် လုံခြံုရေး တပ်ဖွဲ့ဝင်တွေကို ချထားတယ်။ မြို့ကို ပတ်ပြီးတော့လည်း ရဲကားတွေက လက်နက်တွေနဲ့ လှည့်လည် နေကြတယ် ဆိုတော့ ဦးဇင်းတို့ရဲ့ အစီအစဉ်က ဘယ်လိုမှ ရှေ့တိုးမရ ဖြစ်သွားတယ်။ ဒါပေမယ့် အခွင့်ရတာနဲ့ ဆက်လုပ်သွားဖို့ စီစဉ်ထားပါတယ်" ဟု အမည် မဖေါ်လိုသူ ရဟန်းတော် တစ်ပါးက ပြောသည်။

တခြား ရဟန်းတော် တစ်ပါးကလည်း ဆန္ဒပြရန် စီစဉ်ထားမှုကို ဖျက်သိမ်း လိုက်ရသော်လည်းအခွင့်သာ လျှင် ဆက်လက် ဆောင်ရွက်မည်ဟု ယခုကဲ့သို့ပြောသည်။

" လုံခြံုရေးက တအားများတယ် တကာ။ အကျိတ်တော်ကုန်းမှာဆို ရဲနဲ့စစ်သားတွေက ဘုန်းကြီးတွေနဲ လူတွေကို တယောက်ချင်းစီ စစ်တယ်။ ရပ်ကွက်ဘောလုံးပွဲလည်းရှိနေတော့ ဘောလုံးကွင်းမှာ လူစုပြီး ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေက တမြို့လုံး ပျံ့နေခဲ့တယ်။ ဒါပေမယ့် အစီအစဉ် အထ မမြောက် လိုက်ဘူး။ နောက်နေ့တွေမှာ ဦးဇင်းတို့ဆက်လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်။"

စက်တင်္ဘာလ ၂၇ ရက်နေ့ မတိုင်မှီ ညဉ့်ကလည်း စစ်တွေမြို့ အာကျိတ်တော်ကုန်းရှိ ရမ္မာဝတီကျောင်းနှင့် အထက် မိုးကုတ်ကျောင်းကို ရယက များလာရောက် စစ်ဆေးခဲ့သည်ဟု သိရသည်။ ၎င်းပြင် အဆိုပါနေ့က စစ်တွေရှိ ဟိုတည်များကို အာဏာပိုင်များက ၀င်ရောက် စစ်ဆေးခဲ့သည်။ စစ်တွေမြို့ရွေစေတီကျောင်းနှင့် ပုသိမ်ကျောင်းအနီးတွင်းလည်း ရဲကား ၃ စီး ရပ်တန့်ထား ပြီး တခြား လမ်းဆုံများတွင်လည်း လုံခြံုရေး ပိုချထားပြီး စစ်ကား တချို့လည်း မြို့ကိုပတ်ကာ လှည့်ပတ် နေခဲ့ကြောင်း သိရသည်။

" စစ်တွေမှာ စက်တင်္ဘာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ လုံခြံုရေး တင်းကျပ်ထားခဲ့ပါတယ်။ ၂၀၀၇ သံဃာ့ အရေးအခင်း ဖြစ်ပြီးတဲ့ နောက် ခုလို လုံခြံုရေး တင်းကျပ်တာဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ရဟန်းတော်တွေ ဆန္ဒပြကြမယ်ဆိုတဲ့ သတင်းကြောင့် ခုလို တင်းကျပ်တာ ဖြစ်တယ်လို့ သိရပါတယ်" ဟု စစ်တွေ ဒေသခံ တစ်ဦးကလည်း ပြောသည်။

စစ်တွေရှိ ရဟန်းတော်များ အနေဖြင့် ရ၂ နှစ်မြောက် ဦးဥတ္တမနေ့ကို ဦးဆောင် ပြုလုပ်သူကုန်တန်းရပ်ကွက် ရှိ သဒ္ဓမ္မ ဂုရု ပုသိမ်ကျောင်း စာသင်တိုက်မှ ဦးကေသာရအား အာဏာပိုင်များမှ ဖမ်းဆီးပြီးရသေ့တောင်နယ် သို့ ပို့ထားသည်ကို မကျေနပ်သည့်အတွက် ရွှေဝါရောင် နှစ်ပတ်လည်နေ့တွင် ဆန္ဒပြရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week