မျိုးစောင့် ဥပဒေကြမ်း နှစ်ခုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမည်

မျိုးစောင့် ဥပဒေကြမ်း နှစ်ခုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမည်
by -
မဇ္စျိမ

 မျိုးစောင့်ဥပဒေများဟု ပြည်သူကသိရှိထားသော ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်းနှစ်ခုကို ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးရန် ဆုံဖြတ်လိုက်သည်။

''ဒီဥပဒေကြမ်းကို လွှတ်တော်တင်သွင်းရန် ပြည်ထောင်စု အစိုးရအဖွဲ့ကလည်း ခွင့်ပြုပြီး ဖြစ်ပါတယ်''ဟု ပြည်ထောင်စုရှေ့နေချူပ်ရုံး ဒုတိယရှေ့နေချူပ် ဦးထွန်းထွန်းဦးက ပြောသည်။

Parliament

အမျိုးသားလွှတ်တော်က ဆွေးနွေးရန် သင့်မသင့်ကို လွှတ်တော်ကိုယ်စားလှယ်များ မတ်တပ်ရပ် မဲပေးစနစ်ဖြင့် ဆုံးဖြတ်ခဲ့ပြီး ကန့်ကွက်သူ ကိုယ်စားလှယ် ရှစ်ဦးသာရှိခဲ့သည့်အတွက် လွှတ်တော်က ဆွေးနွေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

မျိုးစောင့်ဥပဒေများဟု သိထားသည့် ဥပဒေလေးမျိုးမှာ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြား ခြင်းဆိုင်ရာ ဥပဒေကြမ်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်း၊ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် လူဦးရေးတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့် ရှောက်မှု ဥပဒေကြမ်းများဖြစ်သည်။

ဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးရန် ကန့်ကွက်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထှန်း က''လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိသည်ဆိုရင်ပြီးပြီ။ ဖောင်ပြည့်တဲ့အချိန်မှာလည်း ကြိုတ်သလို့ပေါ့။ ကိုယ်ဘယ်ဘာသာ ကိုးကွယ်တယ်ဆိုရင်လည်း မှတ်ပုံတင်မှာ ရေးပေးပါဆိုရင် ပြီးပြီ။ ဒီဥပဒေပြဋ္ဌာန်းပြီးတော့ အဆင့်ဆင့် စစ်ဆေးမှုတွေ ဘာညာလုပ်မယ်ဆိုတာက ခက်ခဲအောင် လုပ်တဲ့သဘောပေါ့''ဟု ကန့် ကွက်ရခြင်းအပေါ်ပြောသည်။

ဒုတိယရှေ့နေချုပ်က ရဟန်းပြည်သူများက ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေရေးဆွဲဲပေး ပါရန် နိုင်ငံတော် သမ္မတထံ ဆန္ဒပြုတင်ပြချက်အရ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၉၈ နဲ့အညီ ပြည်ထောင်စုလွှတ်တော်သို့ ပြဋ္ဌာန်းပေးနိုင် ပါရန် ပေးပို့တင်ပြခဲ့သည်ဟု ဆိုသည်။

ပထမအကြိမ် အမျိုးသားလွှတ်တော်တွင် ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် အဆိုပါဥပဒေကြမ်းနှစ်ခုကို အပြီးဆွေးနွေး ဆုံးဖြတ်သွားမည် ဖြစ်သည်။