စစ်တပ်က အရပ်သား ကားများကို ခြံစည်းရိုး စီမံကိန်းအတွက် ချောဆွဲ

စစ်တပ်က အရပ်သား ကားများကို ခြံစည်းရိုး စီမံကိန်းအတွက် ချောဆွဲ
မောင်တောနှင့် ဘူးသီးတောင်မှ အရပ်သားပိုင် ကားအများအပြားကို ခြံစည်းရိုးစီမံကိန်းတွင် ကျောက်တင်ရန် အတွက် ချောဆွဲနေကြောင်း သတင်းရရှိသည်။ အမည်မဖေါ်လိုသူ ကားသမား တဦးက “မောင်တော ၅ မိုင်ကနေ ကျောက်တွေကို ခြံစည်းရိုးကာရံနေတဲ့ မောင်တောမြို့ ...

မောင်တောနှင့် ဘူးသီးတောင်မှ အရပ်သားပိုင် ကားအများအပြားကို ခြံစည်းရိုးစီမံကိန်းတွင် ကျောက်တင်ရန် အတွက် ချောဆွဲနေကြောင်း သတင်းရရှိသည်။

အမည်မဖေါ်လိုသူ ကားသမား တဦးက “မောင်တော ၅ မိုင်ကနေ ကျောက်တွေကို ခြံစည်းရိုးကာရံနေတဲ့ မောင်တောမြို့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ကားတွေကို အတင်းချောဆွဲပြီး သယ်ခိုင်းနေပါတယ်။ ပိုက်ဆံပေးမယ် ပြောပြီး ပိုက်ဆံ ပေးတာလည်း မရှိပါဘူး”ဟု သူက ပြောသည်။

တနေ့ကို မောင်တောမြို့မှ ကားဆယ်စီးနှင့် ဘူးသီးတောင်မှ ကား ၅ စီးကျစီ ချောဆွဲ စေခိုင်းနေခြင်း ဖြစ်သည်။

“သူတို့မှာ ပါလာတဲ့ကားတွေက နေပြည်တော်ကို တည်ဆောက်တုန်းက အသုံးပြုခဲ့တဲ့ တရုပ် ကားဟောင်း တွေပါ။ ခုဒီမှာ လမ်းကြမ်းတွေ ဖြစ်နေတဲ့အတွက် မဆွဲနိုင်တော့ အရပ်သားကားတွေကို ချောဆွဲ အသုံးပြုနေတာ ဖြစ်ပါတယ်။ ပီးရင် ခြံစည်းရိုးကာရံဖို့အတွက် အာဏာပိုင်တွေ ယူလာတဲ့ကားကလည်း သုံးလေးစီးလောက်ဘဲ ရှိပါတယ်။” ဟု သူက ပြောသည်။

ကားများကို ချောဆွဲရာတွင် အနည်းဆုံး နှစ်ရက်ခန့် ကြာမြှင့်ပြီး လော်ရီကားများကိုသာမက လူတင် အသေးစား ကာများကိုပါ ချောဆွဲနေခြင်း ဖြစ်သည်။

ယခုအခါ နအဖ အင်ဂျင်နီယာ တပ်ရင်းမှ မောင်တော မြို့နယ် တောင်ပိုင်း မကျည်းချောင်းနှင့် မောင်တောမြို့နယ် မြှောက်ပိုင်း ငခူရ ကျေးရွာဘက်တွင် ခြံစည်းရိုး စတင် ကာရံနေပြီ ဖြစ်သည်။

အရပ်ဘက် သတင်းအရ ခြံစည်းရိုး မကာရံမှီ တာရိုးများကို ကျောက်များဖြင့် အမာခံ တည်ဆောက်နေပြီး အဆိုပါ တာရိုးများအပေါ်မှ ခြံစည်းရိုးများကို သံဆူးကြိုးများဖြင့် ကာရံသွားမည် ဖြစ်ကြောင်း သိရသည်။

Most read this week