ရွှေးကောက်ပွဲအတွက် ပြည်သူ့စစ် သင်တန်းများ ဆက်လက် ပို့ချ

ရွှေးကောက်ပွဲအတွက် ပြည်သူ့စစ် သင်တန်းများ ဆက်လက် ပို့ချ
by -
မင်းဆက်ခိုင်
ရခိုင်ပြည်နယ် အနှံ့အပြားတွင် နအဖ စစ်အာဏာပိုင်များက ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ပြည်သူ့စစ် သင်တန်းများ တခုပြီး တခုဖွင့်လှစ်နေရာ လွန်ခဲ့သော အပတ် ...

(နိရဥ္စရာ) ရခိုင်ပြည်နယ် အနှံ့အပြားတွင် နအဖ စစ်အာဏာပိုင်များက ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ပြည်သူ့စစ် သင်တန်းများ တခုပြီး တခုဖွင့်လှစ်နေရာ လွန်ခဲ့သော အပတ်က ဘူးသီးတောင်မြို့နယ်တွင် လူပေါင်း ၁၂၀ ပါ၀င်သည့် ပြည်သူ့စစ် သင်တန်း တခုကို လွန်ခဲ့သော အပတ်က ဖွင့်လှစ်ပို့ချခဲ့သည်။

ညောင်ချောင်း ကျေးရွာမှ အရပ်သား တဦးက “ အခုလို ပြည်သူ့စစ်သင်တန်းတွေကို ရခိုင်ပြည်နယ်ထဲက မြို့နယ် တခုပြီး တခုမှာ ဖွင့်လှစ်နေပါတယ်။ သူတို့က ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲအတွက် လူထု အင်အားတွေကို သိမ်းကျုံးပြီး စုစည်း နေပါတယ်။ ကျနော်တို့ရွာမှာ ပြုလုပ်တဲ့ သင်တန်းမှာ ရွာပေါင်း ၅ ရွာက လူပေါင်း ၁၂၀ ပါ၀င်ပါတယ်။ သူတို့ကို လက်နက်ကိုင် တပ်ဖွဲ့က ကိုင်တွယ်ပြီးတော့ စီမံဆောင်ရွက် သွားပါလိမ့်မယ်” ဟု ပြောသည်။

ယခု ပြုလုပ်သော သင်တန်းတွင် ညောင်ချောင်းကျေးရွာမှ ၃၀ဦး ၊ ကျိန်းကျောင်းကျေးရွာမှ ၂၅ဦး၊ မာန်အောင်ကျေးရွာမှ ၁၀ဦး၊ သေကန် ခွဆုံကျေးရွာမှ ၂၅နှင့် စေတီတောင်ကျေးရွာမှ ၃၀ဦး စုစုပေါင်း သင်တန်းသား ၁၂၀ တို့ ဖြစ်သည်။

ပြည်သူ့ စစ်သင်တန်းကို ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာတွင် နိုဝင်္ဘာလ ၁ရက်နေ့မှထိ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

Most read this week