ကာကွယ်ရေး အသုံးစရိတ် ၃၃ ရာခိုင်နှုန်းကို လက်နက်ဝယ်ရန်နှင့် ထုတ်လုပ်မှုတွင် သုံးမည်

ကာကွယ်ရေး အသုံးစရိတ် ၃၃ ရာခိုင်နှုန်းကို လက်နက်ဝယ်ရန်နှင့် ထုတ်လုပ်မှုတွင် သုံးမည်
by -
မဇ္စျိမ

လာမည့် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်၏ ကာကွယ်ရေး အသုံးစရိတ်ကို ကျပ် ၂,၆၁၂ ဘီလီယံ လျာထားပြီး ယင်း ပမာဏ ၏ ၃၃ ဒသမ ၄ဝ ရာခိုင်နှုန်း ဖြစ်သော ကျပ် ၈၆ဝ ဘီလီယံကျော်ကို တိုက်ခိုက်ရေး ကဏ္ဍတွင် သုံးစွဲရန် တင်ပြထားသည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် က ပြောသည်။

၎င်းက ''သံချပ်ကာကားတို့ လေယာဉ်တို့ အမြောက်တို့ကို ဝယ်ယူတဲ့စရိတ်၊ ထုတ်လုပ်တဲ့ စရိတ်တွေကို ဆိုလိုတာပါ'' ဟု သတင်းထောက်များ ကို ပြောသည်။

Army-2

ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ၂ဝ၁၅ ခု၊ ပြည်ထောင်စု၏ ဘဏ္ဍာနစ်အရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ တင်ပြရာတွင် ကာကွယ်ရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မူလလျာထားချက် ကျပ် ၂,၆၁၂ ဘီလီယံ၊ လစာတိုးရန် ၁၃၇ ဘီလီယံ ကျပ် စုစုပေါင်း ကျပ်၂,၇၅ဝ ဘီလီယံ လျာထားသော်လည်း မူလ ကျပ်၂,၆၁၂ ဘီလီယံ၏ ၃၃ ဒသမ ၄ဝ ရာခိုင်နှုန်းကိုသာ တိုက်ခိုက်ရေးကဏ္ဍတွင် အသုံးပြုမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကာကွယ်ရေး အသုံးစရိတ်တွင် လစာနှင့် စရိတ် ပါဝင်မှု ၅၁ ဒဿမ ၅ဝ ရာခိုင် နှုန်း၊ တိုက်ခိုက်ရေးကဏ္ဍတွင် ၃၃ ဒသမ ၄ဝ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးကဏ္ဍ ၉ ဒသမ ၆၇ ရာခိုင်နှုန်း၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍပါဝင်မှု ၃ ဒသမ ၉ဝ ရာခိုင် နှုန်း၊ လက်ရုံးတပ်ဝန်ထမ်းများ (စက်ပစ္စည်း) ၁ ဒသမ ၄၇ ရာခိုင်နှုန်း၊ တခြား ဝ ဒသမ ဝ၆ ရာခိုင်နှုန်းနှင့် ကြွေးမြီ ဝ ဒသမ ဝ၁ ရာခိုင်နှုန်း သုံးစွဲမည်ဟုလည်း ၎င်းက ပြော သည်။