တောင်ကြီးမြို့တွင် တရားမဝင် ဖွင့်လှစ်ထားသော ငါးမန်းဂိမ်း (ခ) ငွေအကြွေစေ့ဖြင့် လောင်းကစားမှု ပြု လုပ်နေသည့် ဆိုင်များကို မြို့နယ်အဆင့်က လျစ်လျူရှုထားကြောင်း ရှောင်တခင် စစ်ဆေးတွေ့ရှိပါက ၎င်းတို့ကို ပါအရေးယူမည်ဟု ရှမ်းပြည်နယ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲမှူးကြီး ဝင်းထွန်းက မဇ္ဈိမကို ပြောသည်။
“မြို့နယ်က ဖမ်းရပါမယ်။ ပြည်နယ်၊ ခရိုင်အဆင့်က ဆင်းဖမ်းလို့တွေ့ရင် မြို့နယ်က တာဝန်ရှိသူတွေကိုပါ အရေးယူမှာပါ” ဟု ရဲမှူးကြီး ဝင်းထွန်းက ပြောသည်။
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးကပြုစုထားသော စာရင်းအရ တောင်ကြီးမြို့ပေါ် (၂၂) ရပ်ကွက်တွင် ဂိမ်းဆိုင် ပေါင်း ၄၀ ကျော်ရှိနေသည်ဟု ပြည် နယ်ရဲမှူးကြီးက ဆိုသည်။
“ဒါတွေက တရားဝင်ပေးဖွင့်ထားတဲ့ လောင်းကစားဂိမ်းဆိုင်တွေလို ဖြစ်နေပြီ၊ လူကြီးတွေရော၊ လူငယ်တွေပါ စာရိတ္တပျက်ပြား ကုန်ပြီး တော်တော်ဒုက္ခရောက်နေကြတယ်” ဟု ပြောသည်။
“ဆိုင်ကယ်ပေါင်၊ ဖုန်းပေါင်နဲ့” ဟု တောင်ကြီးခရိုင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မောင်တိုး က ပြောသည်။
အကြွေစေ့ဖြင့်ဆော့ကစားရသည့် ဂိမ်းဆိုင်ဖွင့်လှစ်ထားသော အမည်မဖော်လိုသူ ပိုင်ရှင်တစ်ဦးက အဖွဲ့အစည်းပေါင်းစုံကို အခကြေးငွေပေး၍ ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု မဇ္ဈိမကို ထုတ်ဖော်ပြောဆို သည်။