မလေးရောက် ရခိုင် ဒုက္ခသည်ရုံးများ ပေါင်းစည်းလိုက်ပြီ

မလေးရောက် ရခိုင် ဒုက္ခသည်ရုံးများ ပေါင်းစည်းလိုက်ပြီ
by -
ထွန်းထွန်း

မလေးရှားရှိ ရခိုင် ဒုက္ခသည်များ အရေးကိုဆောင် ရွက်နေသော ရခိုင် ဒုက္ခသည်ရုံးများကို ဇူလိုင်လ ၃၁ ရက်နေ့က အောင်မြင်စွာပေါင်းစည်း လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

Malaysia-Arakanese

သဘောထားကွဲလွဲမူများကြောင့် လပေါင်းများစွာ ရှုပ်ထွေးနေသည့် မလေးရှားရောက် ကွာလာလမ်ပူ အခြေစိုက် ရခိုင် ဒုက္ခသည်ရုံးကို အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့သဖြင့် ရခိုင်အမျိုးသားက ၀မ်းမြောက် ၀မ်းသာဖြစ်နေကြ သည်ဟု သိရသည်။

ပေါင်းစည်း လိုက်သည့် ဒုက္ခသည်ရုံးများမှာ ARR. ARRC-KL. နဲ့ ARRC.puchong တို့ဖြစ်ပြီး ပေါင်းစည်းရေး အစည်းအဝေးသို့ လူပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

" ရုံးတွေကို ပေါင်းစည်းလိုက်တဲ့ အဓိက ရည်ရွယ်ချက်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာ ပေါင်းစုံကို ဖြေရှင်းနိုင်ဖို့ အတွက် ဒုက္ခသည်ရုံးက တစ်ခုုတည်းရှိဖို့လိုပါတယ်။ ဒါကြောင့် ရုံးတွေကို ပေါင်းစည်း လိုက်ကြတ ာဖြစ်ပါတယ်။ ပီးရင်နိုင်ငံ တကာရောက် ရခိုင်သားအားလုံးကို မလေးမှာရှိတဲ့ ရခိုင်တွေဟာ တညီတညွတ်တည်း ဖြစ်တဲ့ အကြောင်းပြချင်တာလည်းပါတယ်။ ပြီးတော့ အရင် ဒုက္ခသည်လက်မှတ်အဖြစ် ထောက်ခံချက် သုံး၊ လေးခုဖြစ် နေတာကို ခုဒီအစည်းဝေးက တခုတည်း အဖြစ် ကိုင်ဆောင်ကြဖို့ရယ်တို့ ပါ၀င်ပါတယ်"ဟုရုံးပေါင်း စည် ရေးကော်မီတီ ပြန်ကြားရေးအဖွဲ့မှ ခိုင်ကျော်ဆန်းက နိရဥ္စရာသို့ပြောသည်။

မလေးရှားရောက် ရခိုင်များမှာရည်မှန်းချက် ပန်းတိုင်တခု၏အောက်တွင် တညီတညွတ်တည်း တက်ညီလက် ညီ ကြိုးစားလုပ်ဆောင်သွားရန် အဆိုပါအစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့အစည်း သီးသီးမှခေါင်း ဆောင် များ သဘောတူ လက်မှတ်များ ရေးထိုးခဲ့ကြကြောင်း သိရသည်။

မလေးရှားရောက် တခြား လူငယ်တဦးကလည်း "ဟုတ်ပါတယ်။ မနေ့ကပြုလုပ်တဲ့ ရခိုင် ဒုက္ခသည်ရုံးပေါင်းစည်း ရေး ဟာ တော်တော်အားရကျေနပ်ဖို့ကောင်းသလို ရခိုင်သားအားလုံးအတွက် အောင်မြင်မှုပန်းတိုင်တခုလည်း ပြောလို့ရပါတယ်။ ခုဆိုရင်မလေးရောက် ရခိုင်တွေဟာ အနာဂတ် ရခိုင် အရေးအတွက် အစွမ်းကုန် ကြိုးစားကြဖို့ ခိုင်မာစွာနဲ့ ဆုံးဖြတ်ချက်တွေလည်း ချက်မှတ်ကြပါတယ်" ဟုပြောသည်။

အစည်းအဝေးကို နေ့လည် ၂ နာရီမှာစတင်ပြီး ညနေ ၄ နာရီကျော်တွင် အောင်မြင်စွာ အဆုံးသတ်ခဲ့ကြသည် ဟုသိရသည်။

မလေးရှားနိုင်ငံတွင် ရခိုင် အမျိုးသားများ အပါအဝင် မြန်မာဒုက္ခသည် ကိုးသောင်းကျော် ရှိကြောင်း UNHCR ၏ အစီ ရင်ခံစာ တခုတွင် ရေးသား ဖေါ်ပြထားသည်။

Most read this week