လျှပ်စစ်မီးကို ပြည်သူများက အတိမ်းအစောင်းမခံသဖြင့် မီးမပြတ်ရန် တာဝန်ခံဟုဆို

လျှပ်စစ်မီးကို ပြည်သူများက အတိမ်းအစောင်းမခံသဖြင့် မီးမပြတ်ရန် တာဝန်ခံဟုဆို
by -
မဇ္စျိမ

လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်က အကြောင်းကြောင်းကြောင့်ပျက်လျှင် ပြည်သူများက အတိမ်းအစောင်း မခံသဖြင့် ယခုနှစ် နွေရာသီ လျှပ်စစ်မီးမပြတ်ရန် တာဝန်ခံသည်ဟု မန္တလေးတိုင်း အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''မီးလုံးဝ မပျက်အောင် ဆောင်ရွက်သွားမယ်။ မီးမပျက်ဖို့ ပြည်ထောင်စုဝန်ကြီးကလည်း တာဝန်ခံထားတယ်၊ ကိုယ်ကလည်း တာဝန်ခံရဲတယ်'' ဟု ၎င်းက ပြောသည်။

Electricity

မီးမပြတ်စေရေးအတွက် ခွဲရုံများတိုးချဲ့ ဆောင်ရွက်လျက်ရှိခြင်း၊ ရေအားလျှပ်စစ် အဆင်ပြေမှုမရှိလျှင် ဂက်စ်တာဘိုင်များ တည်ဆောက်ကာ လျှပ်စစ်ဓာတ်အား ပေးဝေနိုင်ရန် ဆောင်ရွက်ထားရှိခြင်းနှင့် လက်ရှိထုတ်လုပ်ပေးနေသော စက်ရုံများကိုလည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် ဆောင်ရွက်လျက်ရှိ သည်ဟု ရှင်းပြခဲ့သည်။

သို့သော် နိုင်ငံတော်ကထုတ်သော လျှပ်စစ်ဓာတ်အားများတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က အနည်းငယ်သာ လုပ်ပိုင်ခွင့်ရှိကြောင်း၊ ထို့အတွက် အစီအစဉ်များကိုသာ ပြောကြားနိုင်ကြောင်း မည်၍မည်မျှ မည့်သည့်ပုံစံဖြင့် လုပ်ဆောင်ပေးမည်ကို တိကျစွာမပြောနိုင်ကြောင်း ပြောသည်။

'ပြည်သူတွေ မသိဘူး၊ မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီး လုပ်ပိုင်ခွင့်က အသေးစားတွေပဲရှိတယ်၊ အဲ့ဒီအထက်ဆိုရင် ပြည်ထောင်စုက ကိုင်တယ်၊ ဒီဟာတွေက ကိုယ်နဲ့မဆိုင်ဘူး၊ နိုင်ငံတော်ကပေးနေတဲ့ လျှပ်စစ်မီးတွေ အားလုံးက နိုင်ငံတော်ကပဲ တာဝန်ယူတာ'' ဟု ဆက်လက်ရှင်းပြသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်း နွေရာသီ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် တိုင်းဒေသကြီးအတွင်း၌ ခွဲရုံများတိုးမြှင့် တည်ဆောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်နေသည်။

ဓာတ်အား ပြည့်ဝစွာ ရရှိစေရေးအတွက်လည်း နိုင်ငံတော်က ချထားလုပ်ဆောင်ပေးသည့် ကဏ္ဍများအပြင် ပြည်သူများက ထည့်ဝင်လှူဒါန်းသော အလှူငွေများ လိုအပ်ကြောင်း ပြောသည်။

''ထရန်စဖော်မာ၊ မီးကြိုး၊ လိုင်းကြိုးတွေ ပြုပြင်နေတယ်၊ မီးအားအပြည့်ရဖို့အတွက် ငွေလိုအပ်တယ်၊ ပြည်သူ ပါဝင်ဖို့လိုတယ်၊ ဒါမှ လုပ်ငန်းအောင်မြင်မှာဖြစ်တယ်'' ဟု ၎င်းက ပြောသည်။

Most read this week