တရုတ်မှ ဒေါ်လာ ရ၆၃ သန်း ထုတ်ချေးမည်ဆိုသော်လည်း စီမံကိန်း၏ အဓိက ပင်မ ဒေသ အကျိုးခံစား

တရုတ်မှ ဒေါ်လာ ရ၆၃ သန်း ထုတ်ချေးမည်ဆိုသော်လည်း စီမံကိန်း၏ အဓိက ပင်မ ဒေသ အကျိုးခံစား
by -
တာကလူးနှင့် ထွန်းထွန်း

မြန်မာသမ္မတ ဦးသိန်းစိန်၏ သုံးရက်တာ တရုတ် ပြည် ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ရထားလမ်း တည် ဆောက်ရေး အပါအဝင် တခြား အကျိုးတူ စီးပွါးရေး လုပ်ငန်းများ ပူးတွဲလုပ်ဆောင်ရန် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပြီး၊ထိုလုပ်ငန်း များအကောင်အထည်ဖေါ်ရန် အတွက် တရုတ်မှ မြန်မာကို အမေရိကန် ဒေါ်လာ ရ၆၃ သန်းထုတ် ချေးလိုက်ကြောင်း သတင်း ရရှိသည်။

K-Pruဦးသိန်းစိန်၏ တရုတ် ခရီးစဉ် အတွင်း မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမှ အရှေ့ဘက်နယ်စပ်မြို့ မူဆယ်ကို ဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရူလီအထိ ကီလိုမီတာ ၈၁၀ရှည်လျား သည့် ရထားလမ်းတစ်ခုကို တည်ဆောက်ရန်သဘောတူ လက်မှတ်ရေးထိုးခဲ့သည်ဟု တရုတ်နိုင်ငံ၏ အကြီးဆုံး ရထားလမ်း တည်ဆောက်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် China Railway Group Limited မှ မြန်မာသမ္မတ ၏ ခရီးစဉ် အဆုံးသတ်ခဲ့သည့် ယမန်နေ့တွင် ထုတ်ပြန်ကြေ ညာခဲ့သည်။

မြန်မာသမ္မတ၏ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုး ခဲ့သည့် သဘောတူညီချက်အတိုင်း ၎င်း ကျောက်ဖြူ-မူဆယ်-ရူလီ ရထားလမ်းကို အဆိုပါ တရုတ်ရထားလမ်း တည်ဆောက်ရေးကုမ္ပဏီမှ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

၃ နှစ်အတွင်းအပြီးသတ်တည်ဆောက်ရန်စီစဉ်ထားသည့် အဆိုပါရထားလမ်းဖြင့် မြန်မာနှင့် တရုတ်တို့ အကြား အကျိုးတူ စီးပွါးရေး လုပ်ငန်းများ ပိုမိုတိုးမြှင့် လုပ်ဆောင်လာနိုင်မည်သာမက မြန်မာ၏ ဒေသတွင်း စီးပွါးရေး ဖွံ့ဖြိုး တိုးတက်မှုကိုလည်း အထောက်ကူ ဖြစ်လာစေလိမ့်မည် ဟုလည်း တရုတ် အစိုးရ မီဒီယာ များမှ သတင်း ထုတ်ပြန်ခဲ့ကြသည်။

သို့သော်လည်း ထိုင်း အခြေစိုက် ရွှေဂတ်စ် လူပ်ရှားမူ တာဝန်ခံ ဦးဝင်းအောင်က တရုတ်မှ မြန်မာနိုင်ငံတွင် ပြုလုပ်သော စီမံကိန်းများ ဒေသခံ ပြည်သူများအတွက် အကျိုးတစုံတရာ ရှိသည်ကို ယခုထက်တိုင်မမြင် တွေ့ ရသေးကြောင်း သူက ယခုကဲ့သို့ ပြောသည်။

" ပြောရမယ်ဆိုရင် ရခိုင် ဒေသမှာ ဒီဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေကို လုပ်ဆောင် နေတာဟာ နှစ်ပေါင်း သုံးလေး နှစ်သက်တမ်းရှည်လာပြီ ဖြစ်ပေမယ့် ခုချိန်အထိ ရခိုင်ပြည်သူ လူထုအတွက် ဘာတစ်ခုမှ အကျိုး မရှိသေးဘူး။ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ပေးတာလည်း ခုချိန်ထိ ဘာမှ မတွေ့ရသေး ဘူး။ အဲဒီ စီမံကိန်းကြောင့်သာ မြေတွေ သိမ်းခံရတာတွေ၊ မိမိရိုးရာ အစဉ် အလာအရ လုပ်ကိုင်စားသောက် နေတဲ့ အလုပ်အကိုင်တွေသာ ဒေသခံတွေ ဆုံးရှံုး သွာတာကို ကြံုတွေ့နေကြရပါတယ်။ ဒီအတွက် ခုလုပ်မယ့် စီမံကိန်းတွေဟာ ဒေသခံ ရခိုင်ပြည်သူလူထုအ တွက်အကျိုးရှိမှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ခုလုပ်နေတာ တွေဟာ သူတို့ အစိုးရ နှစ်ရပ်ရဲ့ အကျိုး စီးပွား ဖွ့ံဖြိုးတိုး တက်မှုကို အဓိကထား လုပ်ဆောင် နေတယ်လို့ မြင်ပါတယ်" ဟု ဆိုသည်။

မြန်မာ အစိုးရသည် ရခိုင် ဒေသမှ သဘာဝ သံယာဇာတ ပစ္စည်းများကို ထုတ်ယုပြီး အိမ်နီးချင်း နိုင်ငံများသို့ ရောင်းချရန်သာ စိတ်ဝင်စားနေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုမူ လုံးဝ လစ်လျူရှု့ ထားကြောင်း ပြည်တွင်း ပြည်ပတွင် ကျယ်ကျယ်ပြန့်ြ့ပန့် ဝေဖန်မူများ ထွက်ပေါ်နေသည်။
kp1
မြန်မာနိုင်ငံ ရခိုင်ကမ်းလွန် ပင်လယ်ပြင်ရှိ ရွှေဓါတ်ငွေ့သိုက်မှ ထုတ်လုပ်မည့် သဘာဓါတ်ငွေ့ နှင့် အတူ အရှေ့ အလယ်ပိုင်းနိုင်ငံများမှ သင်္ဘောများဖြင့် တင်သွင်းလာမည့် ရေနံစိမ်းများကို လက်ခံနိုင်ရန် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်းတွင် တရုတ်မှ ဆိပ်ကမ်းများ နှင့်အတူ ပိုက်လိုင်းများကို အကောင်အထည်ဖေါ် တည်ဆောက်လျှက် ရှိသည်။

" လက်ရှိ ဂတ်စ်နဲ့ ရေနံ ပိုက်လိုင်း တည်ဆောက်နေမှုနဲ့ ရထားလမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး လက်ရှိ အစိုးရက ရခိုင် ပြည်သူ လူထုရဲ့ အခြေခံ လိုအပ်ချက်တွေကို မလုပ်ဆောင်ပေးရင်တော့ ဒီစီမံကိန်း တွေဟာ အပြောအရဘဲ လူထု တွေအတွက် အကျိုးရှိနိုင်မယ်လို့ ပြောနိုင်ပြီး လက်တွေ့မှာ ဒီလုပ်ငန်း တွေဟာရခိုင် ပြည်သူလူထု အတွက် ဘယ်လိုနည်းနဲ့မှ အကျိုးရှိလာနိုင် မဟုတ်ပါဘူး" ဟု ကိုဝင်းအောင်ကပြော သည်။

ဦးသိန်းစိန်၏ ခရီးစဉ်အဆုံးတွင်ထုတ်ဝေခဲ့သည့် မြန်မာအစိုးရပိုင် သတင်းစာများ၏အဆိုရ ၎င်းပိုက်လိုင်း စီမံကိန်းများ နှင့် လမ်းပန်းဆက်သွယ်ရေး စီမံကိန်းများအပါအဝင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ စီမံကိန်း ရ၂ ခုတွင် အမေရိကန်ဒေါ်လာ ၁၅.၈ ဘီလီယံ ရင်းနှီးမြှပ်နှံထားကြောင်း သိရှိရသည်။

တရုတ်နိုင်ငံကို မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံတစ်ခု အဖြစ် ဖေါ်ပြထားပြီး၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံရှိခဲ့ပြီး၊ ယခု ၂၀၁၁-၂၀၁၂ တွင် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံအထိ တိုးတက် လာမည် ဟု မျှော်လင့် ထားကြောင်းလည်း ၄င်းမြန်မာ့ သတင်းစာများတွင် ရေးသား ဖေါ်ပြကြသည်။

သို့သော်လည်း တရုတ်၏ စီးပွါးရေး ရင်းနှီးမြှပ်နှံမှုများကြောင့် မြန်မာနိုင်ငံတွင် ဒေသခံပြည်သူများ နစ်နာ ဆုံးရှုံး နေကြရကြောင်းနှင့် တရုတ်၏ ဆိပ်ကမ်း၊ ပိုက်လိုင်းများနှင့် လမ်းပမ်း ဆက်သွယ်ရေး စီမံကိန်းများကို စတင် အကောင် အထည်ဖော် တည်ဆောက်နေသည့် ရခိုင်ပြည်နယ်မှ ဒေသခံများက ပြောသည်။

"ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ အထူးသဖြင့် ဒီရွှေသဘာဝဓါတ်ငွေ့စီမံကိန်းနှင့် ဆက်စပ်ပြီးတော့ တရုတ်အ ပါအဝင်နိုင်ငံ တကာက ရင်းနှီးမြှပ်နှံထားတာတွေ အများအပြားတွေ့ရပါတယ်။ ဒါပေမယ့် အဲဒီ ရင်းနှီး မြှပ်နှံ မှုတွေကြောင့် ဒေသခံပြည်သူတွေအတွက် ဘာမှ အကျိုးရှိလာတာကို ခုချိန်ထိ မတွေ့ ရသေးဘူး။ အဲဒီ စီမံကိန်း ရင်းနှီးမြှပ်နှံမှုတွေကြောင့် ဒေသခံ ပြည်သူတွေ လုပ်စားမဲ့ ကိုင်စားမဲ့ ဘဝပျက်နေကြရတာကိုပဲ တွေ့မြင်နေရပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းပြင် တရုတ်ကုမ္ပဏီများမှာ အဆိုပါစီမံကိန်းများ တည်ဆောက်ရာတွင် သာမန် အလုပ်သမားများကိုပင် တရုတ်ပြည်မှ ယူဆောင်လာခဲ့ပြီး၊ ဒေသခံများကို ခန့်အပ်ပေးခြင်း မရှိကြောင်းလည်း သိရသည်။

တရုတ်၊ အိန္ဒိယ အပါအဝင် နိုင်ငံတကာ ကုမ္ပဏီများမှ မြန်မာအစိုးရနှင့် ပေါင်းဖက်ပြီး ရခိုင်ဒေသအတွင်း အပြိုင်အဆိုင် ရင်းနှီးမြှပ်နှံနေကြပြီး စီးပွါးရေး စီမံကိန်း အများအပြားကို အကောင်အထည်ဖော် လုပ်ဆောင် နေကြသော်လည်း ဒေသခံ ရခိုင်ပြည်သူ အများစုမှာ အဆိုပါ စီမံကိန်းများမှ တစ်စုံတရာအကျိုးခံစားခွင့်မရ သဖြင့် တစ်နေ့ထက် တစ်နေ့ စီးပွားရေး ကျပ်တည်းမူနှင့် အလုပ်အကိုင် ရှားပါးမူ ပြဿနာများကိုသာ ရင်ဆိုင်နေကြရပြီး လက်ရှိ အချိန်တွင် အလုပ်အကိုင် အခွင့်အလန်း အတွက် နိုင်ငံအတွင်းရှိ ဗမာပြည်မနှင့် ကချင်ဒေသအပါအတွင် ထိုင်း၊ မလေးရှားစသည့် နိုင်ငံများသို့ နေ့စဉ် ရက်ဆက် ထွက်ခွာနေကြရသည်။

Most read this week