မြောက်ဦး အထက်တန်းကျောင်းတွင် အတန်းပြောင်းကြေး ငါးသောင်းထိရှိ

မြောက်ဦး အထက်တန်းကျောင်းတွင် အတန်းပြောင်းကြေး ငါးသောင်းထိရှိ
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အထက်တန်းကျောင်းတွင် အတန်းပြောင်းကြေးမှာ ကျပ် ငါးသောင်းထိ စျေးရှိနေကြောင်း သိရသည်။

ယခုကဲ့သို့ အတန်းပြောင်းကြေးမှာ ငါးတန်းမှ ဒဿမတန်းထိ ဖြစ်ကြောင်း ကျောင်းသား မိဘ တစ်ဦးက ပြောသည်။
school-arakan
" အခု မြောက်ဦး အထက်တန်းကျောင်းမှာ ကျောင်း အုပ်ဆရာမကြီးက ကျောင်းအခန်း တွေကိုသတ်မှတ်တဲ့ နေရာမှာ ကျောင်းသားတွေရဲ့ ရမှတ်တွေ အပေါ်မှာ မသတ်မှတ် ဘဲ ပိုက်ဆံပေးနိုင်တဲ့ ကျောင်းသား ဆ်ိုရင် A ၊ ပိုက်ဆံမပေးနိုင်တဲ့ ကျောင်းသားဆိုရင် B တို့ C တို့မှာ ထားတယ်။ အဲသလို အခန်းတွေကိုပြောင်းရွှေ့ လိုရင် ကျပ် ငါးသောင်းထိ ပေးရပါတယ်" ဟု ပြောသည်။

မြောက်ဦးမြို့ အထက်တန်းကျောင်းတွင် အတန်းတိုင်းတွင် အနည်းဆုံး အေ ဘီစီ စသဖြင့် အခန်းများခွဲ ထားရပြီး အေအခန်းတွင် စာတော်သူ ကျောင်းသားများကိုသာ ထားလေ့ရှိပြီး အဆိုပါ အခန်းရှိကျောင်းသား များကို ဆရာ ဆရာမများက အလေးပေး စာပြသကြောင်း သူက ပြောသည်။

" အတန်းတိုင်းမှာ အေအခန်းက စာတော်တဲ့ ကျောင်းသားတွေကိုသာ ထားလေ့ ရှိတာပါ။ ဆရာဆရာမ တွေကလည်း စာတော်တဲ့ ကျောင်းသားတွေကို ဂရုတစိုက်နဲ့ သင်ကြားပေးတဲ့ အလေ့အထ ရှိပါတယ်။ ဒီတော့ ကျောင်းသားတိုင်းက အခန်းအေမှာ နေချင်ကြတယ်။ ဒါကို ဆရာမကြီးက အခွင့်အရေး အတွက် အသုံးချလိုက်တာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

၎င်းပြင် မြောက်ဦးမြို့တွင် ဆရာ ဆရာမများက ကိုယ်ပိုင် ကျူရှင်များ ဖွင့်ထားပြီး မိမိကျူရှင်ကို ယူသော ကျောင်းသားများကို မျက်နာသာပေးပြီး ကျူရှင် မယူသော ကျောင်းသားများကိုမူ မျက်နာသာ မပေးသဖြင့် ကျောင်းသူ ကျောင်းသားများ ကြားထဲတွင်လည်း မညီမျှမူသော ဆက်ဆံရေးများ ပေါ်ပေါက်နေကြောင်း သိရသည်။

Most read this week