အိန္ဒိယ-မြန်မာ နယ်စပ်တွင် ၀က်တုတ်ကွေးဟု သံသယရှိသူ ၅ ဦးတွေ့ရှိ

အိန္ဒိယ-မြန်မာ နယ်စပ်တွင် ၀က်တုတ်ကွေးဟု သံသယရှိသူ ၅ ဦးတွေ့ရှိ
by -
မောင်ရမ္မာ
အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် တည်ရှိသော ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ မရိတ်ဝကျေး ရွာတွင် ၀က်တုတ်ကွေးဟု သံသယရှိသူ ၅ ဦးတွေ့ရှိပြီး သူတို့၏နှခေါင်းမှ ထွက်သောအရည်များကို စစ်ဆေးရန် ဓါတ်ခွဲခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိ ...

(နိရဥ္စရာ) အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် တည်ရှိသော ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ မရိတ်ဝကျေး ရွာတွင် ၀က်တုတ်ကွေးဟု သံသယရှိသူ ၅ ဦးတွေ့ရှိပြီး သူတို့၏နှခေါင်းမှ ထွက်သောအရည်များကို စစ်ဆေးရန် ဓါတ်ခွဲခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

“၀က်တုတ်ကွေးရောဂါ လို့ထင်ရတဲ့ လူနာ ၅ ယောက်ရဲ့ နှာခေါင်းမှ ထွက်လာတဲ့အရည်တွေကို ၀က်တုတ်ကွေးရောဂါ သေချာမှုရှိမရှိ စစ်ဆေးဖို့အတွက် ဓါတ်ခွဲခန်းကို ပို့ထားပါတယ်။”ဟု အမည်မဖေါ်လိုတဲ့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောသည်။

၎င်းအပြင် သူက “ရောဂါဖြစ်ပွါးနေသူတွေကတော့ လူပေါင်း ၆၀ ကျော်ရှိနေပါတယ်။ လူပေါင်း ၂၂ ယောက်ဟာ ဖါလ်စီပါရာ ငှက်ဖျားရောဂါ ခံစာနေရတဲ့ သူတွေဖြစ်ပါတယ်။ အဲဒီအထဲက ရောဂါပြင်း ထန်ပြီး ၀က်တုတ်ကွေးလို့ သံသယရှိသူ ၅ ဦးရဲ့ ရောဂါကိုစစ်ဆေးဖို့အတွက် ဓါတ်ခွဲခန်းကို ပို့ထား ပါတယ်”ဟု ဆက်ပြောသည်။

အဆိုပါကျေးရွာတွင် ရောဂါဖြစ်ပွါးနေသူအရေအတွက်မှာ တစတစ တိုးပွါးလာသဖြင့် ယခုအခါ လူနာပေါင်း ၆၀ ကျော်ရှိပြီး ထိုအထဲမှ ၂၂ ယောက်မှာ ဖါလ်စီပါရာ ငှက်ဖျားရေဂါ ခံစားနေရသူများ ဖြစ်ပြီး ထိုအထဲမှ ရောဂါပြင်းထန်သော လူနာ ၅ ဦးကို ၀က်တုတ်ကွေးရောဂါဟု သံသယရှိနေသဖြင့် သူတို့၏ နှာခေါင်းမှ ထွက်သော အရည်များကို စစ်ဆေးရန် ဓါတ်ခွဲခန်းသို့ ပို့ဆောင်ထားသည်ဟု သိရှိရသည်။

ရောဂါဖြစ်ပွါးနေသော လူများမှာ များသောအားဖြင့် ကလေးများဖြစ်ကြသည်ဟု အဆိုပါ ဒေသမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းတဦးက ပြောသည်။

ယခုအခါ ၎င်းဒေသအတွင်း ရောဂါ ဖြစ်ပွါးမှု တိုးပွါးလာသဖြင့် ၀တ်တုတ်ကွေးဟု သံသယဖြစ်နိုင်သော လူနာများနှင့် တခြားလူနာများကို စောင့်ကြည့်ရန် ကျန်းမာရေးမှူး ဒေါက်တာ သန်းဌေးနှင့် ကျန်းမာ ရေးလုပ်သားများကို အထက်က ညွန်ကြားထားသည်ဟု သိရှိရသည်။

အဆိုပါဒေသတွင် လွန်ခဲ့သောအပတ်ကပင် အမည်မသိရောဂါဖြင့် အိန္ဒိယဘက်က ကျေးရွာနှစ်ရွာမှာ လူကြီးတဦးနှင့် ကလေး ၆ ဦး ရုတ်တရက်သေဆုံးသွားသောကြောင့် နအဖ စစ်တပ်က နှစ်နှိင်ငံ ခရီး သွားလာခွင့်ကို ပိတ်ပင်ထားခဲ့သည်။

Most read this week