ပထမဆုံးသော ရခိုင်ပြည်နယ် ရထားလမ်း စတင် ဖွင့်လှစ် (ရထား မမြင်ဖူးသူများကြောင့် ဖွင့်ပွဲ အထူး စည်ကား)

ပထမဆုံးသော ရခိုင်ပြည်နယ် ရထားလမ်း စတင် ဖွင့်လှစ် (ရထား မမြင်ဖူးသူများကြောင့် ဖွင့်ပွဲ အထူး စည်ကား)
စစ်တွေမှ အမ်းအကြား ဖေါက်လုပ်နေသော ရထားလမ်းတွင် ပထမလမ်းပိုင်း ဖြစ်သော စစ်တွေ-ရေချမ်းပြင် ရထားလမ်းပိုင်းကို ယနေ့ စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အမည် မဖေါ်လိုသူ တဦးက “ရထားလမ်းကို နဖအ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က လာရောက် ဖွင့်လှစ်ပေး ...

စစ်တွေမှ အမ်းအကြား ဖေါက်လုပ်နေသော ရထားလမ်းတွင် ပထမလမ်းပိုင်း ဖြစ်သော စစ်တွေ-ရေချမ်းပြင် ရထားလမ်းပိုင်းကို ယနေ့ စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အမည် မဖေါ်လိုသူ တဦးက “ရထားလမ်းကို နဖအ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က လာရောက် ဖွင့်လှစ်ပေးပါတယ်။ သုံးရက် အလကား စီးနိုင်တယ်ဆိုလို့ ခလေးတော်တော်များက သွားစီးနေကြပါတယ်။” ဟု ပြောသည်။

စစ်တွေ ဘူတာကို ပြည်တော်သာ အနီးတွင် ထားရှိပြီး ထိုဘူတာမှ တဆင့် ရေချမ်းပြင်ရှိ နည်းပညာ ကောလိပ်အကြား ပြေးဆွဲမည် ဖြစ်သည်။

“ရခိုင်မှာ ပထမဆုံး ဖွင့်လှစ်တဲ့ ရထားလမ်းဆိုတော့ ရထား မမြင်ဖူးသူတွေ ထောင်သောင်းချီပြီး လာရောက်ကြတဲ့ အတွက် ဖွင့်ပွဲက တော်တော် စည်ကားသွားပါတယ်”ဟု သူက ပြောသည်။

ရထားလမ်းမှာ တက်သုတ်ရိုက်ပြီး ပြီးစလွယ် လုပ်ထားသဖြင့် ရထားစီးက အန္တရယ် ဖြစ်နိုင်ဆိုသော သတင်းများ ကောလဟလ ပျံ့နှံ့နေသဖြင့် ရထားစီးမည့်သူ မရှိ၍ ရထားစတင် စီးသူတဦးကို ငွေ တထောင်စီ ချီးမြှင့်မည်ဟု ဆိုကာ ရထားစီးရန် ဆွဲဆောင်ခဲ့ရသည်ဟု သိရသည်။

“ရထားကို အလကား သုံးရက်စီးနိုင်တဲ့ အပြင် စတင် စီးသူတွေကို ငွေတထောင်စီ ပေးမယ်ဆိုတော့ ငွေ ရသလား မရဘူးလား မသိဘူး။ လူကြီး တချို့လည်း သွားစီးနေတာကို တွေ့နေရပါတယ်” ဟု သူက ပြောသည်။

နအဖ စစ်အစိုးရ အနေဖြင့် ရခိုင်ပြည်နယ်တွင် တည်ဆောက်နေသော ရထားလမ်းမှာ ရခိုင်လူထုကို စည်းရုံးရန်နှင့် ယခုကဲ့သို့ ရထားလမ်းကို မြန်နိုင်သမျှ မြန်အောင် အပြီးတည်ဆောက်နေခြင်းမှာ ၂ဝ၁ဝ ခုနှစ် ရွှေးကောက်ပွဲအတွက် ရခိုင်လူထုကို စည်းရုံးလို၍ ဖြစ်သည်ဟု အများက ဝေဖန် ပြောဆိုနေကြသည်။

Most read this week