ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ မှတ်ပုံတင်

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ မှတ်ပုံတင်
by -
စံလင်း
ရခိုင် အမျိုးသားရေး အင်အားစုဖြင့် ဖွဲ့စည်းထားသော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီသည် ၂၀၁၀ခုနှစ် မေလ ၄ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထား....

(နိရဥ္စရာ) ရခိုင် အမျိုးသားရေး အင်အားစုဖြင့် ဖွဲ့စည်းထားသော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီသည် ၂၀၁၀ခုနှစ် မေလ ၄ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့သည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အနေဖြင့် မိမိတို့ထံ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့သည်ဟု ရွှေးကောက်ပွဲကော်မရှင်က မေလ ၅ ရက်နေ့က ထုတ်ပြန်သည်။

အဆိုပါ ပါတီတွင် ရန်ကုန်နှင့် ရခိုင်ပြည်နယ် အနှံ့အပြားမှ လူလတ်ပိုင်း ပညာတတ် လူငယ်များ ပါ၀င်ပြီး အများစု ခေါင်းဆောင်များမှာ ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ မှတ်ပုံတင်ခဲ့သော နိုင်ငံရေး ပါတီများမှ ဖြစ်ကြသည်။

ပါတီ၏ အဓိကရည်ရွယ်ချက်မှာ ရခိုင်ပြည်သူများ၏ ဆင်းရဲမွဲတည်မူကို တိုက်ဖျက်ရန်နှင့် ရခိုင်စာပေ ယဉ်ကျေးမူ အနုပညာများကို မြှင့်တင်ရန် ဖြစ်သည်ဟု ခေါင်းဆောင် တဦးက ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ မှတ်ပုံတင်ပြီးနောက် ၂၀၁၀ ခုနှစ် နအဖမှ ပြုလုပ်မည့် ရွှေးကောက်ပွဲသို့ ၀င်မည့် ရခိုင်ပြည်နယ်မှ ပါတီ ၃ ခုရှိသွားပြီ ဖြစ်သည်။

Arakan-poor

အဆိုပါ ပါတီ ၃ ခုမှာ မြို(ခေါ်) ခမိ အမျိုးသား ညီညွတ်ရေး အဖွဲ့ (မ.ခ.မ.ည.ဖ) ပါတီ၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု ပါတီ နှင့် ယခု အသစ် ထွက်ပေါ် လာသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ တို့ ဖြစ်သည်။

မြို (ခေါ်) ခမိ အမျိုးသား ညီညွတ်ရေးအဖွဲ့သည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင် မှတ်ပုံတင်ခွင်ကို ၂၀၁၀ ခုနှစ် ဧပြီလ ၉ ရက်နေ့ လျှောက်ထားပြီး ဧပြီလ ၂၈ ရက်နေ့တွင် ရွှေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေး ပါတီ တည်ထောင်ခွင့်ပြု ခဲ့သည်။

မ.ခ.မ.ည.ဖ ပါတီ၏ ဥက္ကဌမှာ ဦးစံသာအောင်နှင့် အထွေထွေ အတွင်းရေးမှူးမှာ ဦးလာဘွေး ဖြစ်ပြီး ၎င်းပါတီသည် ၉၀ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ အမတ် တစ်နေရာ ရရှိခဲ့သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု ပါတီမှာ ၂၀၁၀ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထား ခဲ့ပြီး မေလ ၄ ရက်နေ့တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် ခွင့်ပြုချက်ရသည်။ ပါတီ၏ ဥက္ကဌမှာ ဦးအေးကြိုင် ဖြစ်ပြီး အဖွဲ့ဝင် ၁၅ ဦး ပါဝင်သည်။

မေလ ၅ ရက်နေ့ထိ ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့ ၃၀ ရှိပြီး ထိုအထဲမှ ၂၄ ဖွဲ့ကို နအဖ ရွှေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေး ပါတီ တည်ထောင်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။

Most read this week