ဘင်္ဂလာပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်သူ နစက ၂ ဦး ဖမ်းဆီးခံရ

ဘင်္ဂလာပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်သူ နစက ၂ ဦး ဖမ်းဆီးခံရ
by -
မောင်သန်းစိန်

ဘင်္ဂလာဒေချ့် နိုင်ငံ ပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်လာသူ မြန်မာနိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ နစကမှ အကြပ်အဆင့် အရာရှိ ၂ ဦးကို ဘင်္ဂလာဒေချ့် နယ်ခြားစောင့် တပ်ဖွဲ့ ဘီဒီအာရ်က ယမန်နေ့က ဖမ်းဆီး...

ဘင်္ဂလာဒေချ့် နိုင်ငံ ပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်လာသူ မြန်မာနိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ နစကမှ အကြပ်အဆင့် အရာရှိ ၂ ဦးကို ဘင်္ဂလာဒေချ့် နယ်ခြားစောင့် တပ်ဖွဲ့ ဘီဒီအာရ်က ယမန်နေ့က ဖမ်းဆီး လိုက်သည်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ တပ်ကြပ်ကြီး တင်အောင်စိုးနှင့် ဒုတပ်ကြပ် အောင်မျိုးသောင်း တို့ ဖြစ်ကြပြီး ယမန်နေ့ နံနက် ၁၁ နာရီတွင် သက်ဟေရမန် ရွာတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

သူတို့ နှစ်ဦးသည် တခြား နစက တပ်ဖွဲ့ ၅ ဦးခန့်နှင့် အတူ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြို- ခေါင်းတုံး နယ်စပ်မှ တဆင့် ဘင်္ဂလာဒေချ့် နိုင်ငံအတွင်းသို့ ကိုက် ၁၂၀ ကျော်ဝင်ရောက်ပြီး သက်ဟေရမန်ရွာတွင် အရက်သောက်နေစဉ် ဘီဒီအာရ်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ကျန်နစကများမှာ ထွက်ပြေး လွှတ်မြှောက်သွားကြောင်း သိရသည်။

ဘီဒီအာရ် သတင်းအရ နစကများသည် မိုင်တိုင် အမှတ် ၃၇ အနီး နယ်စပ်တွင် ဖွင့်လှစ်ထားသော အကောက်ဂိတ်မှ ဖြစ်ပြီး ရလာသည့် ပိုက်ဆံနှင့် ဘင်္ဂလာဒေချ့်နိုင်ငံတွင်းသို့ ၀င်ရောက်ပြီး အရက် သောက်နေကြောင်း သတင်းအရ သွားရောက် ၀ိုင်းဝန်း၍ သူတို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

၂၀၀၇ က ဘင်္ဂလာတွင် ဖမ်းဆီးခံခဲ့ရသော နစက ၂ ဦး (ဓါတ်ပုံ-နိရဥ္စရာ)

ယခုအခါ သူတို့ကို ဘင်္ဂလာဒေချ့် အာဏာပိုင်များက စစ်ဆေးမေးမြန်းမူများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ နစကများ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး မြန်မာဘက်မှ အခုအချိန်ထိ တစုံတရာ တုန့်ပြန်မူ မရှိသေးကြောင်း သိရသည်။

Most read this week