သမ္မတရုံး၏ လက်ပံတောင်း သတင်းစာရှင်းပွဲ ဖြစ်ရပ်မှန်နှင့် ကွဲလွဲနေဟု ပုလဲအမတ် ပြော

သမ္မတရုံး၏ လက်ပံတောင်း သတင်းစာရှင်းပွဲ ဖြစ်ရပ်မှန်နှင့် ကွဲလွဲနေဟု ပုလဲအမတ် ပြော
by -
မဇ္စျိမ

 ယမန်နေ ့က သမ္မတရုံး ဝန်ကြီးဌာန (၆) တွင် ပြုလုပ်ခဲ့သည့် လက်ပံတောင်းဒေသတွင် အစိုးရ၏ ဆောင်ရွက် ချက်များဆိုင်ရာ သတင်းစာရှင်းပွဲမှ ရှင်းလင်းချက်များသည် အခြေအနေမှန်များနှင့် ကွဲလွဲနေသည်ဟု လက်ပံတောင်းအရေးကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ ့သည်အထိ ဖြစ်လာစေရန် လွှတ်တော်မှတစ်ဆင့် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော ပုလဲမြို့နယ် လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က မဇ္စျိမကို ပြောသည်။

“သူတို ့ရှင်းပြတဲ့အချက်တွေက ဖြစ်ရပ်မှန်တွေနဲ ့ကွဲလွဲနေတယ်၊ လုပ်ငန်းခွင်သင်တန်းအတွက် လခနဲ့ခန့်ထားတဲ့ လူငယ် ၂၀၀ က ဘေးပရောဂကြောင့် ပြန်ထွက်သွားတယ်ဆိုတာ မဟုတ်ပါဘူး၊ ဒေသခံတွေ အနေနဲ ့ မကျေနပ်ချက်တွေ၊ လိုလားချက်တွေကို လာတွေ့ပြီး ပြောပါ။ ပြေလည်တဲ့အထိ ညှိနှိုင်းဆွေးနွေးပေးပါ မယ် ဆိုတာလည်း လက်တွေ့မှာ မရှိခဲ့ပါဘူး” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်က ပြောသည်။

ဒေသခံများအလုပ်ရရေးအတွက် လူငယ် ၂၀၀ အား အော်ပရေတာ သင်တန်းတက်ရန် တစ်လ ဒေါ်လာ ၁၂၀ ဖြင့် ခန် ့ပေးချိန်တွင် ထိုသင်တန်းရှေ ့အပတ်စဉ်မှ သင်တန်းသားတို ့အား ဒေါ်လာ ၃၀၀ ဖြင့် ခန် ့ထားခြင်းအပေါ် ဒေသခံလူငယ်တို ့က လစာချင်း ကွာခြားလွန်းသဖြင့် ထပ်တိုးပေးရန် တောင်းဆိုခဲ့ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ ့ဝင်လည်း ဖြစ်သည့် ဒေါ်ခင်စန်းလှိုင်တို ့ကပါ ဝင်ရောက်ညှိနှိုင်းပေးသော်လည်း လစာ တိုးမပေးသောကြောင့် ဒေသခံများက ၎င်းတို့ကို နှိမ်သည်ဟု ခံစားရသဖြင့် ပြန်ထွက်သွားခဲ့ခြင်းသာ ဖြစ်ကြောင်း သူမက ရှင်းပြသည်။

“ဒေသခံတွေရဲ့ နာကျည်းချက်တွေကို နားလည်ပေးပြီး သည်းခံ နားထောင်သင့်တယ်၊ သူတို ့ခံစားချက်နဲ ့သူတို ့အော်ဟစ်ပြောဆိုမိတဲ့အခါ အစိုးရဘက်က တွေ ့ဆုံမှုတွေကို ဖျက်ပစ်တယ်၊ သမ္မတကိုယ်တိုင် ဖွဲ့စည်းပေးထားတဲ့ အဖွဲ့က ဒေသခံတွေရဲ့ ဆန္ဒကို ရယူဖို ့လိုတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ထောက်ပြခဲ့သည်။

၎င်းက ဆက်လက်၍  “ဒေသခံတွေဘက်က တွေ ့ပါရစေ ခွင့်တောင်းတော့လည်း သူတို ့က ဘယ်သူပဲ ၀င်လာပါ၊ ဘယ်နှစ်ယောက်ပဲ လာပါဆိုတဲ့ ကန် ့သတ်ချက်တွေ လုပ်ထားတယ်၊ တစ်နေ ့ကပဲ ၀မ်ပေါင်ကုမ္ပဏီကို ကျွန်မတို့သွားတော့ ဝင်ခွင့်မရခဲ့ဘူး၊ မြန်မာ့ စီးပွားရေးဦးပိုင်ရဲ့ ဆက်ဆံရေးအရာရှိ ဦးလှစိန်ဆိုရင် လွှတ်တော်အမတ်တွေနဲ ့ ပညာရှင်တွေကိုတောင် ရန်သူလိုဆက်ဆံတယ်၊ ဒီတော့ ဒေသခံတွေကို ဘယ်လိုဆက်ဆံမလဲ မှန်းလို့ရတယ်” ပြောသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကောမရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီက အကြံပြုချက်တွင် မပါသည့် အချိုးကျလစာ (discount salary)များ ထုတ်ပေးသည့် ကိစ္စမှာလည်း မျှတမှု မရှိသောကြောင့် လယ်သမားအများစုတို ့က လက်မခံခြင်းဖြစ် သည်ဟု သူမက ပြောသည်။

“တစ်ဧကလည်း ဒေါ်လာ ရ၀၊ ဆယ်ဧကလည်း ရ၀ ဆိုရင် ညီမျှမှုမရှိလို ့ဧကများတဲ့ လယ်သမားအများစုက မယူဘူး၊ ဒီဒေသမှာ စီမံကိန်းအတွက် ဧက ရ၈၀၀ ကျော် သိမ်းထားပြီး စိုက်ပျိုးလုပ်ကိုင်နိုင်တဲ့ ဧကက ၆၆၀၀ ကျော်ရှိတယ်၊ အသိမ်းခံရတဲ့ ရွာက ၃၃ ရွာရှိတယ်၊ ဒီ ထောက်ပံ့ကြေးယူတဲ့ ဦးရေက နည်းပါတယ်” ဟု သူမက ထောက်ပြခဲ့သည်။

“ဒေသခံတွေက ပေးတာကို မယူတာ၊ အလုပ်က ထွက်သွားတာတွေဟာ မျှတမှုမရှိလို ့ပဲ၊ အကောင်အထည်ဖော်ရေး ကော်မတီက သတင်းစာရှင်းပွဲမှာပြောသလို ဘာမှ မသိနားမလည်တဲ့ ရိုးသားတဲ့ ရွာသားတွေကို ဘေးက သွေးထိုးပေးလို ့ဆိုတာ မဟုတ်ပါဘူး၊ ဘပဲဖြစ်လာဖြစ်လာ ပြဿနာကို ပြေလည်အောင် မစဉ်းစားဘဲ ဘေးပရောဂကြောင့်ပါလို ့ပဲ မပြောသင့်ပါဘူး” ဟုလည်း သူမက ဖြည့်စွက်ပြောသည်။

နိုင်ငံတော်အဆင့် အဖွဲ ့အစည်းတစ်ခုအနေဖြင့် ယခုကဲ့သို ့လွဲမှားသော အလုပ်များ၊ အပြောများ မလုပ်သင့်ကြောင်း၊ အကယ်၍ ဘေးပရောဂ များကြောင့် ပဋိပက္ခများ ဖြစ်ရသည်ဆိုလျှင်လည်း ထိုဘေးပရောဂများကို ယခင်ကတည်းက ဦးစွာ ရှင်းလင်းသင့်ကြောင်း၊ ထိုသို့ ရှင်းလင်းပြီးမှ ဒေသခံတို ့၏ ဆန္ဒအမှန်ကို ရယူဖို ့မိမိတို့ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ သမ္မတရုံး ဝန်ကြီးဦးလှထွန်းကို ပဋိပက္ခများမဖြစ်မီကတည်းက ပြောခဲ့သော်လည်း ဆောင်ရွက်ခြင်း မရှိခဲ့ကြောင်းလည်း သူမက ထောက်ပြသည်။

“ပရောဂတွေကြောင့် အခုလို ဖြစ်ရတယ်ဆိုရင် ဒီလိုဖြစ်စေချင်လို ့ဒီ ကြိုသိနေတဲ့ ပရောဂတွေကို မွေးထားတာ လား၊ ဒီလိုလည်း မလုပ်သင့်ဘူး၊ အခုက ဒေသခံတွေက သူများသွေးထိုးလို ့လုပ်နေ သယောင် လွဲမှားတဲ့ စွပ်စွဲပြောဆိုမှုတွေဟာ ဒေသခံတွေရဲ့ စိတ်ကို ပိုပြီး နာကျည်းစေနိုင်တယ်”  ဟုလည်း ဒေါ်ခင်စန်းလှိုင် က ပြောသည်။

ထို ့ပြင် အကောင်အထည်ဖော်ရေးကော်မတီအနေဖြင့် အစိုးရမျက်နှာတစ်ခုတည်း မကြည့်သင့်ဘဲ ပြည် သူ ့မျက်နှာကိုလည်း ကြည့်သင့်ကြောင်း၊ မတရားမှု မမျှတမှုများဆောင်ရွက်နေသည့် နေရာတိုင်းတွင် ထိုမတရားမှုကို ၀င်ရောက် ကူညီဖြေရှင်းပေးလိုသည့်၊ သို ့မဟုတ် တင်းမာသည့် အခြေအနေအပေါ် အသုံးချ အမြတ်ထုတ်လိုသည့် ဘေးပရောဂများ ရှိလာမည်သာ ဖြစ်ကြောင်းနှင့် ပဋိပက္ခတို ့၏ အဓိက အကြောင်းရင်းမှာ မတရားမှု၊ မမျှတမှုများကြောင့်သာဖြစ်ကြောင်း သူမက ထောက်ပြခဲ့သည်။