စစ်တွေတွင် ငလျင်လှုပ်ခဲ့သော်လည်း အပျက်အစီး မရှိ

စစ်တွေတွင် ငလျင်လှုပ်ခဲ့သော်လည်း အပျက်အစီး မရှိ
ယနေ့ (အင်္ဂါနေ့) နံနက် ၂ နာရီ ၂၀ မိနစ်ကတွင် စစ်တွေတွင် ငလျင်တခု အင်အား ပြင်းပြင်းဖြင့် လှုပ်ခဲ့သည်ဟု စစ်တွေ မြို့ခံ တဦးက ပြောသည်။ “အချိန်က ညဉ့် ၂ နာရီ မိနစ် ၂၀ ခန့်မှာ ဖြစ်ပါတယ်။ လှုပ်တဲ့ အချိန်က ၆ စက္ကန့် ရ စက္ကန့်လောက် ကြာပါတယ် ..

ယနေ့ (အင်္ဂါနေ့) နံနက် ၂ နာရီ ၂၀ မိနစ်ကတွင် စစ်တွေတွင် ငလျင်တခု အင်အား ပြင်းပြင်းဖြင့် လှုပ်ခဲ့သည်ဟု စစ်တွေ မြို့ခံ တဦးက ပြောသည်။

“အချိန်က ညဉ့် ၂ နာရီ မိနစ် ၂၀ ခန့်မှာ ဖြစ်ပါတယ်။ လှုပ်တဲ့ အချိန်က ၆ စက္ကန့် ရ စက္ကန့်လောက် ကြာပါတယ်။ အချိန်က နည်းနည်းကြာတော့ လူတိုင်းက သတိပြုမိ ကြပါတယ်” ဟု ပြောသည်။

သို့သော်လည်း ရေတက်ခဲ့သလား မတက်ခဲ့သလား ဆိုသည်ကိုတော့ သူအနေနှင့် မသိရှိကြောင်း ပြောသည်။

ပစိဖိတ် ဆူနာမီ သတိပေးဌာနမှ မြန်မာ၊ အင်ဒိုးနီးရှား၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလာဒေချ့် သြဂတ်စ်လ ၁၀ ရက်နေ့တွင် ဆူနာမီ သတ်ိပေးမူ ပေါ်ထွက်ခဲ့ပြီးနောက် ယခု ငလျင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ဆူနာမီ ဖြစ်နိုင်သည့် မြန်မာနိုင်ငံမှ ဒေသများမှာ စစ်တွေ၊ မာန်အောင်၊ ဧရာဝတီတိုင်း၊ မြိတ်နှင့် ရန်ကုန်တို့ ပါ၀င်သည်ဟု သိရသည်။

ယမန်နေ့က ငလျင်မှာ ရန်ကုန်နှင့် ဧရာဝတီတိုင်းတွင်လည်း လှုပ်ခတ်ခဲ့သည်ဟု သိရှိပြီး အထိအခိုက် ရှိမရှိ သတင်းကို အသေးစိတ် မသိရသေးကြောင်း သတင်းများက ဖေါ်ပြသည်။

ဘင်္ဂလာဒေချ့်၊ ဂျပန်၊ အိန္ဒိယနှင့် သီရိလင်္ကာ နိင်ငံများတွင်လည်း ငလျင် လှုပ်ခဲ့သည်ဟု သိရသည်။

Most read this week