စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းအတွက် အနာဂတ်စွမ်းအင်နဲ့ မြန်မာ စစ်အစိုးရတို့ စာချုပ် ချုပ်ဆို

စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းအတွက် အနာဂတ်စွမ်းအင်နဲ့ မြန်မာ စစ်အစိုးရတို့ စာချုပ် ချုပ်ဆို
နအဖ စစ်အစိုးရ၏ အမှတ် ၁ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ရေအား လျှပ်စစ် ဦးစီးမှူးဌာနနှင့် အနာဂတ် စွမ်းအင် ကုမ္ပဏီ လီမီတက်တို့သည် စိုင်းတင်ရေအားလျှပ်စစ် စီမံကိန်းကို အကောင်အထည် ဖေါ်ဆောင်ရွက်ရန် ...

နအဖ စစ်အစိုးရ၏ အမှတ် ၁ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ရေအား လျှပ်စစ် ဦးစီးမှူးဌာနနှင့် အနာဂတ် စွမ်းအင် ကုမ္ပဏီ လီမီတက်တို့သည် စိုင်းတင်ရေအားလျှပ်စစ် စီမံကိန်းကို အကောင်အထည် ဖေါ်ဆောင်ရွက်ရန်အတွက် နားလည်မှု စာချွန်လွှာကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရုံးတွငင် နိုဝင်္ဘာလ ၅ရက်နေ့ ညနေက ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

စိုင်းတင်ရေတံခွန်မှာ ရခိုင်ပြည်နယ် တွင်အကြီးမားဆုံး ရေတံခွန် တခု ဖြစ်ပြီး ဘူးသီးတောင်မြို့နယ်တွင် တည်ရှိသည်။ လျှပ်စစ်ဓါတ်အား မီကာဝပ် ရ၀ ထိ ထုတ်လုပ်နိုင်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်း တွက်ချက်ထားသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက အုပ်ချုပ်သူ အစိုးရများက စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းကို အကောင်အထည်ဖေါ် တည်ဆောက်ရန် စီစဉ်လာခဲ့သည်။ ယခု တကြိမ်နှင့်ပါ ဆိုလျှင် (၃)ကြိမ် တိတိ ရှိခဲ့ပြီ် ဖြစ်သည်။

၁၉၈၈ခုနှစ် နဝတ စစ်အစိုးရ အာဏာရရှိလာသော အခါတွင်လည်း ရခိုင်တပြည်နယ်လုံး လျှပ်စစ်မီး လင်းရစေရမည် ဆိုသော ကြွေးကြော်သံနှင့် စိုင်းတင် ရေအားစီမံကိန်းကို အကောင်အထည် ဖေါ်မည်ဟု ကျေညာခဲ့သည်။

သို့သော်လည်း အကြောင်းပြချက် တစုံတရာ မရှိဘဲ နောက်ပိုင်းတွင် ရပ်တန့် ပစ်ခဲ့သည်။

၁၉၈၈ ခုနှစ် နအဖ စစ်အစိုးရ အာဏာ ရယူပြီးနောက်ပိုင်း နှစ်ပေါင်း ၂၂ အရောက်တွင် ဆက်လက် အကောင်အထည်ဖေါ်ရန် စစ်အစိုးရမှ ပြန် စီစဉ်လာသည်။ ထိုကဲ့သို့ စီစဉ်လာမူအေပါ် ဘူးသီးတောင်မြို့မှ နိုင်ငံရေး လူပ်ရှားနေသူ လူကြီးတဦးက ယခုကဲ့သို့ ပြောသည်။

“ အခု စိုင်းတင် ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည် ဖေါ်မယ်ဆိုတာက ၂၀၁၀ရွေးကောက်ပွဲအတွက် ရခိုင်လူထုကို စည်းရုံးတာဘဲ ဖြစ်မယ်။ သူတို့( နအဖစစ်အစိုးရ) အမှန်တကယ် အားဖြင့်လည်း လုပ်ပေးမယ်မထင်ဘူး။ ရခိုင်ပြည်နယ်ကို တိုးတက်စေချင်တဲ့ ဆန္ဒ သူ့တို့မှာ ရှိရင် အရင်ကတည်းက လုပ်ပေးထားပြီးပြီလေ။”

ယခု တကြိမ်တွင်လည်း နအဖ စစ်အစိုးရက စိုင်းတင်ရေအား လျှပ်စစ် ဓါတ်အား စီမံကိန်းကို တည်ဆောက် ပေးမည်ဟု လူသိရှင်ကြား ကျေညာထားသော်လည်း နအဖ စစ်အစိုးရမှ လုပ်မှ လုပ်ပေးပ့ါ မလားဆိုပြီး ရခိုင်ပြည်သူများက သံသယ ရှိနေကြသည်အတွက် သူက ပြောဆိုသွားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစ ဖဆပလခေတ်တွင် ဝန်ကြီးချုပ် ဦးနုက ပထမဆုံး စိုင်းတင် စီမံကိန်းကို စတင် အကောင်းအထည်ဖေါ်ခဲ့သည်။

သို့သော်လည်း ဗမာပြည်ကွန်မြူနစ် တပ်ဖွဲ့ဝင်တစုက စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းကို လာရောက်တည် ဆောက်နေသော အမေရိကန်နိုင်ငံသား အင်ဂျင်နီယာ တဦးကို သတ်ဖြတ် ပစ်ခဲ့သောကြောင့် ၎င်းစီမံကိန်းကို ဦးနုအစိုးရက လုံခြံုရေးကို အကြောင်းပြုပြီး နောက်ပိုင်းတွင် ရပ်တန့် ခဲ့သည်။

ယခုကဲ့သို့ နိုင်ငံခြားသား အင်ဂျင်နီယာ တဦးကို သတ်ပစ်ခြင်းမှာ စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းကို ရပ်တန့်ပစ်လို၍ ဖြစ်သည်ဟု ရခိုင်လူထုက ယုံကြည်ကြသည်။ အဆိုပါ သတ်ဖြတ်မူကို အစိုးရနှင့် ဗမာပြည်ကွန်မြူနစ်ပါတီက ပူပေါင်း လုပ်ကြံခဲ့သည်ဟု အဆိုပါ အချိန်က သတင်းများ ထွက်ပေါ်ခဲ့သည်။ စိုင်းတင် ရေအားလျှပ်စစ်ကို ထုတ်လုပ်နိုင်ပါက ရခိုင်ပြည်နယ်မှာ ပြည်မထက် ဖွံ့ဖြိုးတိုးတက်သွားနိုင်သဖြင့် ရခိုင်ပြည်နယ်တိုးတက်မူ အပေါ် မလိုလားသော ဗမာနိုင်ငံရေး သမားများက ကြံဆောင်ခဲ့သည်ဟု ရှေ့မှီ နောက်မှီ ရခိုင် နိုင်ငံရေး သမား တဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်သော မြစ်ချောင်းအင်းအိုင် ရေတံခွန်များနှင့် သဘာဝ ဓာတ်ငွေ့များ အလျှံအပယ် ထွက်သော ပြည်နယ် တခုဖြစ်ပေမယ့်လည်း နအဖ စစ်အစိုးရက ဂရုမစိုက် ပစ်ပယ်ထားသောကြောင့် မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအား အနည်းဆုံး သုံးစွဲရသော ပြည်နယ် တခု ဖြစ်သည်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေ အပါအဝင် မြို့များ အားလုံးမှာ တနေ့ကို လျှပ်စစ်မီး (၂)နာရီ သာ ရှိပြီး တောလက်ကျေးရွာများမှာ လွတ်လပ်ရေး ရပြီး နှစ်ပေါင်း (၆၀) ကျော်သွားပြီ ဖြစ်သော်လည်း ယခုအချိန်ထိ အစိုးရထံမှ လျှပ်စစ်မီး ရရှိခံစားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Most read this week