ပြည်ပမှ ထုတ်လုပ်သည့် “ရိုးတောင်ထိပ်သို့ ဓါးမမိုးစီချင်” ရခိုင်အမျိုးသားရေး သီချင်းခွေ စတင် ဖြန့်ချီ

ပြည်ပမှ ထုတ်လုပ်သည့် “ရိုးတောင်ထိပ်သို့ ဓါးမမိုးစီချင်” ရခိုင်အမျိုးသားရေး သီချင်းခွေ စတင် ဖြန့်ချီ
by -
မင်းဆက်ခိုင်

ပြည်ပရောက် ရခိုင်လူငယ်များ ထုတ်လုပ်သည့် “ရိုးတောင်ထိပ်သို့ ဓါးမမိုးစီချင်” ရခိုင် အမျိုးသားရေး မိုနိုသီချင်း ခွေကို စတင် ဖြန့်ချီ နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ ...

ပြည်ပရောက် ရခိုင်လူငယ်များ ထုတ်လုပ်သည့် “ရိုးတောင်ထိပ်သို့ ဓါးမမိုးစီချင်” ရခိုင် အမျိုးသားရေး မိုနိုသီချင်း ခွေကို စတင် ဖြန့်ချီ နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

Arakanese-VCD-Karaokeထိုင်းနိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်မျိုးချစ် လူငယ်များ စုပေါင်း အားထုတ် ဖန်တီးထားသည့် အဆိုပါ သီချင်းစီရီးကို ယခုလတွင် စတင်ဖြန့်ချီခဲ့ကြောင်း စီစဉ်လုပ် ဆောင်သူ တဦးလည်းဖြစ်၊ တေးရေး ဆရာ တစ်ဦးလည်း ဖြစ်သူ ကိုဝေထွန်း(ခေါ်) ပုဏ္ဏားကျွန်းဇူးဝေ က ယခုကဲ့သို့ ပြောသည်။

“ဒီလထဲမှာ စတင်ဖြန့်ချီပါတယ်။ ဖြန့်ချီရေး တာဝန်ကိုတော့ ဂီတမှူး ကိုဟန်တာထွေး က တာဝန်ယူထားပါတယ်။ နိုင်ငံတကာမှာလည်း ဖြန့်နေပါပြီ။ ပြည်ထဲကိုလည်း ဖြန့်ဖို့ ရှိပါတယ်။ ပြည်ထဲကို ဖြန့်ရတာကတော့ လွယ်မယ် မထင်ပါဘူး။ သီချင်းတွေက အမျိုးသားရေးကို အခြေပြုပြီး ရေးသားထဲ့ သီချင်းတွေဖြစ်နေတော့ စစ်အစိုးရက တင်းတင်းကျပ်ကျပ် ပိတ်ပင်မယ် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် တော်လှန်ရေး နယ်မြေက ထုတ်တဲ့ သီချင်းတွေမို့ ပြည်သူကြားထဲ ရောက်အောင်ကို ဖြန့်ရမှာပါ။ ရခိုင်သူ သားတွေရဲ့ နားထဲကို ရောက်ဖို့ အဓိကပါ ရည်ရွယ်ပြီး ထုတ်တဲ့ ခွေဆိုတော့ ရောက်အောင်ကို ဖြန့်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ပြောသည်။

၎င်းအခွေ ထုတ်ဖြစ်ရခြင်းနှင့် ပတ်သက်၍လည်း ကိုဝေထွန်းက ယခုကဲ့သို့ ဆက်ပြောသည်။

“ကျနော်တို့ ပထမဆုံး ဂီတမှူးကိုဟန်တာထွေတို့နဲ့ ထိုင်း-မြန်မာနယ်စပ်မှာ ကျနော်တို့မှာ ရခိုင်အမျိုးသားရေး သီချင်းခွေ တခွေလောက်တော့ လုပ်ကြရအောင် ဆိုပြီးတော့ တွေ့ဆုံ ဆွေးနွေးဖြစ်ကြပါတယ်။ ရခိုင့် အမျိုးသားရေး သီချင်းခွေ တွေဆိုတာကလည်း ပြည်တွင်းမှာ ထုတ်လုပ်ခွင့်မရတော့ ဟိုမဆလ ပါတီ တက်လာတဲ့ အချိန်ကတည်းက ပျောက်ကွယ်လာတာ ကြာပါပြီ။ အဲဒီအတွက်ကြောင့် ကျနော်တို့ အမျိုးသားရေး တာဝန်တရပ်အနေနဲ့ အမျိုးသားရေး သီချင်းခွေတခွေ ထုတ်ဖြစ်အောင် ထုတ်ကြမယ်ဆိုပြီးတော့ တိုင်းပင် ညှိနိုင်းပြီး လုပ်ဖြစ်ကြတာပါ။”

အဆိုပါခွေတွင် သီချင်း ၁၁ပုဒ်ပါရှိပြီး သီချင်းများကို ကိုဝေထွန်း(ပုဏ္ဏားကျွန်းဇူးဝေ)နှင့် ရိုးမ နီဝန်းမောင် တို့မှ ရေးစပ်ထားပြီး သီချင်းများကို ရိုးမ နီဝန်းမောင်မှ သီဆို ထားသည်။

Arakanese-VCD-Karaoke-cover၎င်းအပြင် သူက“ အခွေလုပ်တဲ့နေရာမှာ အခက်အခဲတွေက အများကြီးရှိခဲ့ပါတယ်။ နယ်စပ်မှာ လုပ်ရတယ်ဆိုတော့ အခက်အခဲတွေ အများကြီးပါဘဲ။ စတူဒီယို အကြီး တွေမှာ လုပ်မယ်ဆိုတာကလည်း ကျနော်တို့မှာ ငွေရေးကြေးရေး အဆင် မပြေဘူး။ ဒီတွက် ကျနော်တို့ ကိုယ့်ဟာကိုယ် စတူဒီယို ဖန်တီးပြီးတော့ အကောင်းဆုံး ဖြစ်အောင် လုပ်ထားတာပါ။ ကုန်ကျ စရိတ်တွေကလည်း အသိ မိတ်ဆွေတွေဆီက အကူညီ တောင်းပြီး လုပ်ရတာဆိုတော့ စက်ပစ္စည်း တွေပိုင်းရော အစစ အရာရာမှာ မပြည့်စုံမှုတွေ အများကြီးပါ။ ဒါပေမယ့် ကျနော်တို့ ယုံကြည်ချက်အပြည့်နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ထားပါတယ်။ ပြီးတော့ ဒီအခွေကို ရခိုင်ပြည်သူတွေ နားထောင်လို့ တစုံတရာအထိ အမျိုးသားရေး စိတ်ဓာတ်တွေ ရှင်သန်နိုးထ လာရင် ကျနော်တို့ ကျေနပ်ပါတယ်။”

အဆိုပါခွေကို နိုင်ငံတကာတွင် ရောက်ရှိနေကြသော ရခိုင့်အသိုင်းအဝန်းကြားတွင် အမျိုးသားရေးအမြင်ဖြင့် အခကြေးငွေ သတ်မှတ်မထားပဲ စေတနာပေါက် ပုံစံမျိုးဖြင့် ဖြန့်ချီပေးနေကြောင်း သိရသည်။

“အခကြေးငွေ သတ်မှတ်ထားတာတော့ မဟုတ်ပါဘူး။ အမျိုးသားရေး အမြင်နဲ့ တတ်နိုင်တဲ့သူက တတ်နိုင်သလိုမျိုးပါ။ ငွေကြေးမတတ်နိုင်တဲ့ သူတွေဆိုရင်လည်း ကျနော်တို့ အခမဲ့ ပေးလိုက်ပါတယ်။ တတ်နိုင်တဲ့ ရခိုင်အမျိုးသားတွေကို အားပေးစေချင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ နောက်ထပ် ထုတ်လုပ်မယ်လို့ စီစဉ်ထားတဲ့ အခွေတွေလည်း ရှိပါတယ်။ ဒီတော့ ကျနော်တို့ ခရီးဆက်နိုင်အောင်လို့ပါ။ နောက်ထပ် “ဥဒါန်းမကျီ” ဆိုတဲ့ Rock သီချင်းခွေ တခွေစီစဉ်ထားပါတယ်။ သီချင်းတွေကလည်း အဆင်သင့်ဖြစ်နေပါပြီ ငွေကြေး အခက်အခဲကြောင့် မလုပ်ဖြစ်သေးပါဘူး။” ဟု ကိုဝေထွန်းက ပြောသည်။

ယခုထုတ်လုပ်ဖြန့်ချီလိုက်သော စီရီးတွင် “ရိုးတောင်ထိပ်သို့ ဓါးမမိုးစီချင်” အပါအဝင် သီချင််း ၁၁ ပုဒ် ပါရှိပြီး တခြားသီချင်းများမှာ အသည်းနှလုံးကို စတေးခြင်း၊သယံဇာတ ပေါကြွယ်ဝရေ ရခိုင်ပြည်၊ ရခိုင်ပြည်ကို လွမ်းပါရေ၊ ရဟန်းဇာနီ ဦးစိန္တာ၊ မိဘရိုးရာ မမိန့်စီချင်ပါ၊ ဝီးကွာရခြင်း အကြောင်း၊ ရခိုင်လူမျိုး၊ မဆုံနိုင်သိရေ ဖူးဇာချေ၊ တုနိုင်းမရ မွီးအမင်သို့ လွမ်းတေးကဗျာ၊ ဘုရားပေါင်းစုံ ဖူးချင်ရေ တို့ ဖြစ်ကြသည်။

ရခိုင်အမျိုးသားများ အကြိုက်တွေ့နိုင်သည့် သီချင်းခွေ ဖြစ်နိုင်ကြောင်း သိရသည်။

၎င်းခွေထဲမှ “ရိုးတောင်ထိပ်သို့ ဓါးမမိုးစီချင်” သီချင်းကို အောက်ဖော်ပြပါ လိခ်တွင် ကြည့်ရှု နားဆင်နိုင်သည်။

http://www.youtube.com/watch?v=vvP--7gj5Cg&feature=related

Most read this week