ဘုရားကြီးတွင် လုံခြံုရေး ယူထားသော ရဲသားများကြောင့် ဘုရားဖူးသူများ စိတ်အနှောင့်အယှက် ဖြစ်

ဘုရားကြီးတွင် လုံခြံုရေး ယူထားသော ရဲသားများကြောင့် ဘုရားဖူးသူများ စိတ်အနှောင့်အယှက် ဖြစ်
စစ်တွေမြို့၏ အထင်ကရ ဘုရား တဆူ ဖြစ်သော မြို့လယ်ခေါင်ရှိ အတုလ မာရဇိန် ဘုရားကြီးတွင် ရဲသားများ လုံခြံုရေး ယူထားသဖြင့် ဘုရားဖူး လာသူများ အထူး စိတ်အနှောင့် အယှက် ဖြစ်နေကြရသည်ဟု မြို့ခံ လူကြီး တဦးက ပြော ...

စစ်တွေမြို့၏ အထင်ကရ ဘုရား တဆူ ဖြစ်သော မြို့လယ်ခေါင်ရှိ အတုလ မာရဇိန် ဘုရားကြီးတွင် ရဲသားများ လုံခြံုရေး ယူထားသဖြင့် ဘုရားဖူး လာသူများ အထူး စိတ်အနှောင့် အယှက် ဖြစ်နေကြရသည်ဟု မြို့ခံ လူကြီး တဦးက ပြောသည်။

သူက “ဘုရားကြီးက အခု စစ်တွေမှာ အနက်ရောင် နယ် မြေ ဖြစ်နေပါတယ်။ ထစ်ကနဲဆိုရင် စစ်တွေမှာ လုံခြံုရေးကို ပထမဆုံး ချတာက ဘုရားကြီးမှာ ဖြစ်ပါတယ်။ ခုလည်း နိုင်ငံ အခြေအနေက သိပ်မကောင်းတော့ လုံခြံုရေးကို စစ်တွေမှာ တိုးမြှင့်ချတဲ့အခါ ဘုရားကြီးမှာ အရင်ချပါတယ်။ ရဲသားတွေက ဘုရားကြီး ရင်ပြင်မှာ အိပ်သူ အိပ်၊ လဲလျောင်းသူ လဲလျောင်းဆိုတော့ ဘုရားဖူး သမားတွေ အတွက် တော်တော်ကို စိတ်အနှောင့် အယှက် ဖြစ်စေပါတယ်” ဟုပြောသည်။

လွန်ခဲ့သော တနင်္ဂနွေက စပြီး စစ်တွေမြို့ အရေးကြီးသော နေရာများတွင် ရဲတပ်သား ၄ဝဝ နီးပါးကို တပ်ဖြန့်ချထားပြီးနောက် ဘုရားကြီးတွင် ရဲသား ၅ဝ ခန့် နေရာယူထားကြောင်း သူက ယခုကဲ့သို့ ပြောသည်။

“ ရဲသားက ၅ဝ ခန့် ရှိပါလိမ့်မယ်။ လက်နက် ယူနီဖေါင်း အပြည့်နဲ့ နေရာယူထားပါတယ်။ ဒေါ်စု အဖမ်းခံရပြီး သိပ်မကြာခင် လုံခြံုရေးကို စစ်တွေမှာ တိုးမြှင့်တဲ့ နောက်ပိုင်း ဘုရားကြီးမှာ သူတို့ကို တိုးချဲ့ ချထားပါတယ်” ဟု ပြောသည်။

စစ်တွေတွင် ဘုရားကြီး၊ ဦးဥတ္တမ ပန်းခြံ၊ ဝေသာလီ အားကစားကွင်း၊ လောကနန္ဒာဘုရားနှင့်် ဦးရဲကျော်သူ ကျောင်းအပါအဝင် အရေးကြီးသော နေရာများတွင် ရဲသားများကို ဖြန့်ကျက် ချထားသည်။

တခြား စစ်တွေမြို့ခံ တဦးကလည်း “ လုံခြံုရေး တိုးမြှင့် ချထားတာတော့ မှန်ပါတယ်။ ဒီနေ့မှာ ဆိုရင် အရေးကြီးတဲ့ နေရာတွေမှာ စစ်သားတွေကိုလည်း တွေ့ရပါတယ်။ ဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်လည်း စစ်တွေကို ရောက်နေတော့ သူ့အတွက်ကြောင့်လည်း လုံခြံုရေး တိုးမြှင့်ထားတာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ စစ်တွေတွင် လုံခြံုရေး တိုးမြှင့်ထားမူမှာ ရွှေဝါရောင် တော်လှန်ရေး ပြီးနောက် ပထမဆုံး အကြိမ် ဖြစ်သည်။

ဘုရားကြီးမှာ နေ့စဉ် ဘုရားဖူးသူ အများအပြား ရောက်ရှိသော နေရာဖြစ်ပြီး စစ်တွေမြို့ကို လာရောက် လည်ပတ်သူတိုင်း ဘုရားကြီးကို သွားရောက် ဖူးမျှော်ကြသည်။

Most read this week