ဘုရားမြေ၊ ဇရပ်မြေနှင့် စုပေါင်းရွာသားပိုင် စားကျက်မြေများကို သိမ်းပိုက်ပြီး စစ်တပ်က ရောင်းချ

ဘုရားမြေ၊ ဇရပ်မြေနှင့် စုပေါင်းရွာသားပိုင် စားကျက်မြေများကို သိမ်းပိုက်ပြီး စစ်တပ်က ရောင်းချ
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် အမဲခင် ကျေးရွာမှ ဘုရားမြေ၊ ဇရပ်မြေနှင့် ရွာသားများ စုပေါင်းပိုင်ဆိုင်သော စားကျက်မြေများကို စစ်တပ်မှ သိမ်းပိုက်ပြီး တဧကကို ကျပ် ၅ဝဝဝဝ နှင့် ရောင်းချ နေသည်ဟု ကျေးရွာသား တဦးက ပြော ...

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် အမဲခင် ကျေးရွာမှ ဘုရားမြေ၊ ဇရပ်မြေနှင့် ရွာသားများ စုပေါင်းပိုင်ဆိုင်သော စားကျက်မြေများကို စစ်တပ်မှ သိမ်းပိုက်ပြီး တဧကကို ကျပ် ၅ဝဝဝဝ နှင့် ရောင်းချ နေသည်ဟု ကျေးရွာသား တဦးက ပြောသည်။

“သူတို့က စစ်တပ်အတွက် လိုအပ်တယ်ဆိုပြီး မြေဧက ၂ဝ ကို ပထမ သိမ်းပိုက် ပါတယ်။ နောက်ပိုင်းမှာ ကျေးရွာ ရယက ဥက္ကဌနှင့် ပေါင်းပြီး နောက်ထပ် ၄၃ ဧကကို သိမ်းပိုက်ပါတယ်။”

အမဲခင်ကျေးရွာမှ ပုဏ္ဍားကျွန်းမြို့ အနောက်ဘက်တွင် တည်ရှိပြီး အများစု ရွာသားများမှာ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးသူများ ဖြစ်ကြသည်။

သူက “ရယက ဥက္ကဌ ဦးအောင်မြဦးနဲ့ ပေါင်းပြီး ပုဏ္ဍားကျွန်း အခြေစိုက် ခမရ ၅၅ဝ တပ်ရင်းက စစ်တပ်အရာရှိတွေက ရောင်းချနေပါတယ်။ စုစုပေါင်း ရွာထဲက ချမ်းသာတဲ့လူ ၆ ဦးကို သူတို့ ရောင်းချခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ မြေများကို ဝယ်ယူသူများမှာ ဦးကျော်လှစိန်၊ ဦးစိန်သာ၊ မောင်ကျော်ဘု၊ အလုံးခိုင်၊ မောင်ထွန်းအေးနှင့် အုံးကျော်တို့ ဖြစ်ကြသည်။

အဆိုပါ မြေများကို ပုဂ္ဂလိကပိုင် မြေစာရင်း ဖေါက်ရန်အတွက် မြို့နယ် မြေတိုင်းဦးစီးဌာနသို့ တဧက ကျပ်ငွေ ၂ သောင်းပေးရပြီး အဆိုပါ ငွေများကို ပေးသွင်းပါက အဆိုပါ အများပိုင်မြေများကို ပုဂ္ဂလိက ပိုင်အဖြစ် ပြုလုပ်နိုင်သည်ဟု သိရှိရသည်။

ယခုကဲ့သို့ အများပိုင် နွားစားကျက်များနှင့် ရွာနီးစပ်မှ ရွာသားများ စုပေါင်း ပိုင်ဆိုင်သော မြေများကို စစ်တပ်က သိမ်းပိုက်ပြီး ချမ်းသာသူများကို ရောင်းချနေသဖြင့် ရခိုင်ပြည်နယ်မှ ကျေးရွာ အများအပြားတွင် ဆင်းရဲသူနှင့် ချမ်းသာသူ အကြား စိတ်ဝမ်းကွဲပြားနေကြသည်ဟု သိရသည်။

“နအဖ စစ်အစိုးရ ဆိုတာ လူမျိုး တမျိုးနဲ့ ကြားမှာသာ သွေးခွဲ အုပ်ချုပ်တာ မဟုတ်ပါဘူး။ ကျေးရွာ တရွာနဲ့ တရွာ၊ ကျေးရွာ တရွာတည်းမှာ တခါ ဆင်းရဲနဲ့ ချမ်းသာကို သွေးခွဲပြီး အုပ်ချုပ်နေပါတယ်။ မိုက်တာမှာတော့ ကမ်းကုန်ပါတယ်” ဟု အဆိုပါ ကျေးရွာသားက ပြောသည်။

စိုင်းခွန်နွမ်းမှာ ထို်င်းနိုင်ငံ မြောက်ပို်င်း ချင်းမိုင် (ဇင်းမယ်)တွင် နေထိုင်သူတဦးဖြစ်ပြီး ငွေစက္ကူအတုများမှာ ထိုင်းနိုင်ငံဘက်တွင် ပြုလုပ်သည်ဟု ယုံကြည်ရသည်။

တာချီလိတ်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦး ငွေအတုကြောင့် ဖမ်းဆီးခံရသူ နှစ်ဦးသည် ရှမ်းပြည်မြောက်ပိုင်းမှ လာရောက်သူများဖြစ်ကာ လက်ရှိတွင် တာချီလိတ် ရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု အတည်ပြု ပြောဆိုသည်။

Most read this week