ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်း၌ ခွဲစိတ်လူနာ ၃၀၀ ကျော်ထားရှိနိုင်မည့် ငါးထပ်ပါ ခွဲစိတ်ကုသဆောင် သစ်ကြီး ဒီဇင်ဘာလကုန်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး စီမံရေးရာဌာန၊ အ ရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ဌာနမှူး ဆေးရုံအုပ် ဒေါက်တာ ပပ က မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် အဆိုပါ ငါးထပ်ဆောင်မှာ ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီး ခွဲစိတ်ကုသဆောင်ပစ္စည်း ကိရိယာ များ တပ်ဆင်ရန်သာ ကျန်ရှိတော့သည်ဟု ၎င်းက ဆိုသည်။
ဒေါက်တာပပက “ခွဲစိတ်လူနာတွေ သီးသန့်ထားမယ့် အဆောင်ပါ။ ဒီဇင်ဘာလ ကုန်မှာ ဖွင့်ပွဲလုပ်ပါ မယ်” ဟု ပြောသည်။
အဆိုပါ ငါးထပ်ဆောင်ကို ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဘတ်ဂျက်ထဲမှ ငွေကျပ် ၃,၀၀၀ သန်းခန့် အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ပထမထပ်တွင် ပြင်ပလူနာဌာနနှင့် ဆေးပစ္စည်းဝယ် ကောင်တာ၊ ဒုတိယထပ်မှ စတုတ္ထထပ်အထိ ခွဲစိတ်လူနာဆောင်၊ ပ ဉ္စမထပ်တွင် ဆေးရုံသုံးပစ္စည်း ခွဲစိတ် ကုပစ္စည်း ကိရိယာဆောင်ဖြစ်သည်။ အဆောင်သစ်၏ ပထမထပ်မှ စတုတ္ထထပ်အထိ တစ်ထပ်လျှင် လူနာ ၈၀ ခန့်ထားရှိမည်ဖြစ်ပြီး စုစုပေါင်း ခွဲစိတ်လူနာ ၃၂၀ ခန့်ကို ကုသနိုင်မည် ဖြစ်သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်မှု ရန်ပုံငွေရှာဖွေရေး ကော်မတီဝင် ဒေါက်တာတင်မျိုးဝင်းက “ခွဲစိတ်ကုသဆောင် တစ်ခုမှာ အသုံးပြုမယ့် အသေးစား ပစ္စည်းလေးကအစ သန့်ရှင်းပြီး အရည်အသွေးမီဖို့ စံချိန်စံညွှန်းမီဖို့ လိုပါတယ်။ စံချိန်စံညွှန်းမီတဲ့ ပစ္စည်းကိရိယာတွေပဲ တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။
အဆောက်အအုံပိုင်းရဲ့ အပြင်ပန်းပြီးရင် အရေးကြီးဆုံးက ခွဲစိတ်ဆရာဝန်ရဲ့ကျွမ်းကျင်မှု အပိုင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီအပိုင်း မှာ သေချာဖြည့်ဆည်းနိုင်ဖို့ အရေးကြီးဆုံးပါပဲ” ဟု မှတ်ချက်ပြုသည်။ အဆိုပါ ငါးထပ် အဆောင်သစ်တွင် ရန်ကုန်ဆေးရုံကြီး ပင်မဆောင်မှ လူနာ ၃၀၀ ကို ပြောင်းရွှေ့ပေးသွားမည် ဖြစ်သည်။
ငါးထပ်ခွဲစိတ်ကုသဆောင်သစ်ကြီးကို ၂၀၁၄ ခုနှစ် နှစ်စက စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန် ဆေးရုံကြီးကို ရှေးမူမပျက် အကြီးစား ပြင်ဆင်မှုများကို တင်ဒါအောင် MIEC ကုမ္ပဏီက ဆောက်လုပ်နေပြီး ပင်မဆေးရုံ ကြီး၏ အရှေ့ဘက်ခြမ်း မြေညီထပ်နှင့် ပထမထပ်တို့ကို နိုဝင်ဘာလမှစတင် ပြုပြင်လျက်ရှိ သည်။ ထိုသို့ ပြုပြင်ရာတွင် အဆောက်အအုံစံ ထိန်းသိမ်းရေးအဖွဲ့များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံဆရာ ၀န်အသင်းတို့က ရှေးမူမပျက်စေရန် အနီးကပ်လေ့လား ပြုပြင်လမ်းညွှန်မှုပေးနေပြီး ထိုပင်မဆောင်ကြီးကို အကြီးစား ပြင်ဆင်မှုများကို ၂၀၁၅ ခုနှစ်၊ မတ်လလယ်တွင် ပြီးစီးအောင် ပြုပြင်နေသည်ဟု ဒေါက်တာ ပပထံမှ သိရသည်။
ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ်နှင့် ပြင်ပလူနာဌာန၌Digital X-ray စက် တပ်ဆင်ပြီးစီးမှု၊ လူနာစောင့်ကြည့် ကုသခန်း တွင် ဆေးကုသခံယူမှုနှင့် ခွဲစိတ်ခန်းသုံးပစ္စည်းများ အသုံးပြုမှုတို့ကို သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဒီဇင်ဘာလ ၆ ရက်က စစ်ဆေးခဲ့ကြောင်း၊ အရေးပေါ် နှင့် ထိခိုက် ဒဏ်ရာ ကုဌာန၊PACS Server Room? 128 Slice CT Scan စက်၊ ဓာတ်မှန်ဌာန၊om-puted Radiography Room၊ Radiologists Reading Room များ၌Digital နည်းပညာ သုံးနိုင်မည် ဖြစ်သည်။