အစိုးရ ဝန်ကြီးဌာနများ၏ အောက်ခြေ ဝန်ထမ်းများကို လာမည့်နှစ်တွင် အိမ်ခန်းပေါင်း ၁၅၀၀၀ ခန့် တည်ဆောက်ကာ အရစ်ကျ စနစ်ဖြင့် ရောင်းချပေး သွားမည်ဟု နေပြည်တော် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိ တစ်ဦးက ဒီဇင်္ဘာလ ၁၀ရက်နေ့တွင် ပြောသည်။
“လာမည့်နှစ် ဘတ်ဂျက်မှာ တည်ဆောက် ပေးမှာပါ။ လိုတဲ့ငွေက ကျပ် ၁၇၅ ဘီလီယံ လောက်လိုတယ်။ သက်ဆိုင်ရာ တိုင်းပြည်နယ် မှာရှိတဲ့ ဝန်ထမ်း တွေအ တွက်တည်ဆောက်ပေး မှာပါ။နောက်ဆက် ပြီးတော့လည်း ဖြည့်ဆည်းပေးဦးမှာပါ။ ပင်စင်သွား တဲ့အခါ မှာလည်း နေလို့ရအောင် စီမံပေးတာပါ” ဟုအဆင့်မြင့် အရာရှိက ဆက်ပြောသည်။
အောက်ခြေ ဝန်ထမ်းများ အားလုံးကို ရောင်းချပေး နိုင်ရန် ဆိုလျှင် အိမ်းခန်းပေါင်း ရှစ်သိန်း နည်းပါးအထိ ဆောက်လုပ် ပေးရမည် ဖြစ်သည်။
အဆိုပါ အိမ်းခန်းများကို အဆင့်မြင့် အရာရှိ (အရာထမ်း)များကို လုံးဝရောင်း ချပေးမည် မဟုတ်ဘဲ အောက်ခြေ ဝန်ထမ်း(အမှုထမ်း)များကိုသာနှစ် ရှည်ရောင်း ချပေးမည် ဖြစ်သည်။ အဆိုပါ အိမ်းခန်းသည် ပထမအဆင့် ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် တိုင်းနှင့်ပြည်နယ်၊ နေပြည်တော်ကောင်စီ အပါအဝင် အချိုးကျ စနစ်ဖြင့် ရောင်းချပေး မည်ဖြစ်သည်။
နှစ်စဉ် အိမ်ယာများကို သက်ဆိုင်ရာတိုင်း ဒေသကြီး၊ ပြည်နယ်များနှင့် နေပြည်တော် ကောင်စီများရှိ မြေနေရာ များတွင် ဆောက်လုပ်ပေးမည့် နှစ်ရှည် စီမံ ကိန်း ဖြစ်သည်။ နောင်တွင် ဝန်ထမ်း များအတွက် ရောင်းချပေးသည့် အိမ်ယာ စီမံကိန်းများ တည်ဆောက်ရာတွင် ပြည်ထောင်စု ဝန်ကြီးဌာန ဘတ်ဂျက်မှ ငါးဆယ်ရာ ခိုင်းနှုန်း ပါ၀င်ပြီး တိုင်းနှင့်ပြည်နယ် များ၏ ဘတ်ဂျက်လည်း ထည့်ဝင်ပေး ရမည်ဟုဆိုသည်။
“အောက်ခြေ ၀န်ထမ်း လစာရဲ့ သုံးဆယ် ရာခိုင်းနှုန်းက အိမ်အတွက် ဖြတ်မယ်။ တွက်လိုက်တော့ သုံးရာခိုင်း နှုန်းထက် ပိုနေပြီးတော့ ပေးရတာ တွေရှိမယ်။ ဒီအနေ အထားပေါ်မှု တည်ပြီးတော့မှ လုပ်ရမှာ ရှိပါတယ်”ဟု အဆင့်မြင့် အရာရှိက ပြောသည်။
နှစ်ရှည်အရစ် ကျစနစ် ဟုသာ ပြောဆိုနိုင်ပြီး မည်သည့် ကာလအတွင်း အရစ်ကျငွေကို အကြေပေး သွင်းရမည်ကို တိကျသော သတ်မှတ်ချက်ကို မဆုံးဖြတ် ရသေးဘူး ဟုဆိုသည်။
အဆိုပါ အိမ်းခန်းပေါင်း ၁၅၀၀၀ ခန့် ဆောက်လုပ် ရန်အတွက် လိုအပ်သည့် ဘတ်ဂျက်ငွေ ကျပ် ၁၇၅ ဘီလီယံ ၂၀၁၅ ခုနှစ်နှစ်ဆန်း ဘတ်ဂျက်တွင် တောင်း ခံပြီး တည်ဆောက်သွား မည်ဖြစ်သည်။
အဆိုပါ အိမ်ယာများ အတွက် ဝယ်ယူရန် စိတ်ဝင်စားသည့် အောက်ခြေ ဝန်ထမ်းများ အနေဖြင့် လျှောက်လွှာ ဖြည့်ဆည်းခြင်းကို စတင် ပြုလုပ်နိုင်ပြီး တစ်နိုင်ငံ လုံး အတိုင်း အတာဖြင့် စာရင်းကောက် ခံမှုများ ပြုလုပ်နေ သည်ဟုဆိုသည်။
လက်ရှိမြန်မာနိုင်ငံတွင် တိုင်းနှင့်ပြည်နယ်များအပါအဝင် အဆင့်မြင့်အရာရှိ (အရာထမ်း)ဝန်ထမ်းစုစုပေါင်း တစ်သိန်းကျော်ရှိပြီး အောက်ခြေ ဝန်ထမ်းစုစုပေါင်း ရှစ်သိန်းကျော်အထိ ရှိသည်ဟုသိရသည်။