မြန်မာနိုင်ငံသား ၅ ဦးကို ဘင်္ဂလား အာဏာပိုင်များက ဖမ်းဆီး

မြန်မာနိုင်ငံသား ၅ ဦးကို ဘင်္ဂလား အာဏာပိုင်များက ဖမ်းဆီး
မြန်မာနို်င်ငံမှ တရားမဝင်ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၅ ဦးကို စစ်တကောင်း တောင်တန်း နယ် ဘင်ဒရိုဘင်ခရိုင်အတွင်း ဘင်္ဂလားအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရှိရ ...

 
မောင်အေး(နိရဥ္စရာ) မြန်မာနို်င်ငံမှ တရားမဝင်ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၅ ဦးကို စစ်တကောင်း တောင်တန်း နယ် ဘင်ဒရိုဘင်ခရိုင်အတွင်း ဘင်္ဂလားအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
 
အဆိုပါ မြန်မာနိုင်ငံသားများကို လာမားမြို့နယ် ကျော်ဇောပါရာမှ တနင်္လာနေ့ညဉ့်တွင် ဘင်္ဂလာရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
 
ဖမ်းဆီးခံရသူများမှာ ရှေဒူရာဟာမန်(၁၈)နှစ််၊ ဇီရာအူရာဟာမန်(၂၂)နှစ်၊ ဇာဖါးအာလာမ်(၂၀)၊ နုရ်အာလာမ်(၂၈)နှစ််နှင့်် အာဘဒူရ်ဟာကိန်း(၂၅)နှစ်တို့ဖြစ်သည်။
 
ယခုဖမ်းဆီးခံရသူများမှာ မူဆလင်အမျိုးသားများဖြစ်ကြပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ နယ်မှ ဖြစ်ကြကြောင်း ထွက်ဆိုဝန်ခံထားသည်ဟု သိရသည်။
 
ယခုအခါ အဆိုပါ မြန်မာနိုင်ငံသားများကို လာမားမြို့ ရဲစခန်းတွင် ထိမ်းသိမ်းထားပြီး တရားမဝင် ခိုးဝင်မှုနှင့််တရားစွဲဆိုထားသည်။
 
မြန်မာမူဆလင်အများစုမှာ ယခင်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် နယ်ချင်းထိ စပ်နေ သည့် ဘင်္ဂလာဒေ့ချ်နိုင်ငံ တက်ကနာမြို့နယ်နှင့် အိုခီးယားစသည့် နယ်မြေများမှ အုပ်စုလိုက် ၀င်ရောက်မှုရှိနေခဲ့သော်လည်း ယခုအခါ စစ်တကောင်းတောင်တန်းနယ်ဘက်မှ ၀င်ရောက် လာခြင်းဖြစ်သည်။
 
လွန်ခဲ့သည်နှစ်လခန့်ကလည်း အဆိုပါကျေးရွာအနီးတွင် ဒေသခံ မာရမာကျောင်းသူတဦးကို အမည်မသိ မူဆလင်များက အဓမ္မပြုကျင့်ပြီး သတ်ပစ်ခဲ့ကြသဖြင့် အဆိုပါ ကျေးရွာအနီး တဝိုက်ကိ်ု ဘင်္ဂလာရဲအဖွဲ့က အထူးသတိထားပြီး စောင့်ကြည့် နေစဉ် ထိုကဲ့သို့ အဖမ်းခံရခြင်း ဖြစ်သည်။
 
စစ်တကောင်း တောင်တန်းနယ်ဖြစ်သည့် လာမားမြို့နယ်တွင် ဘင်္ဂလာဒေ့ချ်နိုင်ငံ တိုင်းရင်း သားများဖြစ်ကြသည့် မာရမာ၊ မြို၊ မြံု၊ ခမီးနှင့် သက်အမျိုးသားများ နေထိုင်ကြသည်။

Most read this week