ဘင်္ဂလာဒေချ့် စစ်တကောင်း တောင်တန်းနယ်တွင် မြန်မာနိုင်ငံသား မူဆလင်များကို ဖမ်းဆီးမူ ပိုများလာ

ဘင်္ဂလာဒေချ့် စစ်တကောင်း တောင်တန်းနယ်တွင် မြန်မာနိုင်ငံသား မူဆလင်များကို ဖမ်းဆီးမူ ပိုများလာ
by -
မောင်အေး
ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် မြန်မာနိုင်ငံမှ တရားမဝင် နေထိုင်နေသည့် မြန်မာနိုင်ငံသား မူဆလင်များကို ဘင်္ဂလာရဲက လိုက်လံ ဖမ်းဆီးမူမှာ ယခုအခါ ပိုမိုများပြားလာသည်ဟု သတင်းရရှိ ...

ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် မြန်မာနိုင်ငံမှ တရားမဝင် နေထိုင်နေသည့် မြန်မာနိုင်ငံသား မူဆလင်များကို ဘင်္ဂလာရဲက လိုက်လံ ဖမ်းဆီးမူမှာ ယခုအခါ ပိုမိုများပြားလာသည်ဟု သတင်းရရှိသည်။

ယခုတပတ်တည်း အတွင်း ဖမ်းဆီးခံရသူ ၂၄ ဦးရှိပြီး အားလုံးကို စစ်တကောင်း တောင်တန်းနယ်မှ ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ရဲအဖွဲ့က ထုတ်ဖေါ်ပြောကြားသာ်။

ဘင်္ဂလာရဲက သူတို့အား စစ်တကောင်းတောင်တန်းနယ် ဘင်ဒရာဘင်ခရိုင် အလယ် ခေါင်တောင်မြို့နယ်မှ အင်တိုလီ၊ ပင်ဘာဇာ၊ မြောက်ပါလင်ပါရာနှင့် ရှောဘူးဂေါနာ စသည့် နယ်မြေတို့ မှ ဖမ်းဆီးရမိကြောင်း ပြောသည်။

သူတို့ အထဲမှ ၁၈ ဦးကို ဗုဒ္ဓဟူးနေ့နှင့် ၁၀ ဦးကို အင်္ဂါနေ့ ညဉ့်အချိန်များတွင် မသင်္ကာသော အိမ်များကို ၀င်ရောက် ရှာဖွေရာမှ ဖမ်းဆီးမိခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသည် မြန်မာမူဆလင်များမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ ဖြစ်ကြသည်ဟု ဘင်္ဂလာရဲများက ပြောသည်။

သူတို့ကို မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်ရန် အတွက် ယမန်နေ့က နတ်ကျောက်ဆိုးရီး အခြေစိုက် အမှတ်(၁၅) နယ်ခြားစောင့်တပ်ဖွဲ့သို့ လွဲပြောင်းလိုက်သည်။

မြန်မာနိုင်ငံမှ ဘင်္ဂလာဒေချ့် စခန်းတွင် နေထိုင်သူ မူဆလင် ဒုက္ခသည် ၂၄၀၀၀ အား ဘင်္ဂလာဒေချ့် လက်ရှိ အစိုးရမှ ပြန်ပို့ရန် လိုလားနေသလို တဘက်တွင်လည်း တရားမဝင် ၀င်ရောက်နေထိုင်သူများကို ဘင်္ဂလာအစိုးက ဖမ်းဆီးပြီး ပြန်လည် မောင်းထုတ်မူများကို ပြုလုပ်နေသည်။

လွန်ခဲ့သော အပတ်ကလည်း မြန်မာနိုင်ငံမှ မူဆလင် ၂၀ ကျော် ကို ဘင်္ဂလာ အာဏာပိုင်များက မြန်မာဘက်သို့ ပြန်လည် မောင်းထုတ်ပစ်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံမှ ၀င်ရောက်နေထိုင်သူ မူဆလင် အများစုမှာ ဘင်္ဂလာဒေချ့် နိုင်ငံတွင် အတွင်း မကောင်းမူ လုပ်ငန်းများတွင် ပါ၀င် ပတ်သက်နေသဖြင့် ဘင်္ဂလာဒေချ့် နိုင်ငံအနေဖြင့် အနာဂတ်တွင် ထိန်းမနိုင်သိမ်းမရ ဖြစ်မည်ကို စိုးရိမ်ကာ ယခုကဲ့သို့ ဖမ်းဆီး ပို့ဆောင်နေခြင်း ဖြစ်သည်ဟု ဘင်္ဂလာ သတင်းစာများက ထုတ်ဖေါ်ရေးသားသည်။

Most read this week