နယ်စပ် ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် မြန်မာနှင့် ဘင်္ဂလာဒေချ့်တို့ သဘောတူ

နယ်စပ် ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် မြန်မာနှင့် ဘင်္ဂလာဒေချ့်တို့ သဘောတူ
နှစ်နိုင်ငံအကြား နယ်စပ် ပြဿနာများ ပေါ်ပေါက်ပါက အဆိုပါ ပြဿနာကို နှစ်ဘက်နိုင်ငံ အနေဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းသွားရန် မြန်မာနှင့် ဘင်္ဂလာဒေချ့်တို့ သဘောတူညီခဲ့ကြ ...

နှစ်နိုင်ငံအကြား နယ်စပ် ပြဿနာများ ပေါ်ပေါက်ပါက အဆိုပါ ပြဿနာကို နှစ်ဘက်နိုင်ငံ အနေဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းသွားရန် မြန်မာနှင့် ဘင်္ဂလာဒေချ့်တို့ သဘောတူညီခဲ့ကြသည်။

အဆိုပါ သဘောတူညီမူကို ယမန်နေ့က ပြုလုပ်ခဲ့သော တပ်မှူး အဆင့် နှစ်နိုင်ငံ အလံတင် အစည်းအဝေးတွင် သဘောတူ ညီခဲဲ့ကြခြင်း ဖြစ်သည်။

နှစ်ဘက် တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို ယမန်နေ့ နံနက်က မောင်တောမြို့ နစက ဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့ကြပြီး သဘောတူညီမူ အများအပြားကို ရရှိခဲ့သည်ဟု သတင်းများတွင် ဖေါ်ပြသည်။

သဘောတူညီမူများထဲတွင် နယ်စပ်တွင် ပြဿနာများ ပေါ်ပေါက်လာပါက တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းရန်နှင့် တခြား လူဝင်လူထွက်တားဆီးရေး ကိစ္စနှင့် အကျဉ်းသား ဖလှယ်ရေး ကိစ္စရပ်များတွင် သဘောတူညီမူများ ရရှိခဲ့သည်ဟု သိရသည်။

အစည်းအဝေးတွင် မြန်မာ နစက ဌာနချုပ် ကွက်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးမှ ခြံစည်းရိုးကာရံနေသည်မှာ နိင်ငံတကာ ဥပဒေဘောင် အတွင်းမှ ကာရံနေခြင်း ဖြစ်ပြီး ခြံစည်းရိုးကာရံနေရသော ရည်ရွယ်ချက်မှာ လက်နက်ကိုင် စစ်သွေးကြွ အုပ်စုများနှင့် နိုင်ငံခြားသားများကို ခိုးဝင်နေမူကို တားဆီးရန်အတွက် ဖြစ်သည်ဟု ပြောကြားသည်ဟု သိရသည်။

၄င်းပြင် ယခုကဲ့သို့ ခြံစည်းရိုးကာရံနေခြင်းမှာ ဘင်္ဂလာဒေချ့်နိင်ငံကို တစုံတရာ အနှောင့်အယှက် ပေးရန်အတွက် မဟုတ်ကြောင်းနှင့် ယခုကဲ့သို့ ခြံစည်းရိုးကာရံထားခြင်းဖြင့် နှစ်နိုင်ငံ နယ်စပ် အတွင်း ကြီးထွားနေသော မှောင်ခို လုပ်ငန်းများကို တားဆီးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဘီဒီအာရ် သတင်းရပ်ကွက်အရ သိရသည်။

၎င်းပြင် အစည်းအဝေးတွင် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလာဒေချ့်သို့ မူဆလင်များ ခိိုးဝင်နေသော ကိစ္စ၊ နတ်မြစ်အတွင်းမှ ဘင်္ဂလာ ငါးဖမ်းသမားများကို မြန်မာ နစကမှ ပြန်ပေးဆွဲနေသော ကိစ္စနှင့် မှောင်ခို တားဆီးရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ယခု အစည်းအဝေးမှာ နယ်စပ် တင်းမာမူ ဖြစ်ပွားပြီးနောက် နှစ်ဘက် တပ်မှူး အဆင့် ပြုလုပ်သော အဆင့်မြင့်ဆုံး အစည်းအဝေး ဖြစ်ပြီး မြန်မာဘက်မှ ၁၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို နစက ဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်ကြီးက ဦးဆောင််ပြီး ဘင်္ဂလာဒေချ့်ဘက်မှ ၁၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို စစ်တကောင်းတိုင်း ဘင်္ဂလာရိုင်ဖယ် တပ်မှူး ဗိုလ်မှူးကြီး ဒီဒါရုလ် အာလမ် ချော်ဒူရီ ဦးဆောင် တက်ရောက်ခဲ့သည်။

Most read this week