ရခိုင်တောရွာများမှ ချမ်းသာသူများ ဓါးပြရန်ကြောင့် မြို့အရပ်သို့ ပြောင်းရွှေ့

ရခိုင်တောရွာများမှ ချမ်းသာသူများ ဓါးပြရန်ကြောင့် မြို့အရပ်သို့ ပြောင်းရွှေ့
by -
နိရဥ္ဇရာ သတင်းဌာန

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် ကျေးရွာတချို့မှ ချမ်းသာသူ မိသားစုများမှာ ဓါးပြများသောင်းကျန်းနေသဖြင့် လုံခြံုရေးကောင်းမွန်ရာ နေရပ်များသို့ ပြောင်းရွှေ့နေကြကြောင်း သတင်းရရှိ ...

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် ကျေးရွာတချို့မှ ချမ်းသာသူ မိသားစုများမှာ ဓါးပြများသောင်းကျန်းနေသဖြင့် လုံခြံုရေးကောင်းမွန်ရာ နေရပ်များသို့ ပြောင်းရွှေ့နေကြကြောင်း သတင်းရရှိသည်။

ဒေသခံ တစ်ဦးက “ အခု ပြောင်းရွှေ့နေတဲ့ မိသားစုတွေကတော့ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းနဲ့ ရသေ့တောင်မြို့နယ် အနောက် မြောက်ပိုင်းဒေသ ဆက်စပ်တဲ့ နေရာမှာ တည်ရှိတဲ့ ကျေးရွာတွေက ဖြစ်ကြပါတယ်။ ဓါးပြတိုက်မူတွေ ဆက်တိုက်ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ ချမ်းသာတဲ့ မိသားစုတွေက ရဲစခန်းတို့၊ နစကစခန်းတို့ အခြေစိုက်တဲ့ နေရာတွေကို ပြောင်းရွှေ့နေကြတာ ဖြစ်ပါတယ်။ ခုတလော ရက်တွေ အတွင်း နေ့့တိုင်းလိုလို မိသားစုတွေ ပြောင်းရွေ့နေတာကို တွေ့နိုင်ပါတယ်။” ဟု ပြောသည်။

ဓါးပြများ ရန်ကို ကြောက်သဖြင့် လုံခြံုရေး ကောင်းမွန်သော နေရာများသို့ ပြောင်းရွှေ့နေကြသည့် ချမ်းသာသော မိသားစုများမှာ ဘူးသီးတောင် မြို့နယ်မှ ဆိုလျှင် ကျိန်ကျောင်၊ သာစည်၊ ဒိုးဝေရွာ၊ ကျွဲကော်မော်၊ သိမ်တောင်ပြင်၊ တောင်မော်၊ မောင်နှမ၊ အိုးသည်မ စသည့် ကျေးရွာများမှ ဖြစ်ကြပြီး ရသေ့တောင်မြို့နယ်မှ ဆိုလျှင် သိမ်တောင်၊ ဖက်လိပ် ပေါက်တော၊ ဖက်လိပ်၊ ကျောက်ရံ၊ ချွတ်ပြင်စသည့် ကျေးရွာများ ဖြစ်ကြကြောင်း သိရသည်။

အဆိုပါ ကျေးရွာများမှာ မေယူတောင် အရှေ့ခြမ်းတွင် တည်ရှိသော ကျေးရွာများ ဖြစ်ကြသည်။

“ အထူးသဖြင့် ပြောင်းရွှေ့နေကြတာကတော့ ဘူးသီးတောင်မြို့နယ် အတွင်းက ချမ်းသာတဲ့ သူတွေဆိုရင် နစကနဲ့ ရဲစခန်းရှိတဲ့ ညောင်ချောင်းကျေးရွာနဲ့ ဘူးသီးတောင်မြို့ပေါ်ကို ပြောင်းရွှေ့ကြပြီး ရသေ့တောင်နယ်က ဆိုရင် နစကနဲ့ ရဲစခန်းရှိတဲ့ စေတီပြင်ကို ပြောင်းရွှေ့ နေကြပါတယ်” ဟု သူက ပြောသည်။

ဘူးသီးတောင်တွင် တပ်ရင်း ၁ဝ ခုခန့်အပါအဝင် ဗျူဟာတစ်ခုနှင့် စကခ ၁၅ တပ်စွဲထားပြီး ရသေ့တောင်တွင်လည်း စစ်တပ် တပ်ရင်း သုံးခု တပ်စွဲထားပြီး ဓါးပြများ သောင်းကျန်းနေမူကို နှိမ်နှင်းနိုင်ခြင်း မရှိသဖြင့် ဓါးပြများမှာ ပိုမို အတင့်ရဲလာက ရခိုင်ပြည်နယ် အတွင်းပိုင်းထိ ဝင်ရောက် ဓါးပြ တိုက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ညောင်ချောင်းကျေးရွာ ဒေသခံ တစ်ဦးကလည်း “ ဓါးပြတွေက ကုလားတွေ ဓါးပြတွေ ဖြစ်ပါတယ်။ အခု လူပေါင်းက ၃ဝ ဆယ်ကျော်လာပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဓါးတွေ၊ တုတ်တွေ၊ သေနတ်တွေ အစုံကိုင်ပြီး နယ်စွန် နယ်ဖျားက ရွာတွေကို တရွာပြီး တရွာ ဓါးပြတိုက်မူတွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်။ ဟိုတလောတုန်းကတော့ နယ်စွန် နယ်ဖျားက ရွာတွေ မကတော့ဘဲ ညောင်ချောင်း နစက စခန်းအနီးမှာ တည်ရှိတဲ့ သိမ်တောင်ပြင် ကျေးရွာကို ဝင်ရောက် ဓါးပြတိုက်ပီး သေနတ်န့ ပစ်ခတ်တဲ့ အတွက် ရယက ဥက္ကဌမိန်းမမှာ သေနတ်ထိသွားပြီး ဘူးသီးတောင် ဆေးရုံကို တင်လိုက်ရပါသေးတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ဓါးပြသောင်းကျန်းနေမူကြောင့် ဒေသအတွင်း တည်ငြိမ်မူ မရှိဘဲ ဖြစ်နေသဖြင့် ယခုအခါ ဒေသခံ စစ်တပ်မှ ဓါးပြများကို တောနှင်း ရှာဖွေမူများ ပြုလုပ်နေသော်လည်း ယခုအချိန်ထိ တစုံတဦးကိုမျှ ဖမ်းဆီးနိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း သိရသည်။

Most read this week