မြန်မာနှင့် ဘင်္ဂလာဒေချ့် တပ်မှူး အဆင့် နှစ်နိုင်ငံ အလံတင် ဆွေးနွေးပွဲ ကော့ဘဇားတွင် ပြုလုပ်

မြန်မာနှင့် ဘင်္ဂလာဒေချ့် တပ်မှူး အဆင့် နှစ်နိုင်ငံ အလံတင် ဆွေးနွေးပွဲ ကော့ဘဇားတွင် ပြုလုပ်
by -
မောင်အေး

မြန်မာ နစကနှင့် ဘင်္ဂလာဒေချ့့် နယ်ခြားစောင့် တပ်ဖွဲ့ BGB တို့၏ နှစ်နိုင် အလံတင် ဆွေးနွေးပွဲကို ကော့စ်ဘဇားခေါ် ဖလောင်းချိတ်မြို့၌ ယနေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည်ဟု သိရသည်။

BDR-Nasaka285ဆွေးနွေးပွဲကို နံနက် ၉ နာရီမှ ၁၁ နာရီထိ ကော့ဘဇားမြို့ ပင်လယ်ကမ်းခြေရှိ Sea Palace ံHotel တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ Sea Palace ဟိုတည်မှ အရောင်းဆိုင် မန်နေဂျာ တစ်ဦးက " နံနက် ၈ နာရီကျော် ကတည်းက ကားတွေနဲ့ မြန်မာဘက်က အရာရှိတွေ ဟိုတယ်ကို ရောက်ရှိလာပါတယ်။ လုံခြံုရေးတွေလည်းချထားပါ တယ်။ နံနက်ပိုင်း ဆွေးနွေးပွဲက ၁၁ နာရီမှာ ပီးတယ်လို့ သိရပါတယ်။ ညနေပိုင်းလည်းဆက်ဆွေးနွေးကြ မယ်လို့ သိရပါတယ်" ဟု ပြောသည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့် တပ်မှူးများ ပြုလုပ်သော ယခု အစည်းအဝေးမှာ ပုံမှန် အစည်းအဝေးဖြစ်ပြီး မတ်လအတွင်းက မောင်တောတွင် ပြုလုပ် အပြီး ယခုတစ်ကြိမ်တွင် ကော့ဘဇားမြို့တွင် ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်။

" အဓိကတော့ ပုံမှန် နယ်စပ် လုံခြံုရေးကိစ္စရယ်။ ပီးတော့ မှောင်ခို နှိမ်နှင်းရေး ကိစ္စ၊ နယ်စပ် လူဝင် လူထွက် ကိစ္စနဲ့ ကုန်သွယ်ရေး ကိစ္စရပ်တွေကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။ ပီးရင် ထောင်သားတွေလဲလှယ် ရေး ကိစ္စလည်း ဆွေးနွေးကြတယ်လို့ သိရပါတယ်" ဟု ဒေသ သတင်းထောက် ချော်ဘူက ပြောသည်။

ဘူးသီးတောင် အကျဉ်းထောင်မှ ဘင်္ဂလာဒေချ့် နိုင်ငံသား (၁၀) ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်တနှစ်လျော့ ပေါ့ရာတွင် မေလ ၁၈ ရက်နေ့က လွှတ်မြောက်လာခဲ့ပြီး သူတို့ လွဲပြောင်းပေးရေးကိုပါဆွေးနွေးခဲ့ကြသည် ဟု သိရသည်။

ဆွေးနွေးပွဲသို့ တဘက် ကိုယ်စားလှယ် ၁၇ ဦးခန့် စီ တက်ရောက်ခဲ့ပြီး မြန်မာ နစက တပ်ဖွဲ့ကိုကွပ်ကဲရေး မှူး ဗိုလ်မှူးချုပ် အောင်ကြီး ဦးဆောင်ကာ ဘင်္ဂလာဒေချ့် တပ်ဖွဲ့ကို ကော့ဘဇား အခြေစိုက် ဘီဒီဘီ တပ်ရင်းမှူး ဦးဆောင်ကြောင်း သိရသည်။

Most read this week