ချင်းပြည်နယ်မှ ကြွက်အုပ်များ ရခိုင်ပြည်နယ် မြောက်ပိုင်း ယာခင်းများကို ၀င်ရောက်ဖျက်ဆီး

ချင်းပြည်နယ်မှ ကြွက်အုပ်များ ရခိုင်ပြည်နယ် မြောက်ပိုင်း ယာခင်းများကို ၀င်ရောက်ဖျက်ဆီး
ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ယာခင်း အများအပြားကို ကြွက်များ အုပ်စုလိုက် ၀င်ရောက် ဖျက်ဆီးပြီးနောက် ယခုအခါ အဆိုပါ ကြွက်အုပ်များမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်းသို့ ၀င်ရောက် ,,,

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ယာခင်း အများအပြားကို ကြွက်များ အုပ်စုလိုက် ၀င်ရောက် ဖျက်ဆီးပြီးနောက် ယခုအခါ အဆိုပါ ကြွက်အုပ်များမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်းသို့ ၀င်ရောက်လာပြီ်း ယာခင်းများကို ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

“ အခု ကြွက်တွေ အုပ်စုလိုက် ၀င်ရောက်ပြီး ယာခင်းတွေကို ဖျက်ဆီးနေတာကတော့ ဘူးသီးတောင်မြို့နယ်က စိုင်းတင်ချောင်းဖျားပိုင်းမှာ ဖြစ်ပါတယ်။ အဲဒီဒေသက ချင်းပြည်နယ်နဲ့ နယ်စပ်ချင်း ဆက်စပ်နေတော့ ကြွက်တွေက ဒီဘက်ကို ဆင်းလာပြီး ဖျက်ဆီးနေတာ ဖြစ်ပါတယ်” ဟု ဒေသခံ တဦးက ပြောသည်။

ယခု ဖျက်ဆီးခံနေရသော ယာခင်းများမှာ အဆိုပါ ဒေသတဝိုက်တွင် နေထိုင်သော မြို၊ မြံု၊ ဒိုင်းနက် တောင်ပေါ်သားများ ပိုင်ဆိုင်သော ယာခင်းများ ဖြစ်ပြီး ဘင်္ဂလာဒေချ့်နှင့် နယ်စပ်ချင်း ထိစပ်နေသော ဒေသများ ဖြစ်သည်။

သူက “ ကြွက်အုပ်တွေမှာ ပါလာတဲ့ ကြွက်တွေက အကောင်ကြီးတွေပါ။ အများစုက အကောင်ကြီးပြီး စပါးတွေကို စားထားရတဲ့ အတွက် ၀တုတ်နေပါတယ်။ တကောင် တကောင်က အလေးချိန် တကီလိုလောက်ထိရှိပါတယ်။ အုပ်စု တစုမှာ ကောင်ရေ ထောင်ချီပြီး ပါတဲ့အတွက် ယာရှင်တွေအနေနဲ့ မနှိမ်နှင်းဘဲ ဖြစ်နေကြရပါတယ်” ဟု ပြောသည်။

ဖျက်ဆီးခံရသော ယာခင်းမှာ အဆိုပါ ဒေသ အနီးတဝိုက်တွက် ဧက ၁၀၀ ကျော်ရှိနေပြီး ယာခင်းတိုင်းလိုလို ဖျက်ဆီးခံနေရသည်ဟု သိရသည်။

ယခုကဲ့သို့ ယာခင်းများ ဖျက်ဆီးခံရပြီးနောက် တောင်ပေါ်သား ဒေသခံများတွင် အစားအသောက် ပြတ်လပ်သွားသဖြင့် ဆန်များကို နီးစပ် အစိုးရအာဏာပိုင်များက ထောက်ပံ့ကူညီ နေရသည်ဟုလည်း ဒေသခံ တဦးက ပြောသည်။

ယခုကဲ့သို့ ယာစပါး ပေါ်ချိန်တွင် ယာခင်း အများအပြား ဖျက်ဆီးခံရသဖြင့် ဘူးသီးတောင် မြို့နယ် မြောက်ပိုင်းတွင် နေထိုင်သော တောင်ပေါ် သားများ အနေဖြင့် စားဝတ်နေရေးနှင့် ပတ်သက်ပြီး အခက်အခဲများ ကျရောက် ဖြစ်ပေါ် နေကြောင်း သတင်းရရှိသည်။

Most read this week