ရခိုင်ပြည်နေ့ အခမ်းအနား ရန်ကုန်တွင် ကျင်းပ

ရခိုင်ပြည်နေ့ အခမ်းအနား ရန်ကုန်တွင် ကျင်းပ
by -
ထွန်းထွန်း

ယနေ့ကျရောက်သည့် ၃၅ နှစ်မြောက် ရခိုင်ပြည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန် (ကျောက်မြောင်း)တွင် ရခိုင် အမျိုးသား များက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ...

ယနေ့ကျရောက်သည့် ၃၅ နှစ်မြောက် ရခိုင်ပြည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန် (ကျောက်မြောင်း)တွင် ရခိုင် အမျိုးသား များက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Arakan-state-dayရခိုင်ပြည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်ပြီး တာဝန်ရှိ ရဟန်းတပါးက ယခုကဲ့သို့ နိရဥ္စရာကို ပြောသည်။

“ရခိုင်ပြည်နယ်နေ့ဟာ ခုအခါ ရခိုင်ပြည်နယ်ထဲမှာရော တခြား နေရာတွေမှာပါ သိပ်ကျင်းပပြုလုပ်တာကို မတွေ့ရတော့ဘူး။ ပြီးတော့ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရကလည်း တိုင်းရင်းသား တွေကို သိပ်မြေတောင် မြင့်ပေးချင်တဲ့ စိတ်မရှိဘူး။ မရှိတဲ့ အပြင် ပိုဆိုးတာက အုပ်ချုပ်နေတဲ့ စစ်ခေါင်းဆောင်တွေဟာ တိုင်းရင်းသား လူမျိုးများရဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာ ဓလေ့တွေကို တစစီ တစစီ ဖျက်စီးနေတာဟာ နှစ်ပေါင်း တော်တော်ကြာပါပြီး။ ဒါကြောင့်မိမိ တို့ ရန်ကုန်ရောက် ရခိုင်မိသားစုတွေ အနေနဲ့ ရခိုင်ပြည်နယ်နေ့ ဟာလည်း ခေတ်သစ် ရခိုင်သမိုင်းမှာ အရေးပါတဲ့ နေ့ဖြစ်တဲ့ အတွက် နောင်လာမယ့် ရခိုင်သား လူငယ်တွေကို ပြောစရာ ရှိတာတွေကို ပြောရအောင်နဲ့ ဒီနေ့ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့ ကိုလည်း ၀ိုင်းဝန်း ထိမ်းသိမ်းနိုင်ရန်အတွက် အဓိက ရည်ရွယ်ပြီး ပြုလုပ ်ရခြင်းဖြစ်ပါတယ်“ ဟု အဆိုပါ ဦးဇင်းကပြော သည်။

အခမ်းအနားတွင် ကြွရောက်လာသော ဆရာတော် သံဃာတော်များ အား လှူဖွယ် ၀ထ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြပြီး ရခိုင် စည်တော်ဖြင့် မင်္ဂလာရတုများ သီဆိုခဲ့ပြီး တက်ရောက်လာ သူများက ဆရာတော်မျာ၏ ဆုံးမ သြဝါဒခံယူခဲ့ကြသည်ဟု သိရသည်။

“နအဖ စစ်ခေါင်းဆောင်တွေ ဘယ်လောက်ဘဲ ရခိုင်လူမျိုးတွေရဲ့ နေ့ထူး နေ့မြတ်တွေကိုအရေး မစိုက် ပစ်ပယ်ထားပါစေ မိမိတို့ လူမျိုးနဲ့ သက်ဆိုင်တဲ့ နေ့ထူး နေ့မြတ်တွေကို မိမိတို့မှာ ထိန်းသိမ်းရမယ့် တာဝန် စောင်ေ့ရှာက်ရမယ့် တာဝန် ရှိပါတယ်။ ဒါဟာ မွန်မြတ်တဲ့ အမျိုးသားရေး အလုပ် ဖြစ်ပါတယ်။ လုပ်သင့် လုပ်ထိုက်တာကို ဆက်လုပ်သွားဖို့ အားလုံးကို တိုက်တွန်း ချင်ပါတယ်။”

ယခင်က ရခိုင်ပြည်နယ်နေ့ကို ရခိုင်ပြည်နယ်တွင် နှစ်စဉ် ကျင်းပ ကြပြီး လူတိုင်း ရခိုင်ပြည်နယ်နေ့ကို သိကြကြောင်း၊ စစ်တွေ ရခိုင်ပြည်နယ်နေ့မှာ အရမ်း စည်ကားကြောင်း၊ စစ်တွေမြို့ပေါ်ရှိ ယခု သဇင်ပန်းခြံ နေရာတွင် ဌာနဆိုင်ရာပေါင်းစုံမှ ရခိုင်ရိုးရာ အကပေါင်းစုံ၊ ပျော်ပွဲရွှင်ပွဲများ အပြင် ရခိုင်ရိုးရာ ကျင်ပွဲ၊ ရိုးရာ လောင်းလှေ ပြိုင်ပွဲ၊ စာစီ စာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများနှင့် တခြားပြိုင်ပွဲများကို ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သူက ပြောသည်။

အခမ်းအနားအား နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ အထိ ရန်ကုန် (ကျောက်မြောင်း) “ရန်ကင်းသာသနာပြုကျောင်းတိုက်“ တွင် ပြုလုပ် ခဲ့ပြီး စုစုပေါင်း လူအင်အား ၁၀၀ ကျော် တက်ရောက် ခဲ့ကြောင်း သိသည်။

Most read this week