ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရမှုကို စစ်ဆေးသည့် တရားသူကြီး ဘက်လိုက်မှုရှိဟုဆိုကာ ဆန္ဒပြ

ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရမှုကို စစ်ဆေးသည့် တရားသူကြီး ဘက်လိုက်မှုရှိဟုဆိုကာ ဆန္ဒပြ
by -
မဇ္စျိမ

 အလွတ်တန်း သတင်းထောက် ကိုပါကြီး အသတ်ခံရမှု အမှုမှန်ပေါ်ရေး ဆန္ဒပြသူအား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုကာ မန္တလေးတိုင်း၊ အောင်မြေသာစံ တရားရုံးတွင် စစ်ဆေးရာ တရားသူကြီးက အမှုစစ်ရာတွင် ဘက်လိုက်မှု ရှိသည်ဟုဆိုကာ ဒီဇင်ဘာလ ၁၅ ရက်နေ့က မန္တလေးမြို့၊ ၈၆ လမ်းအတိုင်း  ၂၆ လမ်းမှ ၁၆ လမ်းအထိ အင်အား ၁၁ ဦးဖြင့် ဆန္ဒပြခဲ့သည်။

"ကျွန်တော် ပုဒ်မ ၁၈ နဲ့ အမှုရင်ဆိုင်နေရတယ်။ အဲဒီလို ရင်ဆိုင်နေချိန်မှာ ကျွန်တော့်ဘက်က လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေက ကျန်းမာရေးအရ ခွင့်တင်တာမရဘူး။ အဲဒီနေ့က ရှေ့နေမလာနိုင်ဘဲ ကျွန်တော့်ကို ရှေ့နေမပါဘဲ စစ်ဆေးခဲ့တယ်။ ဒါတွေဟာ ဘက်လိုက်ပြီးလုပ်နေတယ်" ဟု ဆန္ဒပြမှုကို ဦးဆောင်သူ၊ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို အမှုရင်ဆိုင်နေရသူ MDCF မှ ကိုသိန်းအောင်မြင့်ကမဇ္ဈိမ ကို ပြောသည်။

Ko-Par-Gyi-Bereavement-Demonstration-Mandalay

ကိုပါကြီးအသတ်ခံရမှုနှင့် ပတ်သက်၍ အမှုမှန်ဖော်ထုတ်ပေးရန် နိုင်ငံရေးအင်အားစုများက အောက်တိုဘာလ ၂၇ ရက်နှင့် နိုဝင်ဘာ ၄ ရက်တို့၌ ဆန္ဒပြရာ အောက်တိုဘာ ၂၇ ရက်က ဆန္ဒပြရာတွင် ပါဝင်သူ ကိုသိန်းအောင်မြင့်ကို အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့က ပုဒ်မ ၁၈ ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၁၈ဖြင့် တရားစွဲခံရသည့် ကိုသိန်းအောင်မြင့်၏ ဒီဇင်ဘာလ ၁၅ ရက် ရုံးချိန်း အပါအဝင် ရ ချိန်းမြောက် ရင်ဆိုင်နေရသည်ဟု ၎င်းက ဆိုသည်။

ဆန္ဒပြသူများသည် ကိုပါကြီး အသတ်ခံရမှု ဖေါ်ထုတ်ပေး၊ ပြစ်မှုကျူးလွန်သူများ အရေးယူပေး၊ မင်းမဲ့စရိုက်ပပျောက်ရေး၊ နိုင်ငံသား အခွင့်ရေးရရှိရေး၊ တရားဥပဒေစိုးမိုးရေး ဒို့အရေးနှင့် အဓမ္မဝါဒီ အလိုမရှိ၊ ဘက်လိုက်သောတရားသူကြီး အလိုမရှိ ဟူ၍ ကြွေးကြော်ခဲ့ကြသည်။

Most read this week