အသစ်ရောက်ရှိလာသော အမြောက် တပ်ရင်း အတွက် ရခိုင်လူထုပိုင် လယ်မြေများ ဆက်လက် သိမ်းဆည်းခံရ

အသစ်ရောက်ရှိလာသော အမြောက် တပ်ရင်း အတွက် ရခိုင်လူထုပိုင် လယ်မြေများ ဆက်လက် သိမ်းဆည်းခံရ
by -
မောင်အေး
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် နအဖ စစ်အစိုးရမှ အသစ်တိုးချဲ့ချထားလိုက်သည့် အမြောက် တပ်ရင်း အမှတ် ၃၇၇ အတွက် ဒေသခံ ရခိုင်လယ်သမားများ ပိုင်ဆိုင်သည့်လယ်မြေ ဧက၂၀၀၀၀ နီးပါးကို မကြာသေးမီက တပ်ပိုင်မြေအဖြစ် စစ်အစိုးရမှ သိမ်းဆည်းလိုက်ကြောင်း ကံစောက်ကျေးရွာသား...

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် နအဖ စစ်အစိုးရမှ အသစ်တိုးချဲ့ချထားလိုက်သည့် အမြောက် တပ်ရင်း အမှတ် ၃၇၇ အတွက် ဒေသခံ ရခိုင်လယ်သမားများ ပိုင်ဆိုင်သည့်လယ်မြေ ဧက၂၀၀၀၀ နီးပါးကို မကြာသေးမီက တပ်ပိုင်မြေအဖြစ် စစ်အစိုးရမှ သိမ်းဆည်းလိုက်ကြောင်း ကံစောက်ကျေးရွာသား တဦးကပြောသည်။

“သိမ်းထားတာက အများကြီးပါဘဲ၊ ဧကသောင်းနဲ့ချီပြီးရှိတယ်။ တပ်ရင်းအဆောက်အဦး တွေနဲ့ သူတို့ တပ်မိသားစုတွေ နေဖို့လို့ပြောတယ်။ အခု တပ်ဆောက်အဦးတွေ ဆောက် နေပြီ။”ဟု သူက ပြောသည်။

ယခု အသစ်ရောက်ရှိလာသည့် အမြှောက်တပ်ရင်းမှာ အမှတ် ၃၇၇ ဖြစ်ပြီး ရခိုင်ပြည်နယ်သို့ နောက်ဆုံး ရောက်ရှိလာသော အမြှောက်တပ်ရင်း ဖြစ်သည်။

ယခု သိမ်းဆည်းထားသည့် လယ်မြေများမှာ ကျောက်တော်မြို့နယ် ကျေးရွာများ ဖြစ်ကြသည့် ကန်စောက် ၊ ပလောင်ချောင်း၊ ပြိုင်းဆိတ်၊ ပြိုင်းချောင်း၊ ပြိန်းတော၊ ဇနိတောင်၊ ၀ဲကြီးထောင့်၊ လက်ပုချေကျေး ရွာနှင့် တောင်ပူဇာကျေးရွာများမှ လယ်မြေများဖြစ်သည်။

kyauk-taw-village.285

၎င်းပြင် အဆိုပါ တပ်ရင်းအနီးတွင် အမြောက်တပ်ရင်းမှ ကျေးရွာ တရွာကို တည်ဆောက်ရန် စီစဉ်နေသည်ဟု လည်း သတင်းထွက်ပေါ်နေသည်ဟု သူက ပြောသည်။

“ အခုက ဗမာပြည်က အိုးအိမ်မဲ့နဲ့ လမ်းဘေးက လူတွေကို ခေါ်ယူလာပြီး တပ်ရင်းနားက ပြိုင်းချောင်းမှာ ရွာချပေး မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရခိုင်ပြည်နယ်မှာ ဗမာရွာတွေ တည်ဆောက်ပေးမယ့် နအဖ စီမံကိန်းအရလို့ ပြောနေကြတယ်။”

တခြားတဘက်တွင်လည်း ပုဏ္ဍားကျွန်းနှင့်ကျောက်တော်သို့ သွားရာ မော်တော်ကားလမ်း ဘေးဝဲယာ တလျှောက်တွင် အစိုးရ ဌာနဆိုင်ရာများမှ ဒေသခံများပိုင်ဆိုင်သည့် လယ်မြေများကို ရော်ဘာခင်းနှင့် ကြက်ဆူခင်းများချရန် သိမ်းဆည်းထားဟု သိရသည်။

“သိမ်းထားက ဌာနတွေ အများကြီးပါ။ ရဲ ၊ စစ်တပ်၊ သစ်တော၊ ကြံဖွံ့ မျိုးစုံပါဘဲ။ ဌာနတခု ၅ ဧက ၁၀က အထိ သိမ်းထားပါတယ်။ ပြီးတော့ ဌာန ဆိုင်းဘုတ်တွေ စိုက်ထားတယ်၊ အဲဒီ နေရာတွေမှာ အခုဆို ထင်းတောင်မခုတ်ရတော့ဘူး။ ဒေသခံ ရခိုင်လူထုတွေက လယ်မဲ့ယာမဲ့တွေ ဖြစ်ကုန်ပါပြီ”ဟု အဆိုပါ ဒေသခံမှ ဆက်ပြောသည်။

kyauk-taw-village
ရခိုင်ပြည်နယ်တွင် ၁၉၈၈ ခုနှစ်က တပ်ရင်း ၃ ရင်းသာ ရှိသော်လည်း နောက်ပိုင်း နအဖ စစ်အစိုးရမှ တပ်ရင်းပေါင်း ၆၀ ကျော်ကို တပ်စွဲထားသည်။ ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ တပ်ရင်း အများအပြား ချထားခြင်း ရည်ရွယ်ချက်မှာ ဒေသခံ ပြည်သူပိုင် လယ်မြေများကို သိမ်းပိုက်ရန်နှင့် လူမျိုးရေးအရ သွေးရောရန် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယခုအခါ ရခိုင်ပြည်နယ် တခုလုံး၏ မြေဧက ထက်ဝက်ခန့်ကို စစ်တပ်မှ နည်းမျိုးစုံဖြင့် အကြောင်းပြကာ သိမ်းပိုက် ထားပြီဖြစ်ကြောင်း ပြည်တွင်းမှလာသည့် သတင်းများအရ သိရသည်။

Most read this week