၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး ဝန်ကြီးဌာန အသုံးစရိတ်အများဆုံး တောင်းခံ

၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး ဝန်ကြီးဌာန အသုံးစရိတ်အများဆုံး တောင်းခံ
by -
မဇ္စျိမ

 လာမည့် ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ် အတွက် ပြည်ထောင်စုအစိုးရက ကျပ်သန်းပေါင်း ၆,၆၆၅,၃၁၈ ဒသမ ၅၉၃ သန်းကို တောင်းခံထားပြီး ဝန်ကြီးဌာန ၃၄ ခုစလုံး၏ တောင်းခံငွေတွင် ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်းခံငွေမှာ အများဆုံး ဖြစ်သည်ဟု ကိုယ်စားလှယ်များထံမှ သိရသည်။

လာမည့် ဧပြီ ၁ ရက်တွင် စတင်မည့် ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီး ဌာနက ၁,၂၆၄,ဝ၂၈ ဒသမ ၃၈ဝ သန်း တောင်းခံထားခြင်း ဖြစ်သည််။

Army

ယင်း တောင်းခံငွေများထဲတွင် တပ်မတော် ရင်းနှီးမြှုပ်နှံမှုအတွက် တောင်းခံငွေများလည်း ပါဝင်သည်ဟု လွှတ်တော် ကိုယ်စားလှယ်များ က ပြောသည်။

ယင်းအပြင် တပ်မြို့များ စည်ပင်သာယာရေးက ကျပ် ၄ဝ ဒသမ ရဝဝ သန်းနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန အတွက် ၉၇,၂၂ဝ သန်းလည်း တောင်းခံထားသည်ဟု အဆိုပါ လွှတ်တော်ကိုယ်စားလှယ် က ဆိုသည်။

အမျိုးသားစီမံကိန်းအရ လျာထားချက် တွင် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့က ကျပ် ၅,၁၈၄,၃၁၇ ဒသမ ၆၄၁ သန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့က ၁,၄၈၁,ဝဝဝ ဒသမ ၉၅၂ သန်း တောင်းခံထား ကြောင်း စီမံကိန်း လျာထားချက်တွင် ပါရှိသည်။

ပြီးခဲ့သည့် ၂ဝ၁၄-၁၅ ခုနှစ်အတွက် မူလတောင်းခံထားသော ဘဏ္ဍာငွေ အသုံးစရိတ်မှာ ၂,၃၆၅,၈၁၃ ဒသမ ၂၁၈ သန်း ဖြစ်ပြီး ယခုနှစ် တောင်းခံသော စီမံကိန်း လျာထားငွေမှာ ၁,၂၆၄,ဝ၂၈ ဒသမ ၃၈ဝ သန်း ဖြစ်သောကြောင့် ထက်ဝက်ခန့် လျော့နည်းတောင်းခံထားခြင်း ဖြစ်သည်။