တရားမဝင် ဝင်ရောက်လာသူ ၆ ဦးကို ဘင်္ဂလား အာဏာပိုင်များမှ မြန်မာဘက်သို့ ပြန်ပို့

တရားမဝင် ဝင်ရောက်လာသူ ၆ ဦးကို ဘင်္ဂလား အာဏာပိုင်များမှ မြန်မာဘက်သို့ ပြန်ပို့
by -
မောင်အေး
တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ခြောက်ဦးကို ဘင်္ဂလားရိုင်ဖယ်တပ်ဖွဲ့မှ ဖမ်း ဆီးပြီး သူတို့နှင့်အတူပါလာသည့် ကုန်ပစ္စည်းများကို သိမ်းဆည်းကာ မြန်မာနိုင်ငံဘက်သို့ ပြန််လည်ပို့ဆောင်လိုက် ...

တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ခြောက်ဦးကို ဘင်္ဂလားရိုင်ဖယ်တပ်ဖွဲ့မှ ဖမ်း ဆီးပြီး သူတို့နှင့်အတူပါလာသည့် ကုန်ပစ္စည်းများကို သိမ်းဆည်းကာ မြန်မာနိုင်ငံဘက်သို့ ပြန််လည်ပို့ဆောင်လိုက်သည်။

အဆိုပါ မြန်မာနိုင်ငံသား ခြောက်ဦးကို ယမန်နေ့နေ့လည််ပိုင်းက ဘင်္ဂလာဒေ့ချ်နိုင်ငံ တက်ကနက် နယ်စပ် မြို့နယ် ဘာဇာပါရာမှ ဖမ်းဆီး ရမိခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ အာလီအာဟာမတ် ၃ဝ နှစ််၊ နော်ဘီဟောဆန်း ၃၄ နှစ်၊ နရုလ်ဟောဆန် ၃၈ နှစ်၊ ချော်ဘီအာဟာမတ် ၃၅ နှစ်၊ အိုင်နော်အုန္ဒီ ၃၇ နှစ်နှင့်် ရှာဟာအုန္ဒီ တို့ဖြစ်သည်။

သူတို့ခြောက်ဦးမှာ မြန်မာနိုင်ငံဘက်မှ စက်တပ်လှေနှစ်စီးနှင့် ဝင်ရောက်လာခြင်းဖြစ်ပြီး သူ တို့ထံမှ စက်လှေ နှစ်စီးနှင့် အတူ မြန်မာနိုင်ငံဘက်သို့ ယူဆောင်သွားမည့် ကွမ်းသီးခြောက် ၃၅ အိပ်၊ ဒီဇယ်ဆီ ၁၂ဝ လီတာ၊ ပဲဆီ ၁၃၅ လီတာ ၊ နှမ်းဆီး ၁၁ဝ လီတာ ၊ သီဟိုရ် သရက်သီး ခြင်းတောင်း ၂၂ ခြင်းနှင့် အင်ဂျင်စက်တလုံးကို သိမ်းဆည်းရမိကြောင်း ရဲအဖွဲ့ ပြောသည်။

ယခုဖမ်းဆီးရမိသည့် စုစုပေါင်းတန်ဖိုးမှာ တာကာငွေ ၁၉ သိန်းဖိုးရှိပြီး ယင်းပစ္စည်းများကို ယခုအခါ တက်ကနာခ် ရဲစခန်းကို လွဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်း အမှတ် ၄၂ ရိုင်ဖယ် တပ်ရင်းမှ လပ်ပတိန်းကာနယ် အာဘဒူလ်ခါလောက်မှ ပြောသည်။

မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများကို ဘင်္ဂလာဘက်မှ ဖမ်းဆီးရမိသော်လည်း ယခင်ကကဲ့သို့ တရားစွဲဆိုပြီး ထောင်ချအပြစ်ပေးခြင်း မရှိဘဲမြန်မာဘက်သို့ ပြန်လည်ပို့ နေသည်မှာ လွန်ခဲ့သည့်နှစ် အလည်ပိုင်းကတည်းကဖြစ်သည်။

မြန်မာနိုင်ငံသားများကို ဖမ်းဆီးပြီး အပြစ်ပေးထောင်ချလျင် နှစ်ပြည့်ပြီး မြန်မာဘက်သို့ လွဲ ပြောင်းသည့်အခါ မြန်မာအာဏာပိုင်များမှ လက်မခံသည့် အတွက် နှစ်ရှည်လများ ထောင်ချထားရသဖြင့် မြန်မာနိုင်ငံသားများကို ယခုကဲ့သို့ ဖမ်းဆီး တရားမစွဲဘဲ ချက်ချင်းပြန် ပို့ပေးခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
 

Most read this week