လေဘေး ကယ်ဆယ်ရေး ပစ္စည်းများကို ရယကများ ရောင်းစား

လေဘေး ကယ်ဆယ်ရေး ပစ္စည်းများကို ရယကများ ရောင်းစား
by -
စောသူဝင်း

ကျောက်ဖြူမြို့နယ်တွင် ဒေသဆိုင်ရာ ရယက ဥက္ကဌ တချို့မှ လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့သော လေဘေး ကယ်ဆယ်ရေး ပစ္စည်းများကို ကိုယ်ကျိုးအတွက် ရောင်းစား....

ကျောက်ဖြူမြို့နယ်တွင် ဒေသဆိုင်ရာ ရယက ဥက္ကဌ တချို့မှ လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့သော လေဘေး ကယ်ဆယ်ရေး ပစ္စည်းများကို ကိုယ်ကျိုးအတွက် ရောင်းစားနေကြောင်း သတင်းရရှိပါသည်။

Relief-Aid-Cyclone-giri2ရောင်းစားနေသော ယ.ရ.က ဥက္ကဌ တချို့မှာ တောင်ရင်းအုပ်စု ဥက္ကဌနှင့် အရှေ့ပိုင်းရပ်ကွက် ဥက္ကဌတို့ ဖြစ်ကြောင်း ဒေသခံများက သည်။

တောင်ရင်းအုပ်စုမှ အမျိးသမီး တစ်ဦးက “တောင်ရင်း အုပ်စု ဥက္ကဌက ဆန် ၁၀ အိတ်ကို တစ်အိတ်ကို ၁၅၀၀၀ ကျပ်နှုန်းနဲ့ ရောင်းစား နေတာကို ကျွန်မ ကိုယ်တိုင်မြင်ခဲ့ရပါတယ်။ ခုလို ဒုက္ခသည်တွေကို ကူညီတဲ့ ဆန်အိတ်တွေကို ရောင်စားနေတာကို မြင်ရတော့ အထူးစိတ်မကောင်း ဖြစ်မိပါတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့ အရှေ့ပိုင်း ရပ်ကွက် ဥက္ကဌမှလည်း လေဘေးသင့် ထောက်ပံ့ပစ္စည်းများ ဖြစ်ကြသည့် ဆန်အိတ်များနှင့် အမိုးအကာ များကို ဆိုက်ကားများဖြင့် သယ်ယူပြီး တောင်ရင်း ရပ်ကွက်မှ စီးပွားရေးသမား တစ်ဦးထံသို့ ရောင်းချခဲ့သည်ဟု မျက်မြင်များက ပြောသည်။

အဆိုပါ ဆန်များမှာ လေဘေး ဒုက္ခသည်များအတွက် ကျောက်ဖြူမြို့ကို လှည့်လည်၍ ကောက်ခံထားသော ဆန်နှင့် တခြားမြို့နယ် အလှူရှင်များထံမှ ဒုက္ခသည်များအတွက် လှူဒါန်းထားသော ဆန်အိတ်များ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူ အပါအ၀င် ရခိုင်မှ လေဘေးသင့် ဒေသများတွင် ဆန်အပါအ၀င် လေဘေး အကူအညီများကို ကျေးရွာရပ်ကွက် ဥက္ကဌများမှတဆင့် လှူဒါန်းနေကြရာ မသမာသူ ရယက ဥက္ကဌ တချို့မှ ထိုသို့ လေဘေး အကူအညီများကို ကိုယ်ကျိုးအတွက် ရောင်စားနေကြခြင်း ဖြစ်သည်။

ကျေးရွာ ရယကများသာမက ရေတပ်နှင့် စစ်တပ်မှလည်း လေဘေး အကူအညီများ ယူဆောင်လာသော စက်လှေနှင့် မော်တော်ဘုတ် များကို လမ်းမှ ဖြတ်ပြီး ဆန်အိတ်များကို တောင်းခံကာ ကိုယ်ကျိုးအတွက် ရောင်းစားနေကြသည်ဟု ဒေသအတွင်းက လာသော သတင်းများတွင် ဖေါ်ပြသည်။

စစ်တွေမှ သူဌေး အမျိုးသမီး တစ်ဦးက လေဘေး ဒုက္ခသည်များအား လှူဒါန်းရန် မော်တော်ဘုတ် တစီးဖြင့် ယူဆောင်လာသော ဆန်အိတ် ၆၀၀ မှ ဆန်အိတ် ၂၀၀ ကို ပေါက်တောမြို့နယ်တွင် ကင်းလှည့်နေသော နေဗီ တစီးမှ “ကျန်တာကို သွားလှူ၊ ငါတို့အတွက် အိတ် ၂၀၀ ထားခဲ့ပါ” ဟု ဆိုကာ အတင်းအဓမ္မ ယူဆောင်သွားခဲ့သည်ဟု သိရသည်။

အလားတူ မြေပုံမြို့နယ်တွင်လည်း အတွင်း ငခူချောင်းကျေးရွာ၊ ငရွေကျေးရွာ၊ မြေပုံ အလယ်ပိုင်း၊ အထက်ပိုင်း ရပ်ကွက်များမှ ရယက ဥက္ကဌများလည်း ဆန်အပါအ၀င် လေဘေး ကူညီရေး ပစ္စည်းများကို ကိုယ်ကျိုးအတွက် ပေါ်ပေါ်ထင် ရောင်းစားနေကြသည်ဟု သိရသည်။

 

 

 

 

Most read this week