တိုကင် အသုံးပြုသည့် မောင်တောမှ စျေးဆိုင်ပိုင်ရှင် ၃၀ ကို ရဲက ခေါ်ယူ ထိန်းသိမ်း

တိုကင် အသုံးပြုသည့် မောင်တောမှ စျေးဆိုင်ပိုင်ရှင် ၃၀ ကို ရဲက ခေါ်ယူ ထိန်းသိမ်း
by -
တာကလူး
မြန်မာ နိုင်ငံ၏ အနောက်ဘက် အစွန်ဆုံး စီးပွားရေး အရ အချက် အချာမြို့ ဖြစ်သည့် မောင်တောတွင် ငွေစက္ကူ အကြွေ ရှားပါး နေသည့် အတွက် ငွေစက္ကူ အစား တိုကင်ပြားများ ထုတ်လုပ် အသုံးပြုနေ ...

မြန်မာ နိုင်ငံ၏ အနောက်ဘက် အစွန်ဆုံး စီးပွားရေး အရ အချက် အချာမြို့ ဖြစ်သည့် မောင်တောတွင် ငွေစက္ကူ အကြွေ ရှားပါး နေသည့် အတွက် ငွေစက္ကူ အစား တိုကင်ပြားများ ထုတ်လုပ် အသုံးပြုနေသည့် စျေးဆိုင်ပိုင်ရှင် ၃၀ ကို ရဲက မနေ့က ခေါ်ယူ ထိန်းသိမ်း လိုက်သည်။

kyat-50-noteအမည်မဖေါ်လိုသူ စီးပွားရေး သမား တဦးက “ သူတို့ကို မနေ့က နံနက် ၁၀ နာရီခန့်မှာ မောင်တောရဲစခန်းမှာ တိုကင် ကိစ္စ ဆွေးနွေးစရာ ရှိတယ်ဆိုပီး ခေါ်ယူကာ ဖမ်းဆီး ထိန်းသိမ်း လိုက်တာ ဖြစ်ပါတယ်။ မနေ့ကတော့ စစ်ဆေးမေးမြန်းမူတွေ လုပ်တယ်။ ဒီကနေ့မှာတော့ ရုံးတင်မယ်လို့ သိရပါတယ်။” ဟု ပြောသည်။

မောင်တောမြို့တွင် ငွေအကြွေ အထူး ရှားပါးနေသဖြင့် ၂၀၀ ကျပ်တန်၊ ၁၀၀ ကျပ်တန်နှင့် ၅၀ ကျပ်တန်အစား တိုကင် ငွေစက္ကူများကို စျေးဆိုင် ပိုင်ရှင်များက ရိုက်နှိပ် ထုတ်လုပ်ကာ သုံးစွဲ နေကြခြင်း ဖြစ်သည်။

“ခုလို အသုံးပြုနေတာကတော့ စျေးဆိုင်တွေရော၊ စျေးဝယ် သူတွေပါ အဆင်ပြေတဲ့ အတွက် နားလည်မူနဲ့ တိုကင်တွေ ကို ရိုက်နှိပ် သုံးစွဲနေကြတာ ဖြစ်ပါတယ်။ တိုကင်တွေမှာ စျေးဆိုင် နာမည်နဲ့ ငွေကြေးတန်ဖိုးကို ရိုက်နှိပ်ထားတယ်။ အဲဒီ တိုကင်တွေနဲ့ မောင်တောမြို့အတွင်းမှာ စျေးဝယ်တဲ့ နေရာမှာ အသုံးပြုလို့ရပါတယ်” ဟု သူက ဆက်ပြောသည်။

ရဲက ခေါ်ယူ ထိန်းသိမ်း ခံရသူများထဲတွင် ဖြ်ိုးလဘက်ရည် ဆိုင်ပိုင်ရှင်၊ ရွှေနှင်းဆီ လဘက်ရည်ဆိုင် ပိုင်ရှင်၊ ခိုင်ထွန်း စားသောက်ကုန် ဆိုင်ပိုင်ရှင်၊ စေတနာ စတိုး ဆိုင်ပိုင်ရှင်၊ စန်းသီဟ လဘက်ရည် ဆိုင်ပိုင်ရှင်၊ ရွှေပျံလွှား ပိုင်ရှင်နှင့် ပိတောက်ရိပ် စတိုးဆိုင် ပိုင်ရှင်များ ပါ၀င်သည်ဟု သိရသည်။

Note-200ksယခုကဲ့သို့ တိုကင် ပြဿနာ တက်လာခြင်းမှာ မောင်တော မြို့မစျေးရှိ မာမတ်ဆောယော့ဒ် အထည်ဆိုင်၊ အာဘူတာဟေ စားကုန်ဆိုင်၊ ခိုင်ထွန်း စားကုန်ဆိုင်၊ ရပ်ကွက် (၂) မှ ကော်ရိမ္မူလာ ကုန်စုံဆိုင်၊ ရပ်ကွက် (၄) မှ ဖိနပ်ဆိုင်၊ ဇီးကာဖီ လဘက်ရည်ဆိုင်၊ ဖြိုးလဘက်ရည်ဆိုင်၊ စမ်းသီဟ လဘက်ရည်ဆိုင်တို့မှ ထုတ်ပေး ထားသည့် တိုကင်များနှင့် အမှတ် (၃)ရပ်ကွက်ရှိ အောင်ဝင်း ဆိပ်ကမ်း အကောက်အဖွဲ့မှ ထုတ်ပေးသည့် ၀ိမလ တိုကင်များကို ယခုရက်ပိုင်းအတွင်း ထုတ်ပေးထားသူများမှ လက်ခံရန် ငြင်းဆိုခဲ့ရာမှ စတင် ဖြစ်ပွား လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်တော မြို့နယ် အတွင်း လက်ရှိ လည်ပတ်နေသည့် တိုကင်ငွေ တန်ဖိုး စုစုပေါင်းမှာ ကျပ်သိန်း ၅၀၀ နီးပါးဖိုးခန့် ရှိုပြီး လွန်ခဲ့သော နှစ်များစွာကတည်းကပင် တိုကင်ကို တွင်တွင်ကျယ်ကျယ် အသုံးပြု နေကြကြောင်း စုံစမ်းသိရှိရသည်။

အာဏာပိုင်များက တိုကင် ထုတ်ပေးသူ စျေးဆိုင်ပိုင်ရှင်များကို ဖမ်းဆီးသည်သာမက ယခုအခါ တိုကင် သုံးစွဲခွင့်ကိုပါ ရုတ်တရက် ပိတ်ပင် လိုက်ခြင်းကြောင့် ပြသနာများ ပိုမို ရှုပ်ထွေးသွားပြီး ဆင်းရဲသား ပြည်သူများကို နစ်နာမူ ဖြစ်စေသည်ဟု မြို့လူကြီး တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ပြသနာရဲ့ ဇစ်မြစ်ကို အရင် မရှင်းပဲ ဒီလို ရုတ်တရက် ပိတ်ပင် လိုက်တာဟာ ပြသနာတွေကို ပိုမို ရှုပ်ထွေးသွားအောင် လုပ်လိုက်တာနဲ့ တူတယ်။ ဒီတိုကင်တွေ လည်ပတ်နေတာ ကြာပီဆိုတော့ ဒီလို ပိတ်လိုက်တာဟာ သာမန် ဆင်းရဲသား ပြည်သူတွေကို ထိခိုက်နစ်နာသွားအောင် လုပ်လိုက်တာနဲ့ အတူတူပဲ ဖြစ််ပါတယ်။ အများကတော့ ခုလို လုပ်လိုက်တဲ့ အပေါ် အထူး မကျေမနပ် ဖြစ်နေကြပါတယ်” ဟု ပြောသည်။

မြန်မာ နအဖ စစ်အစိုးရ အနေဖြင့် ငွေအကြွေ စက္ကူ ရှားပါးနေသဖြင့် ပြည်သူများ စျေးဝယ် စျေးသုံးရာတွင် လွယ်ကူချော့မွေ့နိုင်ရေး အတွက် အစိုးရဘဏ်များမှ တဆင့် ငွေကြွေ အသစ်များကို လှဲလှယ် ထုတ်ပေးနေကြောင်း ကျေညာသော်လည်း မောင်တောမြို့ အပါအဝင် ရခိုင်ပြည်နယ်တွင် ထုတ်ပေး လှဲလှယ် ခြင်း မရှိကြောင်း သိရသည်။

ယခု ဖမ်းဆီးမူကို မောင်တောခရိုင် ဥက္ကဌသစ် ထွန်းနိုင်လင်း အမိန့်အရ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဒေသ မောင်တောမြို့နယ်အတွင်း အာဏာပိုင်များက ယခုကဲ့သို့ ပုဂ္ဂလိက ငွေတိုကင်များကို ပိတ်ပင်လိုက်ပြီးနောက် ငွေအကြွေ လည်ပတ်မှုရှိလာစေရန် မြန်မာ့ စီးပွားရေးဘဏ် ဒေသ ဌာနခွဲမှ အာမခံ တိုကင်များကို များမကြာမှီ ထုတ်ပေးသွားမည် ဖြစ်ကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

Most read this week