ရခိုင်ပြည်နယ် မြို့တော် စစ်တွေရှိ တပ်ရင်းများကို အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန်

ရခိုင်ပြည်နယ် မြို့တော် စစ်တွေရှိ တပ်ရင်းများကို အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန်
by -
မောင်အေး
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်အစိုးရ ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပေါ်ပေါက်မည့် သတင်းများ ထွက်ပေါ်နေသဖြင့် စစ်တွေ အခြေစိုက် တပ်ရင်းများကို အရေးပေါ် ညွန်ကြားချက် ထုတ်ပြန် ထားကြောင်း သတင်း ရရှိ ...

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်အစိုးရ ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပေါ်ပေါက်မည့် သတင်းများ ထွက်ပေါ်နေသဖြင့် စစ်တွေ အခြေစိုက် တပ်ရင်းများကို အရေးပေါ် ညွန်ကြားချက် ထုတ်ပြန် ထားကြောင်း သတင်း ရရှိသည်။

အဆိုပါ ညွန်ကြားချက်ကို ယမန်နေ့က ဒေသ စစ်ဆင်ရေးနှင့် ကြီးကြပ်ရေးမှူးက ထုတ်ပြန် ထားခြင်းဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူ တဦးက ပြောသည်။

အဆိုပါ ညွှန်ကြားချက်တွင် နေ့စဉ် လူထု လှုပ်ရှားမှုများ အခြေအနေကို အနောက်ပိုင်းတိုင်း ဒု တိုင်းမှူး ဗိုလ်ချုပ် တင်လှိုင် (ယာယီ)ကို နေ့စဉ် နေ့လည် ၁၂ နာရီထက် နောက်မကျဘဲ ဒေသဆိုင်ရာ တာဝန်ရှိသူများက တင်ပြရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

၎င်းပြင်သူက “ညွန်ကြားချက် ထုတ်တာက သြဂတ်(စ်) ၁၃ ရက်နေ့ စစ်တွေ ဆန်ပြဿနာနေ့ မရောက်ခင် စစ်တွေမှာ လူငယ်တွေ လှုပ်ရှားမှု တခုခု လုပ်မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေတဲ့အတွက် ဖြစ်ပါတယ်။ ရခိုင်လူထုကလည်း အထွေထွေ စီးပွားရေး အကျပ်အတည်းကြောင့် မကျေနပ်မူတွေ အထူး တိုးပွားနေပါတယ်။ ပေါက်ကွဲမယ် ဆိုရင်လည်း ပေါက်ကွဲနိုင်တဲ့ အနေအထားမျိုး ရှိနေတာကို တွေ့ရပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်လူထုမှာ မကြံုစဖူး စီးပွားရေး အကျပ်အတည်း ဆိုက်ရောက်နေပြီး လူတိုင်းလိုလို စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ထိုကဲ့သို့ စီးပွားရေး အကျပ်အတည်းများကြောင့် လူထု အတွင်း စစ်အစိုးရ အပေါ် အထူး မကျေနပ်မူများလည်း တိုးပွား နေသည်ဟု ပြည်တွင်းက လာသော သတင်းများ အရ သိရသည်။

စစ်တွေ ဆန်ပြဿနာနေ့ကို နှစ်စဉ် နှစ်တို်င်း ရခိုင် အမျိုးသားများက အနည်းနှင့် အများဆိုသလို ကျင်းပ ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင် သြဂတ်(စ်) ၁၃ မတိုင်မှီ စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်မည့် သတင်းများ စစ်တွေတွင် ထွက်ပေါ်နေသည်ဟု သိရသည်။

စစ်တွေ ဆန်ပြဿနာနေ့မှာ ၁၉၆၇ ခုနှစ် သြဂတ်(စ်)လ ၁၃ ရက်နေ့တွင် ဗိုလ်နေဝင်း ဦးဆောင်သည့် မဆလ အစိုးရ စစ်သားများက စစ်တွေမြို့တွင် ဆန္ဒပြခဲ့ကြသော ရခိုင်အမျိုးသား ၃ဝဝ ကျော်ကို သတ်ပစ်ခဲ့သော နေ့ဖြစ်သည်။

Most read this week