ဒီဇင်ဘာ ၁၆ ရက်နေ့က လှိုင်သာယာစက်မှုဇုန် (၁) တွင် ဖြစ်ပွားခဲ့သည့် ဝါဝါဝင်းကုမ္ပဏီနှင့် ကျူးကျော်နေ ထိုင်သူတို့အကြား ပဋိပက္ခတွင် လူမိုက်ငှားရှင်းလင်းခြင်းမပြု လုပ်ခဲ့ကြောင်း ဝါဝါဝင်းကုမ္ပဏီ၊ Marketing Manager ဒေါ်မိုးမိုးမြင့်က ဒီဇင်ဘာ ၂၁ ရက်တွင် ငြင်းဆို လိုက်သည်။
လသာမြို့နယ်ရှိ ဝါဝါဝင်းတာဝါရုံးခန်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်မိုးမိုးမြင့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး လူမိုက်ငှားခြင်းသာမက အုပ်ချုပ်ရေးတာဝန်ရှိသူများကိုပါ လာဘ် ပေးလာဘ်ယူ ပြုလုပ်ထားခြင်းလည်း မရှိကြောင်း ၎င်းကဆိုသည်။
“အလုပ်သမားငှားပြီး ရှင်းလိုက်တာဖြစ်ပါတယ်။ ရှင်းတဲ့ကာလကို ခုနစ်ရက်နဲ့ ၁၀ ရက်ကြား တွက်ပြီး တစ် နေ့ဘယ်လောက်ပိုက်ဆံသုံးမလဲဆိုပြီး တွက်လိုက်တယ်။ ၁၄ ရက်နေ့မှာဆုံးဖြတ်တယ်။ ၁၅ ရက်နေ့မှာ အသိပေးတာတွေလုပ်ပြီး ၁၆ ရက်နေ့မှာ ရှင်းလင်းတာကိုလုပ်လိုက်တယ်။ လုပ်လိုက်တဲ့ အခါမှာ ပြဿနာလေး တွေ တက်သွားတယ်။
အလုပ်သမားတွေကို နဂိုကတည်းက ပြောထားတာက တဲဖျက်ဖို့ပဲ၊ လူသတ်ဖို့ မဟုတ်ဘူး လူရိုက်ဖို့မဟုတ် ဘူး၊ သွေးထွက်သံယိုဖြစ်ဖို့ မဟုတ်ဘူး၊ ပဋိပက္ခဖြစ်ဖို့ မဟုတ်ဘူး။ လာကျူးနေတဲ့တဲကို ဖျက်ပေးရုံပဲ။ အဲလို ထိန်းချုပ်ပြီးမှ ခိုင်းတာဖြစ်တယ်” ဟု ဒေါ်မိုးမိုးမြင့်က ရှင်းလင်းသည်။
ပြဿနာ ဖြစ်ပွားခဲ့သော မြေနေရာမှာ ၀ါ၀ါ၀င်းပိုင် မြေများထဲမှ မြေကွက် ၄၀၀ ခန့်ကို မြစိမ်းရောင် ကုမ္ပဏီထံ ခွဲထုတ် ရောင်းချထား သည့်နေရာဖြစ်သည်။
ထိုမြေများ၏မူလပိုင်ရှင်များမှာ လယ်သမားများဖြစ်ပြီး ငွေကြေးပေးလျော်မှုများ ပြုလုပ်ထားသည်ဟု ၀ါ၀ါ ၀င်းကုမ္ပဏီ၏ အဆိုအရသိရသည်။ ထိုနေရာတွင် ကျူးကျော်နေထိုင်သူများမှာ တစ်လအတွင်း အဆမတန် များပြားလာခြင်းကြောင့် ပျံကျအလုပ်သမား ၃၀၀ ခန့်ကို ငှားရမ်းရှင်း လင်းရခြင်းဖြစ်သည်ဟု ၎င်းကဆို သည်။
ပဋိပက္ခတွင် ဒဏ်ရာရရှိသူ ၃၀ ကျော် ရှိပြီး နှစ်ဦးမှာ စိုးရိမ်ရသည်ဟု ကျူးကျော် နေထိုင်သူများထံမှ သိရ သည်။ တဲများကို ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီခန့် တွင် စတင်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး တဲလေးလုံး မီး လောင်မှုဖြစ်ပွားခဲ့သည်။