ရွှေဝါရောင်မျိုးဆက်အဖွဲ့မှ လူထု အခြေပြု လူပ်ရှားမူ ပထမ ခြေလှမ်း စတင်

ရွှေဝါရောင်မျိုးဆက်အဖွဲ့မှ လူထု အခြေပြု လူပ်ရှားမူ ပထမ ခြေလှမ်း စတင်
ရွှေဝါရောင်မျိုးဆက် ဒီမိုကရေစီ လိုလားသူများ အဖွဲ့မှ လူထု အခြေပြု နိုင်ငံရေး လူပ်ရှားမူ ပထမ ခြေလှမ်းကို ရန်ကုန်မြို့တွင် စတင် လိုက်ပြီ...

ရွှေဝါရောင်မျိုးဆက် ဒီမိုကရေစီ လိုလားသူများ အဖွဲ့မှ လူထု အခြေပြု နိုင်ငံရေး လူပ်ရှားမူ ပထမ ခြေလှမ်းကို ရန်ကုန်မြို့တွင် စတင် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့နှင့် နီးစပ်သူ တဦးက “ အခု စတင်လိုက်တဲ့ ပထမ ခြေလှမ်းမှာ ရည်ရွယ်ချက် ၆ ချက်ပါရှိပြီးတော့ အဲဒီ ရည်မှန်းချက်တွေ ပေါက်မြောက် အောင်မြင်အောင် လူထုတွေနဲ့ ဆက်စပ် ဆောင်ရွက်သွားမယ့် အစီအစဉ် ဖြစ်ပါတယ်” ဟု ပြောသည်။

ပထမ ခြေလှမ်း အဖြစ် လူထုထံမှ အဆိုပါ ရည်မှန်းချက်များ အောင်မြင်နိုင်အောင် လက်မှတ်များ ကောက်ခံ စုဆောင်းသွားမည် ဖြစ်သည်ဟု သူက ပြောသည်။

“ခုပြုလုပ်မယ့် လူထု အခြေပြု လူပ်ရှားမူ ပထမ ခြေလှမ်းကို ဒီလ ရ ရက်နေ့က စတင်ပြီး ဇူလိူင်လ ရ ရက်နေ့ထိ သုံးလတိုင်တိုင် လုပ်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန် အပါအဝင် နယ် (၇) နယ်မှာ အဖွဲ့ဝင်တွေက လူပ်ရှား စည်းရုံးမူတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ စတင် လူပ်ရှားတဲ့နေ့က လက်မှတ်ပေါင်း ၃၀၀ ကျော် စုဆောင်း ရရှိပါတယ်။” ဟု ပြောသည်။

လက်မှတ်တွေ စုဆောင်းပြီး လူထု အခြေပြု လူပ်ရှားမူ လုပ်ရခြင်း ရည်ရွယ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနှင့် မတရား ဖမ်းဆီး ချုပ်နှောင် ခံထားရသော ကျောင်းသားများ အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြန်လည် ပြင်ဆင်ရန်၊ ၂၀၁၀- ရွှေးကောက်ပွဲ ဥပဒေကို ပြန်လည် ပြင်ဆင်ရန်၊ ၁၉၉၀ - ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရန်၊ ၁၉၉၀- ခုနှစ် ရွေးကောက်ပွဲ ရလဒ်အရ ပေါ်ထွက်လာသော ပြည်သူ့ လွှတ်တော်အား လုပ်ပိုင်ခွင့် အပ်နှင်းရန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား တရားဝင် ရပ်တည်ရန်တို့ အတွက် ဖြစ်သည်ဟု သိရသည်။

ရွှေဝါရောင် မျိုးဆက်သစ် ဒီမိုကရေစီ လိုလားသူများ အဖွဲ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များ၊ Youth- 109 မှ လူငယ်များ၊ ၂၀၀၇ မျိုးဆက်ကျောင်းသား (ရန်ကုန်)နှင့် တခြား ဒီမိုကရေစီ အရေး ဆောင်ရွက်နေကြသော ပြည်သူများ ပါ၀င်သည်ဟု သိရသည်။

စုဆောင်း ရရှိသော လက်မှတ်များကို မည်သည့် အဖွဲ့အစည်းကိုမှ တင်ပြသွားမည် မဟုတ်ဘဲ ဦးဝင်းတင် အပါအဝင် အဖွဲ့ခေါင်းဆောင်များထံတွင် သိမ်းဆည်း ထားမည် ဖြစ်ပြီး အလျဉ်းသင့်သလို မီဒီယာများမှ တဆင့် လက်မှတ်များ မည်မျှ ရရှိသည်ကို ကျေညာပြီး နအဖ စစ်အစိုးရကို မပြတ်သိရှိအောင် ပြုလုပ်သွားမည် ဟု သိရသည်။

Most read this week