ကျောင်းသားသပိတ်စစ်ကြောင်းသို့ အခြေခံမူလတန်းကျောင်းသားများ ဝင်ရောက်ပူးပေါင်း

ကျောင်းသားသပိတ်စစ်ကြောင်းသို့ အခြေခံမူလတန်းကျောင်းသားများ ဝင်ရောက်ပူးပေါင်း
by -
မဇ္စျိမ

 မန္တလေးမြို့မှ ထွက်ခွာလာသည့် ကိုးရက်ကြာပြီဖြစ်သည့် ကျောင်းသားသပိတ်စစ်ကြောင်း သည် ဇန်နဝါရီ ၂၉ ရက်တွင် ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိလာပြီး အခြေခံကျောင်းသားများနှင့် နည်းပညာတက္ကသိုလ်ကျောင်းသားများ သပိတ်စစ်ကြောင်းအတွင်း ပူးပေါင်းဝင်ရောက်ခဲ့ကြောင်း သပိတ်ကြောင်းတွင် ပါ၀င်သည့် ကိုမြတ်သူက မဇ္စျိမကို ပြောသည်။

"ကျောက်ပန်းတောင်းက ဂျီတီအိုင်ကျောင်းသားတွေနဲ့ အခြေခံကျောင်းသားတွေ ကျွန်တော်တို့ သပိတ်ကြောင်းမှာ ပါဝင်လာတယ်။ ဒီည(ဇန်နဝါရီ ၂၉ရက်)မှာ သုခဝတီစာသင်တိုက်မှာ တည်းခို ပြီး မနက်ဖြန် လမ်းကြောင်းအတွက် ခရိုင်ကျောင်းသားခေါင်းဆောင်တွေနဲ့သပိတ်ကော်မတီတို့ အစည်း အဝေးလုပ်မယ်’’ ဟု ၎င်းက ပြောသည်။

YYK

သပိတ်စစ်ကြောင်းသည် ကျောက်ပန်းတောင်းမြို့ကို တစ်ပတ်ပတ်ကာ သပိတ်ချီခဲ့ပြီး ကြိုဆိုသည့် ဒေသခံ နှင့် ပူးပေါင်းလာသည့် ဒေသခံကျောင်းသားများကိုလည်း သပိတ်ကျောင်းသားခေါင်း ဆောင်များက ည ရနာရီကျော်တွင် ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထိုသပိတ်ကြောင်းတွင် အင်အား သောင်းနှင့်ချီပါဝင်ခဲ့သည့်အတွက် ကျောက်ပန်းတောင်းမြို့ရှိ လမ်းများ ပိတ်ထားခဲ့ရသော်လည်း အာဏာပိုင်များ၏ တားဆီးပိတ်ပင်မှုများလည်း မရှိဟုလည်း ကိုမြတ်သူက ဆိုသည်။

အဆိုပါ သပိတ်စစ်ကြောင်းသို့ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ နည်းပညာတက္ကသိုလ် ကျောင်းသားများ၊မူလတန်းနှင့် အထက်တန်းကျောင်းသားများ ဝင်ရောက်ပူးပေါင်းခဲ့သည်။

အလားတူ ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း ဇန်နဝါရီ ၂၉ရက်ကရက် ကျောင်းသားများ က အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရန်တောင်းဆိုဆန္ဒပြခဲ့သေးသည်။

ဧရာဝတီတိုင်း ကျောင်းသားသပိတ်စစ်ကြောင်းကလည်း ဇန်နဝါရီ ၃၀ရက် နံနက်တွင် ပုသိမ်မြို့ မှ ရန်ကုန်မြို့သို့ စတင်ထွက်ခွာမည်ဖြစ်သည်။ ယင်းစစ်ကြောင်းတွင် ဧရာဝတီတိုင်းအတွင်းရှိ တက္က သိုလ်ကျောင်းသားများ၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တ.က.သ)၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ(ဗ.က.သ) အဖွဲ့များ ပူးပေါင်းပါဝင်မည်ဖြစ်သည်။

ကျောင်းသားသပိတ်မှ ခေါင်းဆောင်များသည် လာမည့် ဖေဖော်ဝါရီ ၂ရက်တွင် အစိုးရ၊ လွှတ် တော်၊ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER) နှင့် လေးပွင့်ဆိုင် တွေ့ဆုံကာ ၎င်းတို့ တောင်းဆိုလျက်ရှိသည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ရန် ရန်ကုန်တက္ကသိုလ် စိန်ရ တုခန်းမ၌ ဆွေးနွေးညှိနှိုင်းမည်ဖြစ်သည်။

ထိုသို့ လေးပွင့်ဆိုင်တွေ့ရန် ဇန်နဝါရီ ၂၈ရက်က နေပြည်တော်၌ ပြည်ထောင်စုဝန်ကြီး ဦး အောင်မင်း၊ ပညာရေး ဒု-ဝန်ကြီးတို့နှင့်တွေ့ဆုံဆွေးနွေးကာ သဘောတူခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးသည့် နေ့၌ သပိတ်အားလုံးကို ရပ်ဆိုင်းထားရန်လည်း သဘောတူထားသည်။

ကျောင်းသားများကမူ ဆွေးနွေးသည့် ရလာဒ်ပေါ် မူတည်၍ ကျောင်းသားသပိတ်ကိုဆက် လက် လှုပ်ရှားမည်၊ လုံးဝရပ်တန့်မည်ကိုဆုံးဖြတ်မည်ဟု ဆိုထားသည်။

လက်ရှိတွင် ပခုက္ကူနှင့် ထားဝယ် သပိတ်စစ်ကြောင်းများမှာလည်း ဇန်နဝါရီ ၂၈ရက်မှ စတင် ရပ်နားထားပြီး ဖေဖော်ဝါရီ ၁ရက် ဆွေးနွေးပွဲပေါ် မူတည်၍ ဆက်လက် ဆုံးဖြတ်မည်ဟု ကျောင်းသား များက မဇ္စျိမကို ပြောသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က အမျိုးသား ပညာရေး ဥပဒေအား ပြင်ဆင်ရန် နှင့် ဆန္ဒပြကျောင်းသားများကို အကြမ်းမဖက်ရန်တောင်းဆိုထားသေးသည်။

မန္တလေး ကျောင်းသားသပိတ်စစ်ကြောင်းသည် ဇန်နဝါရီ ၂၀ရက်တွင် မန္တလေးမြို့မှစတင် ထွက်ခွာခဲ့ပြီး မန္တလေးမှ တောင်သာမြို့အထိ လမ်းတစ်လျှောက်တွင် တားဆီးပိတ်ပင်မှုများ ခံခဲ့ရ သည်။

Most read this week