တရားမဝင် သတ္တုတင် ယာဉ်များ ပြည်သူ ကိုယ်တိုင် ဖမ်းရန်စီစဉ်

တရားမဝင် သတ္တုတင် ယာဉ်များ ပြည်သူ ကိုယ်တိုင် ဖမ်းရန်စီစဉ်
by -
မဇ္စျိမ

 တရားမဝင် သတ္တု(ကျောက်)များ သယ်ဆောင်နေသည့် မော်တော်ယာဉ်များနှင့် မောင်းနှင်သူများကို အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် အစိုးရ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ ပူးပေါင်း ဖမ်းဆီးမည်ဟု နမ့်ခမ်းမြို့နယ် ဖွ့ံဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့မှ စိုင်းအောင်ဝင်းက ပြောသည်။

မြို့နယ်တဝိုက်မှ ကျောက်တင်ကားများ မောင်းနှင်သူ ကားသမား ၆၀ကျော်၊ ကျောက်တူးနေသည့် ကုမ္ပဏီများ ရပ်တန့်ရန် ဆန္ဒထုတ်ဖော်ကြသူများ အုပ်ချုပ်ေ ရးမှူးရုံးတွင် တာဝန်ရှိသူများနှင့် နမ့်ခမ်းမြို့နယ် ဖွ့ံဖြိုးတိုးတက်ရေး အထောက် အကူပြု အဖွဲ့၊ ရှမ်းနိုင်ငံရေး ပါတီ၂ခု တို့က ဒီဇင်ဘာ ၁၉ရက်တွင် ရှမ်းပြည်နယ်   မြောက်ပိုင်း နမ့်ခမ်းမြို့၌ ပထမဆုံး အကြိမ် တွေ့ဆုံစဉ် သတိပေးလိုက်ခြင်း ဖြစ်သည်။

"တူးနေတဲ့ ကုမ္ပဏီတွေက ကျောက်တွေကို လမ်းကြောင်း ပြောင်းပြီးတော့ တောင်ပေါ် ကနေပဲ မူဆယ် အရောက် လမ်းကြောင်း အသစ်တွေနဲ့ လုပ်နေတော့ ကျွန်တော်တို့ တားလို့ မနိုင်ဘူး။ ဒါပေမဲ့ မြို့ပေါ်နဲ့ မြို့နယ် တစ်ဝိုက်မှာ တင်တဲ့ ကားမှန် သမျှကို မြင်တာနဲ့ ဖမ်းမယ်လို့ သတိပေး လိုက်ပါတယ်။ တူးနေတဲ့ ကုမ္ပဏီတွေကိုလဲ ထာဝရ ပိတ်သိမ်းဖို့ သမ္မတ ဆီကို စာပို့ထား ပါတယ်" ဟု စိုင်းအောင်ဝင်း က ပြောသည်။

ဖမ်းဆီနိုင်ရန် နမ့်ခမ်းမြို့နယ် အတွင်း ကျေးရွာ များတွင် ကော်မတီများ ဖွဲ့စည်း ထားပြီး ဖြစ်ကာ ယခုနှစ်အတွင်း ကျောက်သယ် ယာဉ်မောင်း တစ်ဦးကိုဖမ်းဆီး တရားစွဲထားသည်ဟုဆိုသည်။

အဆိုပါ ဒေသတွင် ၂၀၁၂ခုနှစ်မှ စတင်၍ ဒေသခံ ပြည်သူ့စစ်အဖွဲ့ တခု၏ ကုမ္ပဏီ အပါအဝင် ပုဂ္ဂလိက ကုမ္ပဏီ ၅ခုတို့က စီလီကွန် ကျောက်များကို တူးဖော်နေခြင်း ဖြစ်သည်။ ယင်းကြောင့် မြေယာ ပျက်ဆီး ဆုံးရှုံး မှုများ၊ သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးမှု များရှိနေ၍ ကန့်ကွက် ကြရာတွင် ရှမ်းပြည်နယ် သစ်တောနှင့် သတ္တူဝန်ကြီး လာရောက်၍ ရပ်တန့်ရန် ညွှန်ကြားထားသော်လည်း ကုမ္ပဏီ အချို့က ဆက်တူး နေသည် ဟု ဒေသခံတို့ ကဆိုသည်။