သာပေါင်းလယ်သမား ၄၇ဦးကို ထောင်ဒဏ်၊ ငွေဒဏ်အသီးသီး အမိန့်ချ

သာပေါင်းလယ်သမား ၄၇ဦးကို ထောင်ဒဏ်၊ ငွေဒဏ်အသီးသီး အမိန့်ချ
by -
မဇ္စျိမ

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်၊ ဂုံးမင်းကျေးရွာ အုပ်စု၊ အုန်းပင်စုမှ တောင်သူလယ်သမား ၄၇ဦးအား တိုင်း ဗဟိုလေ့ကျင့်ရေး ၆က တပ်မြေပေါ် ပိုင်နက် ကျူးလွန်မှုများ ပုဒ်မ ၄၄၇ (အိမ်ကျော်နင်းမှု/ ပိုင်နက်ကျူးလွန်မှု) ဖြင့် တရားစွဲဆိုထားခဲ့ရာ ဇန်နဝါရီ ၂၃ရက်တွင် ထောင်ဒဏ်၊ ငွေဒဏ် အသီးသီး သာပေါင်းမြို့နယ် တရားရုံးက အမိန့် ချလိုက်ပြီဖြစ်သည်။

“ကျွန်မတို ့လယ်တွေကို သိမ်းတုန်းလည်း သူတို့ပဲ၊ တပ်မတော်မှာ လယ်မြေတွေပြန်လည် စွန် ့လွှတ်တယ်ဆိုပြီး အခု ကိုယ်ပိုင်တဲ့လယ်နဲ ့ထောင်ချခံလိုက်ရတယ်၊ အိမ်ထောင်ဦးစီးတွေကို အမိန် ့ချမှတ်ခံလိုက်ရတော့ အိမ်မှာ စားဝတ်နေရေးကော သားသမီးတွေပညာရေးတွေပါ ထိခိုက်ကုန်တယ်။ မိဘ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့တယ်။ အခြားတပ်တွေက အမှုစွဲထားတာတွေကို ပြန်ရုတ်သိမ်းပေးခဲ့ပြီးပြီ။ သူတို ့တပ်ပဲ အမိန် ့ချမှတ်လိုက်တာ”ဟု ထောင်ဒဏ် ၅လ အမိန် ့ချမှတ်ခံရသူ ဦးအာစီ၏ ဇနီးဒေါ်မေလှက မဇ္စျိမကို ပြောသည်။

si-thu-mg

ယင်းကိစ္စနှင့် ပတ်သက်၍ တောင်သူများ ပုသိမ်မြို့၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင် ဇန်နဝါရီ ၂၄ရက်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လယ်သမား ၄၇ဦးအနက် လယ်ပိုင်ရှင် ၁၀ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ရာ နှစ်ဦးကို ထောင်ဒဏ် ၅လ၊ သုံးဦးကို ထောင်ဒဏ် ၄လ၊ လေးဦးကို ထောင်ဒဏ် ၃လနှင့် တစ်ဦးကို ထောင်ဒဏ် ၂လ အမိန့်ချခဲ့ခြင်း ဖြစ် သည်။ တရားစွဲဆိုခံရသည့် အခြားသူများကို ငွေဒဏ်ချမှတ်ခဲ့သည်။

ယင်းသို့ ချမှတ်သည့်အပေါ် တောင်သူများက အယူခံ ဆက်လက်ဝင်သွားမည်ဟု ဆိုသည်။

တောင်သူလယ်သမားများကို သာပေါင်းမြို့နယ် တရားရုံးတွင် ပုဒ်မ ၄၄၇ (အိမ်ကျော်နင်းမှု)နှင့် ပုဒ်မ ၄၂၇ (သူတစ်ပါး အကျိုးစီးပွား ဖျက်ဆီးမှု) တို့ဖြင့် ၂၀၁၃ခုနှစ် နှင့် ၂၀၁၄ ခုနှစ်တို့က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သာပေါင်းမြို့နယ်၊ ဂုံးမင်းကျေးရွာအုပ်စုမှ လယ်သမားများ၏ လယ်ဧက ၁၅၀၀ကျော်ကို ၁၉၉၇ နှင့် ၉၈ ခုနှစ်တို့တွင် စားနပ်ရိက္ခာ ဖူလုံရေးအတွက်ဟုဆိုကာ သိမ်းဆည်းခဲ့ပြီး ၂၀၁၁ခုနှစ်တွင် တောင်သူများ အား ပြန်လည် သီးစားချ လုပ်ကိုင်စေခြင်းဖြစ်သည်။

Most read this week