ရှမ်းခေါင်းဆောင် ဗိုလ်ချုပ် ဆေထဲန့် စစ်တွေ ထောင်သို့ ရောက်ရှိ

ရှမ်းခေါင်းဆောင် ဗိုလ်ချုပ် ဆေထဲန့် စစ်တွေ ထောင်သို့ ရောက်ရှိ

ထောင််ဒဏ် နှစ်ပေါင်း ၁၀၆ နှစ် ချမှတ်ခံထားရသော ရှမ်းအမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် ဆေထန့်သည် သြဂတ်စ်လ ရ ရက်နေ့က ရန်ကုန်မှ တဆင့် စစ်တွေသို့ ရောက်ရှိ....

ထောင််ဒဏ် နှစ်ပေါင်း ၁၀၆ နှစ် ချမှတ်ခံထားရသော ရှမ်းအမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် ဆေထန့်သည် သြဂတ်စ်လ ရ ရက်နေ့က ရန်ကုန်မှ တဆင့် စစ်တွေသို့ ရောက်ရှိလာကြောင်း သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ ထောင်နှင့် နီးစပ်သူ တဦးက "ရှမ်းခေါင်းဆောင် ဗိုလ်ချုပ် ဆေထန့်က နေ့လည် ၁ နာရီနဲ့ မိနစ် ၅၀ မှာ စစ်တွေ လေဆိပ်ကို ရောက်ပါတယ်။ စစ်တွေ လေဆိပ်ကနေ စစ်တွေကို ထောင်ကို ချက်ချင်း အစောင့် အရှောက် တွေနဲ့ ယူဆောင်လာခဲ့ပါတယ်။" ဟု ပြောသည်။

ဗိုလ်ချုပ် ဆေထန့်အား နအဖ စစ်အစိုးရမှ စစ်ကိုင်းတိုင်း ခန္တှီးထောင်မှ ပြောင်းရွှေ့ ယူဆောင်လာခြင်း ဖြစ်ပြီး စစ်တွေသို့ မရောက်မှီ မန္တလေး အိုးဘိုထောင်နှင့် ရန်ကုန် အင်းစိန်ထောင်သို့ တခုပြီး တခု ပြောင်းရွှေ့ခဲ့သည်။

" စစ်တွေထောင်ကို ယူဆောင်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာလည်း ကြာပါပြီ။ ထောင်မှာလည်း သူ့အတွက် နေရာပြင်ဆင်ထားတယ်လို့ သိရပါတယ်" ဟု သူက ဆက်ပြောသည်။

ဗိုလ်ချုပ် ဆေထန့်သည် အပစ်ရပ် (မြောက်ပိုင်း ) သျှမ်းပြည် တပ်မတော် နာယက ဖြစ်ပြီး သျှမ်းပြည် ပညာရှင်များ အတိုင်ပင် ကောင်စီ ဖွဲ့စည်းရာတွင် ပါ၀င်မူကြောင့် ၂၀၀၅ ခုနှစ် အတွင်းက တခြား ရှမ်းခေါင်းဆောင် ၉ ဦးနှင့် အတူ ဖမ်းဆီးခံခဲ့ရသည်။

နေပြည်တော် နအဖ စစ်အာဏာပိုင်များက ဗိုလ်ချုပ် ဆေထန့်အား ၂၀၀၅ ခုနှစ် နိုဝင်္ဘာလ ၃ ရက်နေ့တွင် ထောင်ဒဏ် ၁၀၆ နှစ်ချမှတ်ခဲ့သည်။
Sao-Hso-Ten
ဗိုလ်ချုပ် ဆေထန့်မှာ အသက် ရ၄ နှစ်ရှိပြီ ဖြစ်ပြီး ကျန်းမာရေးလည်း ချို့ယွင်းနေကြောင်း ရှမ်း သတင်း ရပ်ကွက်များအရ သိရသည်။

ယခု ဗိုလ်ချုပ် ဆဲထန့်အား ပြောင်းရွှေ့လိုက်သော စစ်တွေထောင်မှာ မြန်မာနိုင်ငံ အနောက်ဘက် ဒေသတွင် အကြီးမားဆုံး ဖြစ်ပြီး နယ်ချဲ့ ဗြိတိသျှတို့မှ သူတို့အား တော်လှန်သူ ပုန်ကန်သူများကို ဖမ်းဆီး ချုပ်နှောင်ရန် အတွက် စစ်တွေ ထောင်ကို ၁၈၂၄ ခုနှစ်က တည်ဆောက်ခဲ့သည်ဟု သိရသည်။

နအဖ စစ်အုပ်စုသည် ဗိုလ်ချုပ်ဆဲထန့်နှင့် ရှမ်းခေါင်းဆောင် များကို ပြည်ထောင်စုမှ ခွဲထွက် လိုသည်ဟု စွပ်စွဲပြီး နယ်ချဲ့ ဗြိတိသျှထက် ဆိုးရွားသော ပြစ်ဒဏ်များဖြင့် စီရင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 

 

 

 

 

Most read this week